S2--3

3.4K 239 18
                                    

နန်း ဟန်နီ့အခန်းထဲကထွက်လာပြီးကိုယ့်အခန်းထဲရောက်တဲ့အထိတောင်ရင်ခုန်တာကမပျောက်။ အခုမှ စအနမ်းခံဖူးတဲ့လူလဲမဟုတ် ကောင်း နဲ့လဲနမ်းဖူးတာပဲ
ဒါပေမယ့်တစ်ခါမှဒီလိုမဖြစ်ဖူးဘူး။ မိန်းကလေးတစ်ယောက်နမ်းတာကိုရင်ခုန်ရတယ်လို့ ဘုရားရေ ငါဟန်နီ့ကိုများစိတ်ဝင်စားနေတာလား....ဟာမဖြစ်နိုင်တာမဟုတ်ပါဘူး မဟုတ်ဘူး မဖြစ်ရဘူးနန်း........နင်ဟန်နီ့ကိုလုံးဝစိတ်မဝင်စားရဘူး ငါကမကြာခင်လက်ထပ်တော့မယ့်လူ
ဟုတ်တယ် ငါသူ့ကိုခွဲစိတ်အောင်ပဲပြောရမယ် ဒါငါ့အလုပ်ပဲ....အဆောင်ကလူတွေကိုလဲအဆင်ပြေကြောင်းလှမ်းပြောအုံးမှ.

Ring.....Ring.....Ring.......

"Hello "

"သဇင်...ငါပါနန်း"

"အမလေး နန်း စာမလာသတင်းမကြားနဲ့ငါနင့်ကိုစိတ်ပူနေတာ ဘယ်လိုလဲအခြေအနေ အဆင်ပြေလား"

"မပြောချင်တော့ပါဘူးဟယ် အခြေအနေကထင်ထားသလောက်မလွယ်ဘူး"

"ဟင် အဲ့ဒါဘာစကားလဲ ခုဘာဖြစ်နေလို့လဲ ငါ့ကိုသေချာပြောပြစမ်းပါ သိချင်လွန်းလို့သေတော့မယ်"

"ဟန်နီကိုခွဲစိတ်အောင်နားချဖို့ကထင်သလောက်မလွယ်နိုင်ဘူးဟ သူကငါတို့ထင်ထားတာထက်အများကြီးပိုဆိုးနေတာ ငါတို့နဲ့နေတုန်းကထက်အများကြီးကိုပြောင်းလဲသွားတာ သူငါ့ကိုဆက်ဆံတာလဲအရင်လိုမဟုတ်ဘူး အရမ်းဆိုးနေတယ် ငါလဲမပြောတတ်တော့ဘူး ငါ့ကိုတွေ့တွေ့ချင်းအိမ်ပေါ်ကနှင်ချတယ်လေ"

"ဟယ် ဟုတ်လား သူတစ်ချိန်က ချစ်ခဲ့တဲ့နင့်ကိုအဲ့လိုဆက်ဆံတယ်ဆိုရင်တော့ သူတော်တော်ဆိုးနေတာနေမှာ"

"အဲဲဒါတင်မကသေးဘူး သူ့ငါ့ကို...."

နန်းပြောရမယ့်စကားတန့်သွားသည်။
ဒါကိုပြောပြလိုက်ရင်ကောင်းမလား
မပြောပြတော့ပါဘူးရှက်စရာကြီး.....

"ဟဲ့ နန်းဘာဖြစ်လဲ သူနင့်ကို.."

"ဟမ်  အော်...သူငါ့ကိုမချစ်တော့ဘူးလို့ပြောတာပါ သူငါ့ကိုအမုန်းကြီးမုန်းနေတာ နောက်ပြီးသူ့မှာချစ်သူရှိနေပြီလေ
သူကအရင်လိုချစ်စရာကောင်းပြီးရိုးသားတဲ့ကောင်မလေးမဟုတ်တော့ဘူး..ဆွဲဆောင်မှုရှိပြီးအရိုင်းဆန်တဲ့မိန်းမဖြစ်နေပြီ"

 Only Love You ...Where stories live. Discover now