ᴢᴀᴡɢʏɪ
မှိန်ဖျော့ဖျော့ လမ်းမီးတိုင်အောက်က ခုံတန်းရှည်လေးမှာ ရှောင်းကျန့် အခုထိ ထိုင်စောင့်နေမိတုန်း။
လွန်ခဲ့တဲ့ နှစ်နာရီလောက်ကတည်းက စိတ်ထဲရှိရာတွေဖွင့်ပြောပြီး ထွက်ပြေးချင်တိုင်းပြေးသွားတဲ့ ဝမ်ရိပေါ်။
ပုံစံကသာ ဂျစ်ကန်ကန် ဖြစ်ကောင်းဖြစ်နေနိုင်မယ်။ 17 အရွယ်ဆိုတာ ရှောင်းကျန့်အတွက်တော့ အူယားဖို့အကောင်းဆုံး ကလေးပေါက်စလေး။အဖြစ်အပျက်တွေကို ပြန်တွေးမိတာနဲ့ ရှောင်းကျန့်က သဘောတကျ ပြုံးတယ်။ အဖြေမတောင်းဘဲ ဖွင့်ပြောပြီးပြီးချင်း ထွက်ပြေးတဲ့လူရယ်လို့ ကြားတောင် မကြားဖူးဘူး။
ဖုန်းဆက်ကြည့်လို့ရပေမယ့် သူတမင်ကို လွှတ်ထားပေးတာ။
အရှက်ပြေလို့ ပြန်ရောက်လာတဲ့အချိန် ဒီအစ်ကိုကြီးဘက်က ခံစားချက်တွေကို ဝန်ခံမှာမလို့ ဂျစ်တူးလေးကသာ ဒီထက်ပို မိုးမချုပ်ခင် အနားရောက်လာပေး။
_
အချိန်က ညခုနှစ်နာရီ စွန်းစွန်း။
ဖုန်းစခရင်လေးကို နှစ်ချက်တောက်ရင်း ရှောင်းကျန့် သက်ပြင်းချတယ်။
ဝမ်အပေအတေ ထားခဲ့တဲ့နေရာမှာပဲ သူထိုင်စောင့်နေတာ သုံးနာရီတိတိ ရှိပြီ။ပတ်ဝန်းကျင်က မှောင်ရိပ်သန်းလာတယ်။
လမ်းမီးရောင်က တကယ့်ကို ဝါဖျော့ဖျော့လေး။
ထိုသို့တိုင် ရှောင်းကျန့် ဤနေရာလေးက ဖင်ကြွဖို့ အစီစဉ်မရှိသေးဘူး။နောက်ကျောဘက်က တရှပ်ရှပ်ခြေသံကြားရတော့ သူအသာယာပြုံးလိုက်တယ်။
ထင်သားပဲ၊ အဲ့ဒီ့အရိုင်းတုံးလေး အကြာကြီးပစ်မထားနိုင်လောက်ဘူးလို့။
"ဝမ်ရိပေါ်! မင်းဘာလို့ အဲ့လောက်ကြာ.."
စကားလုံးတွေ ပြတ်တောက်သွားရကာ ရှောင်းကျန့် ခေါင်းထဲ မိုက်ခနဲ။ နှာခေါင်းဝထဲ တိုးဝင်လာတဲ့ စိမ်းရွှင်ရွှင်အနံ့ကြီးက တစ်သက်နဲ့တစ်ကိုယ် သူအမုန်းဆုံးအနံ့ပဲ ဖြစ်မိလိမ့်မယ်။
"လှတော့လှသားပဲ"
"ငါးယောက်တစ်ယောက်ဆိုတော့ အဝေတည့်ပါ့မလား"
ESTÁS LEYENDO
ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanfic"ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" "ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" November 15th 2019 ❣ November 23rd 2020 ❣