S2--1

3.5K 221 22
                                    

"နေခြည် နေခြည် အဆင်သင့်ဖြစ်ပြီလားငါပြီးပြီနော် သွားမယ်"

"အေးပါ ခနလေး ငါစာရွက်စာတမ်းတွေစုနေလို့ခနလေး"

"ညထဲကသေချာမထည့်ထားဘူးခုကျမှဖုတ်ပူမီးတိုက်နဲ့ "

"ဘာတွေဖြစ်နေကြတာလဲနန်း နင်တို့နှစ်ယောက်မနက်ထဲက ဆူညံနေတာ"

"ဘာဖြစ်ရမှာလဲ အလုပ်သွားလျှောက်ဖို့လေ သူမပြီးသေးလို့"

ဘွဲ့တွေကိုယ်စီရကြပြီဆိုတော့ အတည်တကျအလုပ်လေးတစ်ခုတော့သေချာရှာပြီးလုပ်မည်ဟုကျွန်မတို့ဆုံးဖြတ်ထားကြသည်။အချိန်ပိုင်းအလုပ်တွေနဲ့တော့ရှေ့ဆက်သွားဖို့အဆင်မပြေ စုမိဆောင်းမိတာလေးလဲရှိအုံးမှ။နေခြည်နဲ့ကျွန်မကတော့အလုပ်လေးအတည်တကျရှာပြီးလုပ်မည်။သဇင်အေးကတော့နောက်ထပ်ဘွဲ့တစ်ခုထပ်ယူအုံးမယ်လို့တော့ကြားသည်။ ဆုပြည့်က​တော့ဘဏ်တစ်ခုမှာအကပ်နဲ့အလုပ်ရသွားသည်။အားလုံးရဲ့အကြောင်းတွေစဥ်းစားနေရင်းနဲ့မထင်မှတ်ပဲနန်း.ဟန်နီ့ကိုသတိရသွားသည်။ နင်အဆင်ရောပြေရဲ့လား..ဟန်နီ

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆေးထိုးအပ်ကိုလက်အကြောထဲကိုထိုးသွင်းလိုက်ရတဲ့အခိုက်အတန့်ကနဲနဲနာသော်လဲ နာစမ်းပါစေ...ခနနေရင်သူမဒီထက်ကောင်းတာတွေရတော့မှာ ခနနေရင်နတ်ပြည်ရောက်သလိုခံစားရတော့မှာ
ဒီလောက်နာကျင်မှုကတော့အရေထူနေပြီ။

သာယာမှုကိုစောင့်ဆိုင်းနေခိုက်ပါးစပ်ကလဲဆေးလိပ်ကိုဖွာလိုက်သေးသည်။ သူမဆေးလိပ်ဖွာရတာအရမ်းကြိုက်သည်။ဆေးလိပ်ငွေ့တွေနဲ့အတူ စိတ်ညစ်စရာတွေပါသွားသည်ဟုခံစားရလို့။ဘေးနားမှာချက်စကာ က လည်ပင်းကိုနမ်းလိုက်ရင်ဘတ်ကိုနမ်းလိုက်နဲ့ပွတ်သီးပွတ်သပ်လာလုပ်နေတာကိုခံစားမိသော်လဲ စိတ်ထဲမှာသတိရနေတဲ့လူကတစ်ယောက်ထဲသာ.
ပြီးခဲ့သည့်2နှစ်လုံးသူ့ကိုသတိမရမိအောင်
မကောင်းတာမှန်သမျှအကုန်လုပ်ရင်းမေ့ဖျောက်ထားမိသည်။အခုတော့သူမ ဒီလိုဘဝကြီးကလွတ်မြောက်တော့မယ်လေ
သေလောက်တဲ့ရောဂါကြီးကိုလက်ဆောင်အဖြစ်ရထားပြီးပြီပဲ။ သေမယ့်ရက်ကိုလက်ချိုးရေပြီးထိုင်စောင့်နေရုံသာ။

 Only Love You ...Where stories live. Discover now