ᴢᴀᴡɢʏɪ
"ဒီတစ်ခေါက် ပို့ပြီးရင်တော့ နားလိုက်တော့ ရှောင်းကျန့်"
"ဟုတ် အစ်ကိုပင်း"
ဆိုင်ကယ် နောက်ခုံပေါ်က Box လေးထဲ ပီဇာဘူးတွေအစီအရီ နေရာချရင်း ရှေ့သွားလေးနှစ်ချောင်း ထင်းလာတဲ့အထိ ရှောင်းကျန့်က လှမ်းပြီးပြုံးပြတယ်။
ပီဇာဆိုင်စဖွင့်ကတည်းကဆို ရှောင်းကျန့် delivery အနေနဲ့ အလုပ်ဝင်ခဲ့တာ နှစ်လလောက်တောင်ရှိပြီလား။
အစ်ကိုပင်းဆိုတာ ရှောင်းကျန့် အထက်တန်းကျောင်းမှာတည်းက စီနီယာ ဂျူနီယာတွေ ဖြစ်ခဲ့တာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးလို ခပ်တန်းတန်းမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလေးပဲ။
_
21 နှစ်သားဘဝရဲ့ နောက်ဆုံးရက်လေးဆိုပေမယ့် ရှောင်းကျန့်အတွက်တော့ ခါတိုင်းနေ့တွေနဲ့ ခြားနားမနေဘူး။
နေ့စဉ်နဲ့အမျှ တစ်လမ်းဝင်တစ်လမ်းထွက် ပီဇာလိုက်ပို့မယ်။
အချိန်တိုင်းလိုလိုကို အပြုံးချိုချိုလေးတွေနဲ့သာ ဖြတ်သန်းမယ်။အထီးကျန်နေတဲ့ နှလုံးသားငယ်ကိုတော့ ရှောင်းကျန့် အမြဲတစေ လျစ်လျူရှုမိထားတုန်းပဲ။
တစ်ယောက်တည်းနေသားကျခဲ့တာလည်း ကြာပြီမလို့ အဖော်ဆိုတာ သူ့အတွက် အထူးတလည်လိုအပ်မနေတော့တာ။
"ကွေ့ရှန်းလမ်း ကွေ့ရှန်းလမ်း... အာ ဒီဘက်လားမသိဘူး"
သိပ်မရင်းနှီးသေးတဲ့ လမ်းတွေဆို ရှောင်းကျန့် Location map ရဲ့အကူအညီယူရတယ်။ ဆိုင်ကယ်မောင်းကျွမ်းကျင်နေသူ မဟုတ်ပြန်တော့ လက်တစ်ဖက်က လက်ကိုင်ကိုထိန်းပြီး လက်တစ်ဖက်နဲ့ ဖုန်းကြည့်ဖို့က သူ့အတွက်အဆင်မပြေဘူး။
ဒါကြောင့် ဆိုင်ကယ်လေးကို လမ်းဘေးနား ကပ်ရပ်ရင်း လမ်းကြောင်းအချို့ကို အလွတ်ကျက်နေမိတုန်း။
*ကျွီ *ဒုန်း
"ဟယ် တိုက်မိသွားတာလား"
"ကြည့်ရတာတော့ နည်းနည်း ပွန်းပဲ့သွားရုံလောက်ပါပဲ"
"ကားသမားကတော့ ပြေးသွားပြီ"
"ကောင်လေးက တော်တော်ငယ်ဦးမယ်ထင်တယ်"
YOU ARE READING
ʟɪғᴇᴛɪᴍᴇ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanfiction"ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" "ကောက ကျွန်တော့်ကို ကာကွယ်ပေးလေ ကျွန်တော်က ကောကို တစ်ဘဝလုံးစာ စောင့်ရှောက်ထားမယ်" November 15th 2019 ❣ November 23rd 2020 ❣