ʟɪғᴇᴛɪᴍᴇ -19

5.4K 659 20
                                    

ᴢᴀᴡɢʏɪ

"ကျွန်တော် ရိပေါ်ကို ဆက်ပြီးစောင့်ရှောက်ထားပါရစေ အန်ကယ်"

အရဲစွန့်ပြောလိုက်ပြီးကာမှ ရှောင်းကျန့် တစ်ကိုယ်လုံး အေးခဲသွားသလိုပဲ။
မျက်နှာချင်းဆိုင်ဖို့ သတ္တိမရှိသေးတာကြောင့် ခေါင်းကိုမြဲနေအောင်ငုံ့ထားပေမယ့် ဥက္ကဋ္ဌဝမ်ရဲ့ ခနဲ့တဲ့တဲ့ရယ်မောသံကိုတော့ အတိုင်းသားကြားနေရတယ်။

ဒူးပေါ် အသာထောက်တင်ထားတဲ့ လက်သီးနှစ်ဖက်ကိုလည်း လက်ခုံက သွေးကြောတွေ ထင်းလာတဲ့အထိ ရှောင်းကျန့် အားထည့်ဆုပ်ကျစ်လိုက်တယ်။

ဥက္ကဋ္ဌဝမ်ရဲ့ ဘယ်လိုတုံ့ပြန်လာမှုမျိုးကိုမဆို လက်ခံဖို့ အသင့်ပြင်လိုက်တဲ့ အနေအထား။

"အဟင်း အန်ကယ်နားလည်ပါတယ်၊ လူဆိုတာ လောဘတော့ရှိကြတာပဲမလား၊ အဲ့ဒီ့အတွက်လည်း ဒီကလူငယ်လေး စိတ်ကျေနပ်လောက်မယ့် ပမာဏအထိ အန်ကယ့်ဘက်က ဖြည့်ဆည်းပေးဖို့ ဆုံးဖြတ်ထားပြီးသား ကဲ ပြောကြည့်လေ! ဘယ်လောက်ဆို ဖြစ်လဲ"

"ခင်ဗျာ"

လိုက်မမှီနိုင်တဲ့ စကားလုံးတွေအတွက် ရှောင်းကျန့်ခေါင်းထဲ ရုတ်ချည်း ပြည့်နှပ်လာတာက ဒွိဟတွေ။ အရာအားလုံးကို အရှင်းသဘောမပေါက်ပေမယ့် အကြမ်းဖျင်းတော့ သူရိပ်မိပါတယ်။

"မဟုတ်မှ အန်ကယ်ဆိုလိုတာကို သဘောမပေါက်ဘူးလို့ ပြောချင်တာလား"

"ကျွန်တော်.."

"ကောင်းပြီ၊ ပမာဏကိုမစဉ်းစားရသေးရင် နောက်မှထပ်တွေ့တာပေါ့၊ အခု အန်ကယ် အလုပ်ကိစ္စတွေ ရှိနေသေးလို့"

ကျောခိုင်းစပြုနေတဲ့ Leather shoe တစ်ရံဟာ ရှောင်းကျန့်ရဲ့ စကားတစ်ခွန်းကြောင့် တစ်ဖန်ရပ်တန့်သွားခဲ့ပြန်တယ်။

"ရိပေါ်! ရိပေါ် ကိုကျွန်တော့်အနားမှာပဲ ဆက်နေခွင့်ပြုပေးပါ!!"

မျက်လုံးအစုံကို မှိတ်ချရင်း ဒုတိယအကြိမ်မြောက် ခွင့်တောင်းခြင်းစကားကို သူဆိုလိုက်တာ။

တစ်ခဏအတွင်း အခြေအနေတွေ ဆိတ်ငြိမ်သွားသလို နီးကပ်လာတဲ့ ခြေသံတွေအရ ဥက္ကဋ္ဌဝမ်ရဲ့ ခြေလှမ်းတွေ သူ့ဆီထပ်မံ ဦးတည်လာနေတာ အသေအချာပဲ။

ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now