~ 3 ~

337 29 0
                                    

CH - 3

တစ်ရက်မှာ ကျွန်တော်တို့ အားလုံး ဗီဒီယိုတူတူ ကြည့်ကြပြန်တယ်။ အားလုံး အိပ်ပျော်သွားတဲ့အချိန်မှာ ကျွန်တော်က စိတ်ပါဝင်တစားကြည့်နေတုန်းပဲ။ ဝမ်ရှောင်းယုံက ကျွန်တော့်ကိုလှမ်းကြည့်ပြီး ရုတ်တရက် မေးတယ်။

"ဆရာ အဲ့ဒါကို သဘောကျရင် အပြင်မှာ တကယ်လုပ်လို့ရတယ် "

ကျွန်တော်လန့်သွားပြီး သူ့ကို သံသယစိတ်နဲ့ ကြည့်လိုက်တယ်။ အခြားသူငယ်ချင်းတွေလဲ သူ့ကိုဝိုင်းကြည့်ကြတယ်။ သူက လက်ယမ်းပြပြီး -
"ကျွန်တော့်ကို အထင်မလွဲကြပါနဲ့ ဆရာ။ ကျွန်တော်တို့နဲ့ ဆရာ့ကို ဘယ်လိုလုပ် ကစားခိုင်းရဲမှာလဲ။ ကျွန်တော်ပြောချင်တာက - "
သူက အသံကို နှိမ့်ချလိုက်ပြီး ကျွန်တော့်နားနားကို ကပ်ပြီး တိုးတိုးလေးပြောတယ်။ ကျွန်တော်ဘာမှပြန်မပြောပေမယ့် ကျွန်တော့နှလုံးသားက ဒရမ်တီးသလိုကို ခုန်နေခဲ့တယ်။ ဝမ်ရှောင်းယုံက ကျွန်တော့်နှလုံးသားအတွင်းပိုင်းမှာ ရှိနေပြီးသား ကျွန်တော့်ဆုတောင်းကို ပြောလိုက်သလို ခံစားလိုက်ရတယ်။ ဝမ်ရှောင်းယုံက ကျွန်တော်ငြိမ်နေတာကို ကြည့်ပြီး ခပ်တိုးတိုးပြောတယ်။
" ဆရာ ကြောက်လို့လား? အဲ့ဆိုလဲ မလုပ်ပါနဲ့ "

အဲ့စကားက ကျွန်တော့်ကို ဆွပေးလိုက်ပဲ။ ကျွန်တော် ဝမ်ရှောင်းယုံကို ကြည့်ပြ်ီး အော်ပြောလိုက်တယ်။
"ငါက ဘာကိုကြောက်ရမှာလဲ? တကယ်လို့ အဲ့ကောင်က ငါတို့ကို ရဲတိုင်လိုက်ရင် ကိစ္စတွေ ရှုပ်ကုန်လိမ့်မယ်"
အဲ့တော့မှ သူတို့အားလုံး ကျွန်တော်တို့နှစ်ယောက် ပြောနေတာတွေကို နားလည်သွားပြီး စိတ်လှုပ်ရှားလာကြတယ်။

ဝမ်ရှောင်းယုံက ရယ်တယ်။
" စိတ်အေးအေးထားပါ ဆရာ, သူတစ်ခွန်းမှမပြောနိုင်အောင် ကျွန်တော်တို့လုပ်လို့ရပါတယ်။ ပြီးတော့ တကယ်လို့ မိန်းကလေးတစ်ယောက်ဆိုရင် သူ့ကိုယ်သူသတ်သေမယ်လို့ ချိန်းခြောက်ပြီး ဆရာ့ကို စိတ်အနှောင့်အယှက်ပေးနိုင်ပေမယ့် ယောက်ျားလေးဆိုရင် ဒါက အရိုက်ခံရတာနဲ့ သိပ်မကွာဘူးလေ။ ဘယ်လိုလဲ ဆရာ"

ကျွန်တော် နည်းနည်းတော့ တွေဝေသွားတယ်။ တစ်ဖက်မှာ အရင်ကထဲက ကျွန်တော် သူ့ကို ပညာပေးချင်နေခဲ့တယ်။ တစ်ဖက်မှာက ကျွန်တော် ဟိုကိစ္စကို မလုပ်ဖူးတော့ အဲ့အရသာကို သိချင်နေတာ။ ဒီနေ့တော့ အဲ့အခွင့်အရေးက လက်ထဲရောက်လာခဲ့ပြီ။ ကျွန်တော် လုပ်စရာလိုတာက ခေါင်းညိတ်ရုံပဲ။ ကျွန်တော် ဆက်မတွေးနိုင်တော့ဘဲ မေးလိုက်တယ်။

If only time stopped at the moment we first metWhere stories live. Discover now