ʟɪғᴇᴛɪᴍᴇ -1

23.7K 1.3K 53
                                    

ᴢᴀᴡɢʏɪ

"ဘယ်လဲရှောင်းကျန့်"

ဧပရွန်ဆွဲချွတ်ရင်း အလောတကြီး ထပြေးတဲ့ ရှောင်းကျန့်ကို လျို့ပင်းက မေးငေါ့ရင်း လှမ်းမေးလာတော့။

"ရိပေါ် ထပ်ပြီးရန်ဖြစ်လို့တဲ့ အစ်ကိုပင်း! ကျွန်တော် ညနေပိုင်းမဆင်းဖြစ်လောက်တော့ဘူး"

စိုးရိမ်စိတ်နဲ့ လောကြီးနေတဲ့ ရှောင်းကျန့်ဟာ လျို့ပင်းဘက်တောင် ခေါင်းလေးလှည့်ပြီး ဖြေမအား။ အခုချိန် သူ့အာရုံအလုံးစုံက ဝမ်ရိပေါ်တစ်ယောက်တည်းဆီမှာ။

လျို့ပင်းတစ်ယောက် ခေါင်းကိုသာ ရမ်းခါပြီး calculator ဆက်နှိပ်နေလိုက်တယ်။ ဒါက ရိုးအီနေတဲ့ ဖြစ်စဉ်ပဲ။

ရှောင်းကျန့်က ပီဇာဆိုင်က အချိန်ပိုင်း အလုပ်သမားလေးတစ်ယောက်။ လျို့ပင်းဆိုတာ အစ်ကိုလိုခင်တွယ်ရတဲ့သူဖြစ်တာကတစ်ကြောင်း သဘောမနောကောင်းတဲ့ ဆိုင်ရှင်ဖြစ်တာကတစ်ကြောင်းမို့ အလုပ်ပျက်ကွက်တာတွေ များနေပေမဲ့ သူအခုထက်ထိကို အလုပ်မြဲနေသေးတာ။

ဝမ်ရိပေါ်ကတော့ အထက်တန်းကျောင်းသား အဆိုးအပေလေး။
အက်ဆီးဒင့်တစ်ခုကြောင့် အတိတ်မေ့နေတဲ့ ရိပေါ်ကို ရှောင်းကျန့် စောင့်ရှောက်ပေးထားတာ တစ်နှစ်ကျော်ခဲ့ပြီ။ ဘယ်အသိုင်းအဝိုင်းကမှန်းသေချာမသိရပေမယ့် လူဆိုးလူမိုက်တော့ မဟုတ်ဘူးဆိုတာ ရှောင်းကျန့် တစ်ထစ်ချ ယုံထားတယ်။

ရိပေါ်က ကလန်ကဆန်နိုင်ပေမယ့်လို့ ရှောင်းကျန့်စကားဆိုရင်တော့ မြေဝယ်မကျပဲ နားထောင်တယ်။

အင်း... သုံးရက်ခြားတစ်ခါ ရန်ဖြစ်တတ်တာက လွဲရင်။

"ရိပေါ် ဘယ်နားထိသွားသေးလဲ ကောကိုပြ"

ပီနန်ရပ်ကွက် ရဲစခန်းလေးက ရိပေါ်ရဲ့ ငယ်ကျွမ်းဆွေကြီးအလား။ သုံးရက်ခြားတစ်ခါမှ မရောက်ဖြစ်ရင် အလကားငုတ်တုတ်ထိုင်နေရတဲ့ ရဲဦးလေးကြီးတွေ ပျင်းနေတော့မှာ။

ဝမ်ရိပေါ်ဟာ တကယ့်ကို ပီနန်ရပ်ကွက် ရဲစခန်းရဲ့ဆည်းလည်းလေး။

အကွဲကွဲပြဲပြဲဖြစ်နေတဲ့ကြားက ရှောင်ကျန့်ကိုမြင်တာနဲ့ တန်းပြီးပြုံးပြရတာ ဝမ်ရိပေါ်ရဲ့ အကျင့်တစ်ခု။
မျက်ခုံးထောင့်က အကွဲရာလေးရယ်၊ ဘယ်ဘက်အောက်နှုတ်ခမ်းက ပေါက်ပြဲ ဒဏ်ရာရယ်၊ ဒါတွေက သူ့အတွက်တော့စာမဖွဲ့ပေမယ့် ရှောင်းကျန့်အတွက် မဟုတ်ပြန်ဘူး။

ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now