(Unicode)
.
.
.ကားရေဒီယိုမှ သီချင်းအေးအေးလေး
နှင့်....ဝေ့ရင်း သီချင်းလေးလိုက် ညီးကာ ငြိမ်သက်စွာနဲ့ အိမ်ကို ပြန်လာနေ၏....အင်း...အိမ်လို့ဘဲပြောရမှာပေါ့.....ကမ္ဘာအနှံဘယ်လောက်ပဲ သွားသွားနောက်ဆုံး ဒီမှာဘဲ သောင်လာတင်တာဘဲကို...ပြင်သစ်ရဲ့ အလွန်တရာလှပတယ့်...
လမ်းတွေ၊တိုက်တာတွေဟာ...ခရီးသွားသူတွေရဲ့ ဆွဲဆောင်ရာနေရာတစ်ခု....နွေရာသီမို့ လမ်းမပေါ်တွေမှာ ခရီးသွားတွေ မျာူမေသယောင်.....အသက် ၆ နှစ်လောက် ရှိပုံပေါ်တယ့် ကလေးလေးဟာ သူ့အမေဖြစ်ပုံရသူကို လက်ချိတ်ကာဖြင့် platformပေါ်မှာ သွားနေတာကိုမြင်တော့....သူက်ုယ်တိုင်တောင်မသိဘဲ.....စတီယာတိုင်ကို
ဆွဲစုတ်မိသွားသည်.....ဘယ်သူထင်ဘယ်လဲ...ဒီလို ....
လှပတယ့်မြို့၊ အဆောက်အဦးမှာ
အကြောက်ရဆုံး.. ကြေးစားလူသတ်သမားနေမယ်လို့....သူ ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်ပြီး နဖူးပေါ်ကျလာသော ဆံပင်စကို သပ်တင်လိုက်ရင်း....ကားပေါ်မှ ဆင်းလိုက်သည်....
သူ့ရဲ့ style ကတော့ ဘယ်အချိန်ုကည့်ကြည့်အပြစ်ပြောစရာမလို....အခုလည်း သူလောလောလတ်လတ်ကမှ ဝယ်ထားတယ့် show ပွဲက long coat နဲ့ ကျနလို့ နေသည်....မျက်မှန်ပါးတစ်လတ်ကို တပ်ဆင်ထားခြင်းသည်က သူ့ရဲ့ မျက်နှာကို ပိုပြီး အလှ ဖော်ဆောင်ပေးလိုက်သလို...
လမ်းပေါ်မှ လမ်းသွားလမ်းလာတွေက လည်ပြန် ငေးကြည့်နေကြသည်...
(*French စကား)
"Woo...model လားမသိဘူး"
"ဟုတ်မယ် ထင်တယ်...ချောလိုက်တာ.."
"မိုက်တယ်နော်...'
ဝေ့ရင်းတော့ နှုတ်ခမ်းကို ဘေးတွန့်လိုက်ကာ....ယုံကြည်မှု အပြည့်နဲ့ သူ့လမ်းသူကိုသာ အာရုံမလွှဲဘဲ သွားနေလေသည်။
YOU ARE READING
Soul Repairer [Unicode & Zawgyi]
ActionA story of one tragic human being. #bl #Yizhan