(Zawgyi)
.
.
.[2008]
ကောင်းကင်မှာ နီညိုရောင် သန်းလာပြီ။ နေတောင် ဝင်တော့မည်...အခုထိ
ရှောင်ကျန့် အလုပ်ရှာမရ။ငယ်လွန်းတယ်..
ကျောင်းသားတွေ လက်မခံဘူး....ဆိုတာနဲ့တင် သူရှေ့ဆက်မရ။
ရှောင်ကျန့်...စက်ဘီးလေးကို ဘေးတိုက်တွန်းလာပြီး ရှေ့နားက ကုန်စုံဆိုင်ကို ဦးတည်လျှောက်လိုက်သည်...
ရေတစ်ဘူးလောက် ဝယ်ပြီးရင်တော့ အိမ်ပြန်ပြီး အနားယူမှပါဘဲ...
အထဲမဝင်ခင်...ဝင်ပေါက်မှာ ကပ်ထားသော စာရွက်ကြောင့် သူ့မျက်လုံးတွေ အရောင်လဲ့သွား၏။
Part timer အလိုရှိသည်..တယ့်။ သူ့အတွက် ဒါအခွင့်အရေးဘဲ...
မျှော်လင့်ချက်အပြည့်နဲ့ တံခါးကိုတွန်းပြီး ဝင်သွားရာ ဆိုင်ရှင်ကို ရှာလိုက်သည်။
"ဟယ်လို....လူရှိလားမသိဘူး..."
"အေးအေး...ခဏစောင့်...ထွက်လာခဲ့မယ်.."
ကောင်တာနောက်မှ စတိုခန်းလို့ထင်ရသော အခန်းငယ်တစ်ခုမှ အန်တီကြီးတစ်ယောက်ထွက်လာသည်....
"အေး..ပြောသား...ဘာရှာလို့လဲ"
"အာ...ရှာတာတော့မဟုတ်ဘူး... Part time သမားခေါ်နေတယ် ကြားလို့.."
"သြော်...ဟုတ်တယ်" သူ့ပုံစံကို အပေါ်ကြည့်အောက်ကြည့်နဲ့ အကဲခတ်နေတာကြောင့် မျက်နှာပူလာသည်...
"သားက အထက်တန်းကျောင်းသားလား..."
"ဟုတ်..ဟုတ်တယ်..." ဒီတစ်ခါလည်း အငြင်းခံရဦးမလား....
ဒါပေမယ့် ရှေ့က အန်တီကြီးက ပြုံးလိုက်တာကြောင့် သူကြောင်သွားသည်..
"အေးအေး....မင်း ဘယ်နေ့လောက် စဆင်းနိုင်မလဲ....မနက်ဖြန်အဆင်ပြေလား....ဒီမှာ ကိုယ်တစ်ယောက်ထဲ...လုပ်ရတော့ အဆင်မပြေဘူး..."
"ဟမ်..."
နေပါဦး..သူ့ကို အလုပ်ခန့်လိုက်တာလား...သူ့ရဲ့ သွားအကုန်ပေါ်တယ့်အထိ ပြုံးပြလိုက်တော့ အန်တီကြီးကလည်းရယ်သည်...အပြုံးဟာ ရောင်ပြန်တယ်ဆိုတာ ဒါကိုပြောတာထင်တယ်။

YOU ARE READING
Soul Repairer [Unicode & Zawgyi]
ActionA story of one tragic human being. #bl #Yizhan