ကျွန်တော်ကိုယ်တိုင်တောင် မကြားနိုင်လောက်အောင် တိုးတဲ့အသံနဲ့ ကျွန်တော် ပြောလိုက်တယ်။" sorry... ငါ ထွေထွေထူးထူး မစဉ်းစားမိဘူး။ ငါ အရမ်းလွန်သွားတယ်ထင်လို့။ ငါ အဲ့အတွက် တောင်းပန်ချင်ပေမယ့် ငါ ဘာလုပ်လုပ် အသုံးဝင်မှာမဟုတ်ဘူးဆိုတာ ငါသိတယ်။ ငါတို့ နောက်လဲ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ မလွယ်တော့ဘူးဆိုတော့ အဲ့မကောင်းတဲ့အဖြစ်အပျက်ကြီးကို မင်းမေ့လိုက်မယ်လို့ ငါမျှော်လင့်ပါတယ် "
အချိန်အကြာကြီး ကျွန်တော် ပြန်စဉ်းစားမိတော့ ကျွန်တော်ပြောခဲ့တဲ့စကားတွေက လူစကားနဲ့တောင် မတူဘူး။ ( အရမ်းရက်စက်လို့ )
သူ့မျက်လုံးတွေက မှိုင်တွေနေဆဲပဲ။ သူ တိုးတိုးလေး ပြန်ပြောတယ်။
" ငါလဲ အရမ်းစိတ်ထဲမထားပါဘူး။ မင်းလဲ အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားဖို့ ငါဆုတောင်းပါတယ် "
ကျွန်တော်တို့ဟာ ဒီလိုနဲ့ပဲ နှုတ်ဆက်စကား ပြောခဲ့ကြတယ်။ အိမ်အပြန် ရထားစီးတဲ့တစ်လျှောက်လုံး ကျွန်တော်နှလုံးသားတွေ လောင်ကျွမ်းပြီး ပြာကျသွားပြီတောင် ထင်ရတယ်။ ကျွန်တော် Pachelbelရဲ့ " Canon "ကို အခေါက်ရာပေါင်းများစွာ နားထောင်ခဲ့တယ်။ ကျွန်တော့်မျက်ရည်တွေကလဲ အဆက်မပြတ် စီးကျနေခဲ့တယ်။
ကျွန်တော့်အဆောင်ခန်းကို ပြန်ရောက်ခဲ့ပြီး တစ်လဆိုတဲ့ အချိန်ဟာ ပျင်းရိစွာနဲ့ ကုန်ဆုံးသွားခဲ့တယ်။ ကျွန်တော် ထွက်သွားခါနီးမှ ပစ္စည်းတွေကို ပစ်စလက်ခတ် သိမ်းဆည်းတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နှုတ်ဆက်ပွဲတစ်ခု အလျင်စလို ကျင်းပခဲ့ပြီးနောက် ကျွန်တော် အမေရိကားကိုသွားဖို့ လေယာဉ်ပေါ်ရောက်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ ကျွန်တော် တရုတ်ကလူတွေအားလုံးနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ တကယ်တော့ ကျွန်တော် တမင်သက်သက် မဆက်သွယ်ခဲ့တာ။ ကျွန်တော် ဆက်သွယ်မိရင် သူ ရည်းစားရသွားပြီ ဒါမှမဟုတ် သူအိမ်ထောင်ကျသွားပြီဆိုတဲ့ သတင်းတွေကိုပါ ကြားရမှာ ကျွန်တော်ကြောက်နေခဲ့တယ်။ နာကျင်သည်ဖြစ်စေ ချိုမြိန်သည်ဖြစ်စေ ကျွန်တော် ကျွန်တော့်ရဲ့ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲ နေဖို့ ဆန္ဒရှိခဲ့တယ်။
YOU ARE READING
If only time stopped at the moment we first met
Lãng mạnIf Only Time Stopped at the Moment We First Met [ Burmese Translation ] တကယ်လို့ အချိန်တွေက ငါတို့စတွေ့တဲ့ အခိုက်အတန့်လေးမှာပဲ ရပ်နေခဲ့မယ်ဆိုရင် ~ တစ်ဖက်သတ် အချစ်လို့ ထင်ရတဲ့ ~ ကျောင်းက ပြသနာကောင်လေးနဲ့ အတန်းခေါင်းဆောင်လေးတို့ရဲ့ကြားက ပုံပြင် ~ Auth...