သူ ဒီတစ်ခါ တကယ့်ကို ကျွန်တော့်ကို အရှက်ခွဲလိုက်တာပဲ။ အထူးသဖြင့် ကျွန်တော့်သူငယ်ချင်းတွေရဲ့ရှေ့မှာ။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလဲ။ ကျွန်တော် စားပွဲကို ဒေါသတကြီး ရိုက်လိုက်ပြီး ရန်ဖြစ်ဖို့ အရှိန်ယူလိုက်တယ်။ ဘယ်လောက်တောင် သောက်ကံက မကောင်းတာလဲ။ တရုတ်ဘာသာစကားဆရာမက အတန်းထဲဝင်လာပြိး သူ့ကို ခေါ်တယ်။ သူမက ခုနကဖြစ်ပျက်နေတာတွေက အာရုံမစိုက်ဘူး။
ကျွန်တော် အမှန်တကယ် ကလဲ့စားပြန်ချေမှာ။
ကျွန်တော် ကျောင်းဆင်းတဲ့အထိ စောင့်တယ်။ သူက တစ်ယောက်ထဲ အိမ်ပြန်လေ့ရှိတယ်။ လမ်းထဲမှာ လူလဲ သိပ်မရှိဘူး။ ကျွန်တော့်သူငယ်ချင်းတွေက သူ့ကိုတားလိုက်ပြီး သူနဲ့စကားပြောစရာရှိတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ သူ ငြင်းချိန်တောင်မရလိုက်ဘဲ တစ်နေရာကို ဆွဲခေါ်ခံလာရပြီး အသေအကြေ အရိုက်ခံရတယ်။
ဘယ်လောက်တောင် ကောင်းတဲ့ကိစ္စလဲ။ ကျွန်တော်က မျက်နှာတောင် ပြစရာမလိုဘူး။ ဒါက ဆရာကြီးရဲ့ အပြစ်ပေးတဲ့နည်းလမ်းပဲ။ ကျွန်တော့်အဖွဲ့ထဲက အကြင်နာတရားအကင်းမဲ့ဆုံးတစ်ယောက်ဖြစ်တဲ့ ဝမ်ရှောင်းယုံကို ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲ မေးလိုက်တယ်။ သူက အပျော်တွေနဲ့ အားပါးတရ ပြန်ပြောပြတယ်။ စကားအဆုံးမှာ ဝမ်ရှောင်းယုံက -
"ဆရာ ဘာမှ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်တို့လုပ်တာပဲလေ။ သူ့အသားနာမယ့်နေရာတွေချည်း ရွေးရိုက်ခဲ့တာ။ ကျွန်တော်တို့ရိုက်ပြီးတော့ သူ့အဝတ်အစားတွေကို ပြန်ပြင်ပေးပြီး အခု မင်းအရိုက်ခံထားရတာ ဘယ်သူမှမသိတော့ဘူး။ မင်း ငါတို့အကြောင်း တစ်ခုခုပြောမယ်ဆိုရင် ငါ မင်းတွေခြေထောက်တွေကို ရိုက်ချိုးပစ်ဖို့ ဝန်မလေးဘူး လို့ သတိပေးခဲ့တယ်။"
ကျွန်တော် ဆက်မေးလိုက်တယ်။ " အဲ့ကောင် တစ်ခုခုပြောသေးလား "
ဝမ်ရှောင်းယုံ ခဏစဉ်းစားပြီး ခေါင်းခါတယ်။
"မပြောဘူး။ သူ အသံတစ်ချက်မှတောင် မထွက်ဘူး။" အသံတောင်မထွက်ဘူး? "
ကျွန်တော် နည်းနည်းတော့ အံ့သြသွားတယ်။
" ဆက်မရိုက်ဖို့တောင်းပန်တာမျိုး? မဟုတ်ရင်ဆဲတာမျိုးရော? "
YOU ARE READING
If only time stopped at the moment we first met
RomanceIf Only Time Stopped at the Moment We First Met [ Burmese Translation ] တကယ်လို့ အချိန်တွေက ငါတို့စတွေ့တဲ့ အခိုက်အတန့်လေးမှာပဲ ရပ်နေခဲ့မယ်ဆိုရင် ~ တစ်ဖက်သတ် အချစ်လို့ ထင်ရတဲ့ ~ ကျောင်းက ပြသနာကောင်လေးနဲ့ အတန်းခေါင်းဆောင်လေးတို့ရဲ့ကြားက ပုံပြင် ~ Auth...