~ 1 ~

2.5K 67 4
                                    

အဲ့နှစ်တုန်းက ကျွန်တော့်အသက်က ၁၈နှစ်... Grade11ကျောင်းသား... ။

ကျွန်တော့်အမှတ်တွေက မကောင်းပေမယ့် အတိုက်အခိုက်မှာတော့ တကယ်တော်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ သစ္စာရှိတဲ့သူငယ်ချင်းတွေ အများကြီး ရလာပြီး သူတို့က ကျွန်တော့်ကို "ဆရာ"လို့ ခေါ်ကြတယ်။ ပြီးတော့ ကျွန်တော့်ပြောစကားကိုလဲ နားထောင်ကြတယ်။ သူတို့ရဲ့ လေးစားမှုနဲ့ပစားပေးမှုတွေကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် တော်တော်ဟုတ်တဲ့ကောင်လို့ ထင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်က ပိုက်ဆံလဲရှိတယ်။ ကျွန်တော့်အမေက ကျွန်တော်ငယ်ငယ်ကထဲက ဆုံးသွားခဲ့ပြီး ကျွန်တော့်အဖေက နောက်မိန်းမယူပြီး အမေရိကားကို ထွက်သွားခဲ့တယ်။ သူ ကျွန်တော့်ကို စကားမပြောချင်ရင်တောင် ကျွန်တော်က သူ့သားအဖြစ် ရှိနေတုန်းပဲ။ ကျွန်တော် စိတ်ထင်တိုင်း သုံးနိုင်လောက်အောင် သူက မကြာခဏ ပိုက်ဆံပို့ပေးလေ့ရှိတယ်။ ကျွန်တော့်သူငယ်ချင်းတွေရဲ့မိသားစုတွေက သိပ်မပြေလည်ကြတော့ ကျွန်တော်က သူတို့ကို အရသာရှိတဲ့အစားအသောက်တွေ မကြာခဏ ဝယ်ကျွေးလေ့ရှိတယ်။ သူတို့က ကျွန်တော့ကို ပိုကျေးဇူးတင်ကြတယ်။ ကျွန်တော်က ကျောင်းတွင်းကျောင်းပြင်မှာ လူအားလုံးသိကြတဲ့ သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ဆရာဆရာမတွေကတောင် ကျွန်တော့်ကို ဘာမှမပြောရဲဘဲ မမြင်သလိုမသိသလို လွှတ်ထားရတယ်။

ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့အတန်းခေါင်းဆောင် လီကျန့်ယွင်က ခြွင်းချက်ဖြစ်တယ်။

အမှန်တော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အဆင်မပြေမှုက အစပိုင်းမှာ အဲ့လောက် မပြင်းထန်ဘူး။ ပထမဆုံး ဒီအခန်းကို ရောက်လာတုန်းက ကျွန်တော် သူ့ကို တော်တော်လေး သဘောကျခဲ့တယ်။ သူက အရမ်းလှပြီး စကားပြောတာမှာလဲ လိမ္မာယဉ်ကျေးတယ်။ ပြီးတော့ အမြဲလိုလို ရှက်တတ်ပြီး မျက်နှာရဲနေတတ်တယ်။ ဒါပေမယ့်လဲ အချိန်တိုင်းမှာတော့ သူက ငြိမ်သက်နေတတ်ပြီး introvertတစ်ယောက်နဲ့ တူတယ်။

သူ့အမှတ်တွေက အရမ်းကောင်းတယ်။ သူက စကားသိပ်မပြောပေမယ့် လူတိုင်းက သူ့ကို သဘောကျကြတယ်။ ဒါပေမယ့် Grade11 စတဲ့အချိန်မှာ အတန်းခေါင်းဆောင်ရွေးတော့ အများသဘောအရ မဲပေးရွေးချယ်ပြီး သူက အတန်းခေါင်းဆောင်ဖြစ်လာတယ်။

If only time stopped at the moment we first metWhere stories live. Discover now