ʟɪғᴇᴛɪᴍᴇ -2

10.6K 1.2K 37
                                    

ᴢᴀᴡɢʏɪ

တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် ဝမ်ရိပေါ်က အလုပ်တစ်ခုကိုတော့ မပျက်မကွက်ဘဲ ဆောင်ရွက်တယ်။ ဒါဟာ ညနေခြောက်နာရီ အတိထိုးတာနဲ့ ပီဇာဆိုင်ထဲက ရှောင်းကျန့်ကို လက်ဆွဲပြီး အိမ်ပြန်ဖို့။

အထက်တန်းကျောင်းသား ဝတ်စုံနဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် ဆိုင်ရဲ့အပြင်ဘက်မှန်ကို ကျောမှီထားတယ်။

ရှောင်းကျန့် စားပွဲခုံတွေသုတ်ရင်းက အပြင်ဘက်ကို လှမ်းငေးရင်း လှစ်ခနဲပြုံးတယ်။

ဆိုင်ထဲ ဝင်စောင့်ဖို့ခေါ်ပေါင်းများပေမယ့် ပေကတ်ကတ်နဲ့ ဝမ်ရိပေါ်က အင်း မလုပ် အဲ မလုပ်။

"ပြန်မယ်"

ရှောင်းကျန့်ရဲ့ လက်ကောက်ဝတ်လေး ဖမ်းဆုပ်ခံလိုက်ရသလို တစ်ချိန်တည်းမှာ ထွက်လာတဲ့ ခပ်ပြတ်ပြတ်စကားသံ။

ရှောင်းကျန့် တိုင်ကပ်နာရီရှိရာ ခေါင်းလည်ကြည့်လိုက်တယ်။
ခြောက်နာရီတိတိကိုမှ တစ်စက္ကန့်လေးပဲ စွန်းသေးတာ။

"အာ နေပါဦး ရိပေါ်ရဲ့ ကော.."

"ခြောက်နာရီထိုးပြီ"

"အင်း အင်း ခဏလေးပဲစောင့်"

ဧပရွန်ခါးစည်းကြိုးကို ခပ်သွက်သွက်ဖြည်ရင်း အနောက်ဖေးပြေးရတယ်။ ဝမ်ရိပေါ်က တကယ့်ကို စိတ်လက်တစ်ဆစ်လေး။

"အစ်ကိုပင်း ကျွန်တော်ပြန်ပြီ"

ခါးကိုင်းနှုတ်ဆက်ဖို့တောင် အချိန်မရ။ လက်ကောက်ဝတ်ကိုမလွှတ်တမ်း ဆုပ်ထားပြီး ဆတ်ခနဲဆွဲခေါ်သွားတဲ့ ရိပေါ်ကြောင့် အရပ်ရှည်ပေမယ့် ပိန်ပါးပါး ရှောင်းကျန့်ခန္ဓာကိုယ်လေးဟာ စွေ့ခနဲပါလို့။

"ရိပေါ် အစ်ကိုပင်းကို အားနာစရာကြီး"

"ဘာအားနာစရာလိုလဲ ခြောက်နာရီဆိုတာ အလုပ်သိမ်းချိန်"

ဆက်ပြီး စကားနိုင်လုရရင် ပြီးဆုံးတော့မှာမဟုတ်လို့ ရှောင်းကျန့် နှုတ်ခမ်းကိုက်ရင်း အသာနှုတ်ဆိတ်လိုက်ရတယ်။

တစ်ဇွတ်ထိုးဆန်တဲ့ ရိပေါ်ကြောင့် အစ်ကိုပင်းကို အားနာရတာလည်း အခါခါ။

ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now