Part 11

3K 252 4
                                    

At Dream Hotel......

"ချားစ် ပြီးပြီလားသမီး ပြီးရင်အပေါ်တက်လာခဲ့တော့daddyမိတ်ဆွေတွေရောက်နေပြီ။ ပွဲကစတော့မယ်"

"ဟုတ် daddyပြီးပါပြီ ခနလေးပါ သမီးမိတ်ကပ်လိမ်းနေတာပြီးတာနဲ့လာခဲ့မယ်ok?

"ဟူးးးး"

မှန်ထဲမှာပေါ်နေသော ကိုယ့်ပုံရိပ်ကိုသေချာပြန်ကြည့်ရင်း သက်ပြင်းချမိသည်။
မြင်နေရတဲ့ပုံရိပ်က ဟန်နီမဟုတ်တော့ပဲ
အကောင်းဆုံးဆိုတဲ့အရာတွေကိုဝတ်ဆင်ဖြီးလိမ်းထားပြီး စျေးအကြီးဆုံးဆိုတဲ့အရာတွေကိုဆင်မြန်းထားတဲ့ တစ်ကယ့်
Charles Andersonအဖြစ်ရှိနေတာကိုး.

ခနပဲသည်းခံလိုက်ချားစ် ခနပဲ နောက်နှစ်နာရီကြာရင် ငါအိမ်ပြန်ရောက်မယ် အိမ်မှာနန်းနဲ့ထမင်းတူတူစားမယ် ပီးရင် အညောင်းပြေ အညာပြေ ခနစကားထိုင်ပြောကြမယ် ပြီးရင် နန်းမျက်နာလေးကြည့်ပြီးအိပ်မယ် ok နှစ်နာရီပဲသည်းခံလိုက်ရအောင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟဲ့" နန်းဘာတွေလုပ်နေတာလဲ တစ်ယောက်ထဲလား ဟန်နီရော"

"စောင်လ​ျှော်နေတာလေ နင်မမြင်ဘူးလား
ပိတ်ရက်လ​ျှော်ထားလိုက်ပြီးမနက်ထုတ်လှမ်းထားလိုက်မယ်ငါမနေ့ကအလုပ်တွေများနေလို့မလ​ျှော်ဖြစ်လို့ ဟန်နီကတော့ သူ့ရန်ကုန်ကအမျိုးတွေဆီသွားလည်တယ်လေ ကောင်းပါတယ် သူ့မှာ့ကမှလည်စရာအမျိုးရှိသေးတယ် ငါတို့မှာတော့ ဝေးနေတော့ပြန်ချင်တာတောင်မပြန်ရ။ ဒီတစ်ခေါက်တော့ပြန်ဖြစ်အောင်ကိုပြန်အုံးမယ် ဒေါ်လေးလဲphဆက်ရင်ချောင်းတစ်ဟွပ်ဟွပ်နဲ့ စိတ်မချဘူးဟာ"

"အေးလေ ငါလဲငါ့အမေကိုသတိရတယ်
ဒီတစ်ခါ အစိုးရ ရုံးပိတ်ရက်ကျရင်အလည်ပြန်ကြမလား"

"လုပ်လိုက်လေ ကြာသလားလို့
ငါလဲနယ်လွမ်းနေတာ ဟိုဟာမနှစ်ယောက်ကတော့ သူတို့ရဲ့သင်တန်းတွေ
ကျူရှင်တွေနဲ့ လိုက်မှာမဟုတ်ဘူး ငါတို့ပဲ
ပြန်ကြတာပေါ့..."

~~~~~~~~~~~~~~~~~~~~~~~~~~~

At Night....

"Stop Stop Here!!!!!!!ကားကိုအဲ့ရှေ့နားမှာပဲရပ်လိုက်
"

"ဘာဖြစ်လို့လဲ Sweety ??
Daddy အိမ်ရှေ့ထိလိုက်ပို့ပေးမယ်လေ
သမီးဒီကနေလမ်းဆင်းလျှောက်နေရအုံးမယ်"

 Only Love You ...Where stories live. Discover now