ʟɪғᴇᴛɪᴍᴇ -20 (final)

8.5K 693 20
                                    

ᴢᴀᴡɢʏɪ

ဒီနေ့ရဲ့ အထူးဆန်းဆုံးအရာကို ပြောပါဆိုရင် ရှောင်းကျန့်အတွက်က စကားများတဲ့ ဝမ်ရိပေါ်ကို ရွေးရလိမ့်မယ်။

အိမ်အပြန်လမ်းတစ်လျှောက်လုံး နားအေးပါးအေးမရှိခဲ့ဘူး။ အဲ့လိုပဲ ရှောင်းကျန့်ရဲ့မျက်နှာမှာလည်း အပြုံးတွေ မှေးမှိန်မသွားခဲ့ဘူး။

"အ! အိုက်ယား! ညင်သာမှုမရှိလိုက်တာ"

"အရမ်းနာသွားလို့လား အုံဖွ အုံဖွ"

တချိန်လုံး ကျောပေါ်ကနေ ဇိမ်နဲ့လိုက်ခဲ့ပြီးတဲ့နောက် အခုက ဆေးပလာစတာပြန်ကပ်ပေးရမယ့်အချိန်။
ရှောင်းကျန့်ရဲ့ ဆေးသေတ္တာတစ်ခုလုံးက ဝမ်ရိပေါ်အပိုင်။ ထိုအပေအတေလေးကြောင့်မလို့လည်း ရှောင်းကျန့် ဆေးသေတ္တာ ဆောင်ထားဖြစ်ခဲ့တာ။

"ကောလမ်းလျှောက်လို့ရပြီလို့ ပြောတုန်းက ဘာလို့အောက်ပြန်မချပေးခဲ့တာလဲ၊ အကြာကြီးကုန်ပိုးထားရတော့ ခါးနာပြီပေါ့"

"ဒါကတော့ ကျွန်တော့်သဘောလေ"

ရှောင်းအစ်ကိုကြီးရဲ့စေတနာဗလပွနဲ့ ပလာစတာကပ်ပေးတာ ခံချင်သေးတဲ့ ကလေးဆိုးက ခပ်တည်တည်ပဲ။ သဘောမပေါက်တဲ့ ရှောင်းကျန့်ကတော့ အချိန်တိုင်း စိုးရိမ်နေဖို့ပဲ သိတယ်။ အဲ့တာကိုပဲ ဝမ်အပေအတေက ချောင်းနေတာ။

"တကယ် ဆေးရုံမသွားလို့ ဖြစ်လား"

"ဖြစ်တယ်"

"ဒါဆို အိမ်မှာပဲ နားနေလိုက်တော့၊ ကျောပိုးအိတ်က ကောယူလာပေးမယ်"

"ဟင့်အင်း မယူနဲ့တော့ ဒီနေ့"

"တကူးတကကြီး သွားယူမှာမှမဟုတ်ဘဲ၊ အချိန်ပိုင်းအလုပ်ပြီးမှ ယူလာမယ့်ဟာ"

ရှောင်ရှောင်းကျန့်က တကယ်ကို အရိပ်အကဲနားမလည်ရှာဘူး။
ဝမ်အပေအတေရဲ့ မျက်နှာလေးဟာ ရှုံ့သည်ထက်ရှုံ့တွလို့လာတယ်။
ဒဲ့တိုးအိုးပေါက် မပြောမချင်း ရှောင်းကျန့်နဲ့ စကားဆက်ဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်တော့မှာမဟုတ်။

"အဲ့ဒီ့အချိန်ပိုင်းအလုပ်ကို ဒီနေ့မလုပ်နဲ့တော့လို့ပြောတာ"

"အာ အင်း အင်း ဒါဆိုလည်း အစ်ကိုပင်းကို ဖုန်းဆက်လိုက်မယ်လေ"

ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈTempat cerita menjadi hidup. Temukan sekarang