ကိစ္စအားလုံးပြီးသွားတဲ့အခါ ကျွန်တော် သူ့ကို အိမ်ပြန်ပို့ပေးတယ်။ သူ့စက်ဘီးကိုလဲ သွားယူပြီး သူ့အိမ်ကို ပို့ပေးပြီးတော့ ကျွန်တော် ပြန်မယ်လုပ်မှ တစ်ခုကို သတိရသွားတယ်။ ကျွန်တော့်ကျောပိုးအိတ်ထဲက အဝတ်တွေကိုထုတ်ပြီး သူ့ကို ပြန်ပေးလိုက်တယ်။ သူ ကျွန်တော့်ကို အံ့သြသွားသလို ကြည့်ပြီး ဘာစကားမှမပြောလဲ အဝတ်တွေကို လှမ်းယူတယ်။ : ဒါတွေကို ငါကိုယ်တိုင်လျှော်ထားတာ : ဒါမှမဟုတ် တစ်ခုခု ကျွန်တော် သူ့ကိုပြောချင်ပေမယ့် ဘာမှမပြောဖြစ်ဘဲ စက်ဘီးနင်းပြီး အိမ်ကို ပြန်လာခဲ့တယ်။နောက်ဆုံးတော့ ကျွန်တော် သူ့ကို တစ်ခုခု ကူညီနိုင်လိုက်ပြီ။ ဒါက ကျွန်တော့် အပြစ်တွေ နည်းနည်းလျော့သွားသလို ခံစားရပေမယ့် ရုတ်တရက် ကျွန်တော့်ခေါင်းထဲ ရောက်လာတာက... သူ လဲကျရတဲ့အကြောင်းရင်းကလဲ ကျွန်တော်ပဲလေ။ အဲ့ဒါက ကျွန်တော့်ကို ပိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်။
သူ ရက်အတော်ကြာ ကျောင်းကို မလာဘူး။ တစ်ရက်မှ ရှောင်းလီက ကျွန်တော့်ကို လာရှာတယ်။ လီကျန့်ယွင်က ဆေးဖိုးတွေ ပြန်ပေးခိုင်းလိုက်လို့တဲ့။ ရှောင်းလီက ဉာဏ်ပြေးတယ်။ သူ ကျွန်တော့်ကို အပိုမေးခွန်းတွေ မမေးဘူး။ ကျွန်တော် ရှောင်းလီကို " ငါမလိုဘူး။ ပိုက်ဆံကို လီကျန့်ယွင်ဆီ ပြန်ပေးလိုက်" လို့ ပြောလိုက်တယ်။ ရှောင်းလီက အိုကေလို့ပြောပြီး ပြန်သွားခဲ့တယ်။
အဲ့နောက်ပိုင်း တစ်ခါတစ်လေ ကျွန်တော် လီကျန့်ယွင်နဲ့ ဆုံတဲ့အခါ သူ ကျွန်တော့်ကို လျစ်လျူရှူနေဆဲဖြစ်ပေမယ့် သူ့အမူအရာတွေက အရင်ကထက် ပိုနူးညံ့လာတယ်။
သိပ်မကြာခင်မှာပဲ ရှောင်းလီက ပိုက်ဆံကို လီကျန့်ယွင်ဆီ ပြန်မပေးဘူးဆိုတာ ကျွန်တော်သိလိုက်ရတယ်။ အဲ့ပိုက်ဆံတွေကို အကုန် သူသုံးပစ်လိုက်တယ်တဲ့။ ကျွန်တော် ရှောင်းလီကို ထိုးပစ်ချင်ပေမယ့် အဲ့လိုလုပ်လို့ ဘာမှထူးလာမှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်။
အဲ့လိုနဲ့ Grade11ကနေ Grade12ကို ရောက်လာတယ်။ ဒီစာသင်နှစ်ကတော့ အေးအေးချမ်းချမ်းရှိတယ်။ ကျွန်တော် လျစ်လျူရှူလို့မရတဲ့ လစ်ဟာနေမှုတစ်ခုကိုတော့ အမြဲခံစားနေရတယ်။ ကျွန်တော် ကျောင်းစာထဲမှာ စိတ်နှစ်ထားမှသာ အဲ့ဒါကို ဖျောက်လို့ရတယ်။ ဝမ်ရှောင်းယုံရယ် တခြားသူငယ်ချင်းတွေနဲ့လဲ သူငယ်ချင်းကောင်းတွေ ဖြစ်နေဆဲဆိုပေမယ့် အရင်လို မာဖီးယားတွေလို တခြားသူတွေနဲ့ ရန်သိပ်မဖြစ်တော့ဘူး။ သူတို့ ကျွန်တော် ပြောင်းလဲလာတာကိုမြင်ပြီး တဖြည်းဖြည်းနဲ့ လိမ္မာလာကြတယ်။ ဆရာဆရာမတွေနဲ့ကျောင်းသားတွေက ကျွန်တော်တို့ ပြောင်းလဲသွားတာကို အံ့သြကြတယ်။ အထူးသဖြင့် ဆရာဆရာမတွေက ကျွန်တော် ရင့်ကျက်လာတာကို ချီးကျူးကြတယ်။ ဒါပေမယ့် ကျွန်တော် ပြောင်းလဲလာတာရဲ့ တကယ့်အကြောင်းအရင်းအစစ်ကို ဘယ်တော့မှ သူတို့သိကြမှာမဟုတ်ဘူး။
YOU ARE READING
If only time stopped at the moment we first met
RomansaIf Only Time Stopped at the Moment We First Met [ Burmese Translation ] တကယ်လို့ အချိန်တွေက ငါတို့စတွေ့တဲ့ အခိုက်အတန့်လေးမှာပဲ ရပ်နေခဲ့မယ်ဆိုရင် ~ တစ်ဖက်သတ် အချစ်လို့ ထင်ရတဲ့ ~ ကျောင်းက ပြသနာကောင်လေးနဲ့ အတန်းခေါင်းဆောင်လေးတို့ရဲ့ကြားက ပုံပြင် ~ Auth...