ʟɪғᴇᴛɪᴍᴇ -18

5.7K 722 32
                                    

ᴢᴀᴡɢʏɪ

ပြန့်ကျဲနေတဲ့ ဆေးသေတ္တာပတ်ပတ်လည်က ပစ္စည်းအချို့နဲ့အတူ ရှောင်းကျန့် တုတ်တုတ်မှုမလှုပ်ဘဲ ငုတ်တုတ်ထိုင်နေခဲ့တာ ဝမ်ရိပေါ်ထွက်သွားပြီးကတည်းက။

အခန်းကျဉ်းလေးရဲ့ လေထုက အေးစက်လာတယ်။
တစ်ယောက်တည်းဆိုတဲ့အသိက ဆက်တိုက်ကို သိမ်ငယ်မှုတွေသာ ဖြစ်ပေါ်လာစေတဲ့အထိ။

ရိပေါ်သာ ပြန်ရောက်မလာတော့ရင် ဆိုတဲ့ သို့လောသို့လော အတွေးတို့ကလည်း ရင်ဘတ်တစ်ခုလုံးကို ဆွဲဆုပ်ထားသလို။

"ကော"

"ဟင် ရိပေါ်!!"

ရင်းနှီးနေတဲ့ အသံလေးကြောင့်သာ ရှောင်းကျန့် ပြန်ပြီး အသက်ရှူချောင်ရတယ်။ ဝမ်ရိပေါ် ပြန်မလာတော့ဘူးလို့တောင် သူ ထင်နေခဲ့တာ။

"မင်းပြန်လာသေးတာပဲ!! ကောကိုထားခဲ့ပြီထင်နေတာ အီး"

အရှိန်နဲ့ ရင်ခွင်ထဲပစ်ဝင်လာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ခန္ဓာကိုယ်လေး အနည်းငယ်ယိုင်ကျသွားတယ်။

တစ်ဆက်တည်းမှာပဲ ရိပေါ်က ခိုးပြီးရယ်တယ်။
တကယ်ဆို သူပြန်ရောက်နေခဲ့တာ နာရီဝက်လောက် ရှိပြီ။
ပတ်ဝန်းကျင်ကို အာရုံမရဘဲ ငိုမဲ့မဲ့ကလေး ငုတ်တုတ်ထိုင်မှိုင်နေတဲ့ ကောကိုနာရီဝက်လုံးလုံး သူအသံတိတ်ရပ်ကြည့်နေခဲ့တာ။

တစ်ယောက်တည်း ခေါင်းကြီးငုံ့ပြီး ငိုချင်ရဲ့လက်တို့ ဖြစ်နေတဲ့ ကောရဲ့ပုံစံက တကယ်ကို ကလေးပေါက်စလေးအတိုင်း။

"ကျွန်တော်က ကောကိုဘာလို့ ထားသွားရမှာလဲ! ကျွန်တော် ပြန်ရောက်နေတာကိုတောင် မသိဘဲနဲ့များ"

"အီး ဟီး! မသိဘူးလေ မင်းက မပြောမဆိုနဲ့ ထွက်ပြေးသွားပြီးတော့!!"

ခေါင်းချင်းယှဉ်ရင် နှစ်လက်မလောက် ပိုသာနေတဲ့ ရှောင်းကျန့်အတွက် ဝမ်ရိပေါ်ရဲ့ ပခုံးထက် မေးလေးတင်ရင်းငိုဖို့ ဒီအနေအထားက လုံးဝကို အံဝင်ဂွင်ကျပဲ။

အင်္ကျီတစ်ခုလုံး ရှောင်းကျန့်ရဲ့ မျက်ရည်တွေနဲ့ စိုရွှဲနေသည့်တိုင်အောင် ရိပေါ် ဂရုမထားနိုင်သေးဘူး။
အားကိုးတကြီး ဖက်တွယ်ထားတဲ့ ကျောပြင်လေးကိုသာ အလိုက်သင့်လေး ပွတ်သတ်ရင်း ချော့မြူပေးနေရတယ်။

ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now