ᴢᴀᴡɢʏɪ
ဒေါသတကြီး အော်ဟစ်နေတာမျိုးမဟုတ်ဘဲ အေးစက်စက်မေးလာတဲ့ ရှောင်းကျန့်ရဲ့ စကားသံတွေက ရိပေါ်ရဲ့ အကြောက်တရားတွေကို တစ်ရစ်ခြင်းမြင့်တက်လာစေတယ်။
စိတ်တိုဒေါသထွက်နေချိန်မှသာ 'ငါ' ဆိုတဲ့နာမ်စားကို သုံးနှုန်းလေ့ရှိတဲ့ကောက ဘာလို့များ ဒေါသအရိပ်အယောင်တွေမရှိဘဲ အေးတိအေးစက်ကြီး ဖြစ်နေရတာလဲ။
"ကော.. ကျ ကျွန်တော် ဟင့်"
ပြောင်းလဲသွားတဲ့ အစိမ်းသက်သက်လေထုကြီးအပေါ် ရိပေါ် ခံနိုင်ရည်မရှိတော့တာအမှန်။
ကြောက်ရွံ့တုန်လှုပ်ခြင်းတွေနဲ့အတူ လှိုက်တက်လာတဲ့ဝမ်းနည်းမှုတွေကြောင့် စကားတစ်ခွန်းမှ ပြန်မပြောနိုင်တော့တဲ့အထိကို ထိုင်ငိုနေချင်တာပဲ သိတော့တယ်။"ရိပေါ်!!"
ဒူးထောက်လျက်သားလေး ခေါင်းငိုက်စိုက်ကာ ငိုနေတဲ့ ရိပေါ်ရှေ့ ရှောင်းကျန့်ကပါ စိုးရိမ်တကြီး ဒူးထောက်ထိုင်ချလာတယ်။
သူတကယ်ကို အတည်ပြုချင်တဲ့ စိတ်ကလေးတစ်ခုတည်းနဲ့ မေးခဲ့တာ။
အခြေအနေတွေ ဒီလောက်ထိ ဆိုးရွားသွားစေဖို့ကို ရှောင်းကျန့်မရည်ရွယ်ခဲ့ဘူး။"ရတယ် ရိပေါ်၊ အဲ့လောက်ထိ ခက်ခဲနေရင် ကောကိုပြောမပြချင်သေးလည်း ဘာမှမဖြစ်ဘူးနော်၊ ကောက ဒီအတိုင်းမေးကြည့်တာ"
တအိအိငိုနေတဲ့ ကလေးလေးကို ရင်ခွင်ထဲ ထည့်ဖက်ရင်း ကျောပြင်လေးကို ဖွဖွလေးပုတ်လို့ ရှောင်းကျန့်ပြန်ချော့ရသေးတယ်။ အတူနေလာခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်း ရိပေါ်ဆီက ဒီလို ရှိုက်ကြီးတငင်ငိုချလာတာ ဒါပထမဆုံးအကြိမ်။
ခံစားချက်တွေကို အလွယ်တကူဖော်ပြလေ့မရှိတဲ့ ရင့်ကျက်ပြီးသား ဆယ်ကျော်သက်ကောင်လေးလို့ ထင်ထားခဲ့တာ။ တကယ်တမ်းက နှစ်သိမ့်မှုတွေ လိုအပ်နေသေးတဲ့ ကလေးငယ်တစ်ယောက်။
မဆီမဆိုင်ဘဲ ရှောင်းကျန့် လှစ်ခနဲ ပြုံးမိသွားတယ်။
ဘယ်လိုပဲ တည်ငြိမ်ရင့်ကျက်ချင်ယောင် ဆောင်နေပါစေ
17 နှစ်အရွယ်ဆိုတာ တကယ်ကို ကာကွယ်မှုအပြည့်အဝ ပေးရဦးမယ့် ကလေးငယ်လေးပါပဲ။
YOU ARE READING
ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanfiction"ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" "ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" November 15th 2019 ❣ November 23rd 2020 ❣