ᴢᴀᴡɢʏɪ
"လိုရင်းကိုပဲပြောပေး"
"အရင်ဆုံးထိုင်လိုက်တာ ပိုမကောင်းဘူးလား"
"ရတယ်၊ ကျွန်တော့်အတွက် အချိန်တွေ အဲ့လောက်ထိပေါမနေလို့ပါ"
ခပ်ပြတ်ပြတ်စကားသံတွေက အေးတိအေးစက်နဲ့ တည်ငြိမ်လွန်းတယ်။ ဒီလောက်ထိ သည်းခံစကားပြောပေးနေတယ် ဆိုတာကလည်း ရှောင်လွှဲလို့မရတဲ့ သားအဖဆိုတဲ့ ဆက်ဆံရေး တစ်ခုတည်းကြောင့်။
စိတ်ဆန္ဒအတိုင်းသာဆို ရိပေါ် ဒီနေရာကို ပြန်ပြီး ခြေချမိလိမ့်မှာမဟုတ်။"မဟုတ်မှ! အဲ့ဒီ့ အနုပ်စုတ်ကုပ်စုတ် ပီဇာဆိုင်ကို ပြန်သွားမှာလို့တော့ မပြောနဲ့နော်၊ ငါမင်းကို အိမ်ပြန်ခေါ်လာကတည်းက ဘယ်ကိုမှ ထပ်ပြီး လမ်းသလားဖို့ ခွင့်မပြုနိုင်တော့ဘူးဆိုတာ မင်းသဘောပေါက်သင့်တယ်"
"ကျွန်တော့် ခြေထောက်နဲ့ ကျွန်တော်လေ၊ ပါပါးကိစ္စမဟုတ်ဘူး"
"တောက်!! အသိစိတ်လွတ်နေတဲ့ကောင်! မင်းက အဲ့ဒီ့ပေါက်လွတ်ပဲစား နေရာမှာ ပျော်နေတာလား!! မင်းကိုယ်မင်း ဘယ်အသိုင်းအဝိုင်းကဆိုတာကိုလည်း ခေါင်းထဲထည့်ထားဦး!!"
"ခေါင်းထဲလား! သိပ်ထည့်တာပေါ့!! အသေအချာလေးကို ထည့်ထားတယ်! ဝမ်ရိပေါ်ဆိုတဲ့ကောင်က ဝမ်မျိုးရိုးရဲ့ အသုံးချခံသက်သက်ဆိုတာကိုလေ"
"ခွေးကောင်!!!"
*ခွပ်
ဆိုင်းမဆင့်ဗုံမဆင့် မြည်းစမ်းလိုက်ရတဲ့ လက်သီးချက်က အတော်လေးတော့ ပြင်းသား။ သွေးစို့သွားတဲ့ ဘယ်ဘက်အောက်နှုတ်ခမ်းထောင့်ကို လျှာနဲ့ အသာလေးထိုးကလော်ကြည့်လိုက်တယ်။
အရသာကတော့ ကျိန်းသေပေါက်ကို ငံကျိကျိနဲ့။"ပြောစရာ ကုန်ပြီထင်တယ်၊ ခွင့်ပြုပါဦး"
အသားနာသွားလို့ အော်ဟစ်ပေါက်ကွဲပြနေမယ့်အစား အခုလို တည်တည်ငြိမ်ငြိမ်နဲ့ ထွက်လာလိုက်တာ ပိုမှန်တယ်လို့ ရိပေါ်တွေးထားတယ်။
အဲ့ဒါတွေထက် ကျောင်းဆင်းချိန်ကတည်းက ဆိုင်ရှေ့ပေါ်မလာသေးတဲ့သူ့ကို ကောကမျှော်နေတော့မှာ။"ဟ! ဟုတ်သားပဲ၊ ရှောင်းကျန့်ဆိုတဲ့ ကောင်လေးက ဒီအကြောင်းအရာတွေကိုမှ မသိသေးတာ၊ အကယ်၍ သိသွားခဲ့ရင်ကော ဘယ်လိုဖြစ်မလဲ"
ESTÁS LEYENDO
ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanfic"ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" "ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" November 15th 2019 ❣ November 23rd 2020 ❣