ʟɪғᴇᴛɪᴍᴇ -17

5.1K 716 38
                                    

ᴢᴀᴡɢʏɪ

"ဟေ့ရောင်တွေ မင်းတို့ သူစိမ်းယောက်ျားလေးနှစ်ယောက် တစ်အိမ်တည်း အတူနေကြတာကို ဘယ်လိုသဘောရလဲ
ဘော်ဒါအကန့်လို့ပြောရအောင်ကလည်း ခြောက်နှစ်လောက် ကွာတယ်ကွာ"

"မင်းကလည်း ညီအစ်ကိုတွေလိုနေကြတာဖြစ်မှာပေါ့ ဘင်္ဂလားညီအစ်ကိုတွေလေ ဟား ဟား ဟား"

ပုံမှန်အတိုင်း လှမ်းလျှောက်နေတဲ့ ရိပေါ်ရဲ့ ခြေလှမ်းတွေ ခေတ္တခဏတော့ တန့်ခနဲဖြစ်သွားတယ်။
စောင်းမြောင်းပြောနေကြတာကိုသိပေမယ့် ရန်ဖြစ်တာကို မုန်းတဲ့ ကောအတွက် သူအတတ်နိုင်ဆုံး သည်းခံထားရတာ။

"အဲ့နှစ်ယောက်ထဲမှာ ဘယ်သူက မိန်းကလေးနေရာကလဲဆိုတာ စိတ်ဝင်စားဖို့မကောင်းဘူးလား"

"မင်းပြောချင်တာက အောက်ကနေပေးမယ့်သူလား"

"ဆိုပါတော့ကွာ"

"ငါကတော့ နူးနူးညံ့ညံ့ရှိတဲ့ အလှလေးလို့ထင်တယ် ဟိုတစ်ခေါက်ကလည်း ကျောင်းကိုလာဖူးသေးတယ်လေ၊ ပုံစံလေးက အဲ့လိုမျိုးလေး၊ ရှင်းရှင်းပြောရရင် အခြောက်ပေါ့ကွာ အဟက်"

ဝမ်ရိပေါ်ရဲ့ သည်းခံမှုအတိုင်းအတာကို ထိပါးစော်ကားလာတဲ့ ထိုစကားလုံးတွေ။

လက်သီးတင်းတင်းဆုပ် အံကြိတ်ထားရာက နှစ်ခါပြန် စဉ်းစားမနေဘဲ ခြေလှမ်းတွေကို အနောက်ပြန်လှည့်လိုက်တယ်။
စူးရဲနေတဲ့ မျက်ဝန်းအစုံမှာ ညင်သာပေးမယ့် အရိပ်အယောင်တွေ ရှိမနေဘူး။

အဲ့ဒီ့နောက် ထိုးကြိတ်သံတွေက လွဲပြီး တခြားအပိုစကားသံတွေ တိုးဖောက်မနေတဲ့ ရန်ပွဲတစ်ခု။

ဝမ်ရိပေါ်ဆိုတာ ကောကြောင့်ပဲ သည်းခံခဲ့သလို ကောကြောင့်ပဲ အဲ့ဒီ့သည်းခံမှုတွေကို ကိုယ်တိုင်ရိုက်ချိုးပစ်ခဲ့တဲ့လူစားမျိုး။

_

"ဝမ်ရိပေါ်!! မင်းမျက်နှာက!"

နှာရိုးတည့်တည့်က ပွန်းပဲ့ဒဏ်ရာသေးသေးလေးရယ် နှုတ်ခမ်းထောင့်က သွေးစို့နေဆဲ ဒဏ်ရာရယ်ကြောင့် ရှောင်းကျန့် အထိတ်တလန့်မေးလာတာ မဆန်းပါဘူး။

ဝမ်ရိပေါ်ကတော့ အဆူခံရမှာ ကြောက်တဲ့ ကလေးလေးလို မျက်နှာလေးငယ်လို့ထားတယ်။
ရန်ဖြစ်တာက ကောမကြိုက်ဆုံးအရာပဲမို့လား။

ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now