~ 5 ~

251 34 0
                                    


ကျွန်တော် ကျွန်တော့်နေရာမှာ ထိုင်ပြီး စာအုပ်ဖတ်ချက်ယောင်ဆောင်နေခဲ့တယ်။ ကျွန်တော် နောက်ကို ခဏခဏ ခိုးကြည့်တယ်။ သူ တကယ်ပဲ ပျောက်သွားခဲ့ပြီ။ အဲ့အချိန်မှာ ဝမ်ရှောင်းယုံက နောက်တံခါးက ခိုးကြောင်ခိုးဝှက် ဝင်လာတယ်။

အတန်းပြီးဖို့အထိ စိတ်ဆင်းရဲစရာကောင်းလောက်အောင် စောင့်ရတယ်။ ဝမ်ရှောင်းယုံကို မျက်လုံးနဲ့အချက်ပြလိုက်တော့ သူက ကျွန်တော့်ဆီလျှောက်လာပြီး ပျော်ရွင်စွာနဲ့ တိုးတိုးပြောတယ်။
" ဆရာက အရမ်းပရိုကျတာပဲ။ အဲ့ကောင်ကို ပညာပေးတဲ့အကြောင်းက ပြောစရာတောင်မလိုဘူး။ မောင်းပါမောင်းထုတ်ပစ်လိုက်နိုင်တယ်။"

ကျွန်တော် လန့်သွားပြီး - " ဘယ်လိုဖြစ်သွားလဲ "

ဝမ်ရှောင်းယုံက ထူးဆန်းသလိုနဲ့ - " ဒါဆို ဆရာက ရက်အတော်ကြာ အခန်းပိတ်နေပြီး ဘာမှမသိသေးဘူးပေါ့။ သူ့မိဘတွေနဲ့ ဆရာမလျိုကို သူ ဘာပြောလိုက်လဲတော့ ကျွန်တော် မသိဘူး။ သူ ဘေးခန်းကို ပြောင်းသွားတယ်။ သူက ကျောင်းပြောင်းချင်တယ်တောင် ပြောတာတဲ့။ ဒါပေမယ့် မပြောင်းဖြစ်ဘူး။ ဆရာမလျိုက အရမ်းစိတ်ဆိုးသွားတာ။ ဘာပဲပြောပြော သူက ဆရာမရဲ့တပည့်လိမ္မာလေးလေ။ ဟီးဟီး "

ကျွန်တော့ နှလုံးခုန်သံတွေက ပုံမှန်မဟုတ်တော့ဘူး။ ဒါက ပျော်ရွှင်တာလား စိတ်ပျက်တာလား ကျွန်တော် မသိတော့ဘူး။ ဒါ အရမ်းရှုပ်ထွေးတယ်။ ဝမ်ရှောင်းယုံက ကျွန်တော့်ကို စာအိတ်တစ်အိတ်ပေးပြီး ထူးထူးဆန်းဆန်းပြောတယ်။
" ဒါ ရတနာတွေ။ တန်ဖိုးထားသင့်တယ်။ "

ကျွန်တော် စာအိတ်ကို ကိုင်လိုက်တယ်။ အဲ့ဒါက ကျွန်တော့်လက်တွေကို မီးလို ပူလောင်စေတယ်။ အဲ့စာအိတ်ကို အလျင်အမြန် လွယ်အိတ်ထဲ ထည့်လိုက်တယ်။

အဲ့နေ့မှာ တမင်ရည်ရွယ်သလိုလို မတော်တဆလိုလိုနဲ့ ကော်ရစ်တာမှာ လမ်းလျှောက်ပြီး လှည့်ပတ်ကြည့်နေတယ်။ ကျွန်တော်ဘာကိုတွေ့ချင်တာလဲဆိုတာ ကျွန်တော်လဲ မသိဘူး။ ကျွန်တော်က နေ့ရက်တိုင်းကို အမှတ်တမဲ့ နေလာခဲ့တာ။ ဘယ်သူက ကျွန်တော်နဲ့ စကားပြောပြော အားလုံးက တခြားကမ္ဘာကနေ ကြားနေရသလို ထင်ယောင်ထင်မှား အသံတွေချည်းပဲ။

If only time stopped at the moment we first metWhere stories live. Discover now