CH 2:⭐(Z+U)

420 33 3
                                    

(Zawgyi)
.
.
[၂၀၀၈]

တီ...တီ...တီ

နိုးဖို့ အချိန်တန်ပြီဆိုပြီး နာရီလေးက အချက်ပေးလာသော်လည်း သူ့မှာ မျက်လုံး တောင်မဖွင့်နိုင်သေးပေ။ ဟို..လှိမ့် ဒီလှိမ့်နဲ့ မှိန်းနေလိုက်သည်။ မနက်ပိုင်း ထရတော့မယ်ဆိုရင် အိမ်ယာက....
နတ်ပြည်အလားဘဲ..

သို့သော် သူ့ရဲ့နတ်ပြည်ဟာ ကြာကြာမခံလိုက်....စူးခနဲ မျက်နှာပေါ်ကျလာသော အလင်းကြောင့် သူ့ပြတင်းပေါက် လိုက်ကာတွေကို ဖွင့်လိုက်ပြီဆိုတာ သိလိုက်တယ်...

မျက်မှောက်ကြုံ့လိုက်ကာ စောင်ကို ခေါင်းပေါ်ခြုံလိုက်ပြီး ကိုယ်ကို ကွေးလိုက်တော့.....ကျောပြင်သို့ ဗြန်းခနဲ ကျလာသော လက်ဝါးပြင်....

"အား...မားရာ..."နာသွားသော ကျောကို ပွတ်ကာ ဆံပင်စုတ်ဖွားနဲ့ ကောက်ထိုင်လိုက်သည်။ မျက်လုံးကို ပွတ်လိုက်သော်လည်း...ဝေဝါးဝါး ဖြစ်နေတာကြောင့် ဘေးစားပွဲ ပေါ်ရှိ မျက်မှန်ကိုကောက်တပ်လိုက်သည်...

ရိုက်လိုက်တာကတော့ မကြည့်မှန်းလဲ ဘယ်သူဆိုတာ သိသည်။ သူ့၏ ချစ်မားမား ဘဲလေ...ကြားရတော့မယ့် အသံတွေအတွက် စိတ်အားယူလိုက်ရတယ်...

"ရှောင်ကျန့်....နင် နာရီလည်းကြည့်ဦး...ကျောင်းပထမဆုံးနေ့ကို နေဖင်ထိုးမှထရလား....သူများတွေဆို ပထမဆုံးနေ့ ပြင်ဆင်ပြီးသွားကြတာ....ဟင်း....ငါ့သား ကျတော့ သူတောင်းစားနဲ့ နင်လာ၊ငါလားဘဲ.." သူ့အမေရဲ့ အက်ကြောင်းရာထင်နေပြီ ဖြစ်သော စကားတွေကို အသားပင်ရနေတာကြောသ့် မရေးတောင်မစိုက်...သူ့ အမေကတော့ တွတ်တွတ်ထိုးရင်း သူ့အခန်းက အဝတ်တွေကို ကောက်နေသည်...

ကုတင်မှ အနည်းငယ် ထိုင်ကာ မှေးလိုက်ပြီး နောက်မှ အားယူကာ ထလိုက်သည်....

ရေချိုးခန်းထဲသို့ ဝင်ကာ ခြေလက်သန့်စင်၊သွားတိုက် မျက်နှာသစ်ကာ ပြန်ထွက်လာပြီး အသင့်ထုတ်ထားပေးသော ကျောင်းဝတ်စုံလေးကို ကောက်ဝတ်လိုက်သည်...

အခန်းပြင်ထွက်လိုက်တော့ ကြမ်းပြင်ပေါ်မှာ အရင်လို ဟင်းစုံနဲ့ ပန်းကန်တွကို ချနေသော သူ့အမေ...သူတို့ကတော့ ဧည့်ခန်းလဲ ဒါ၊ မီးဖိုချောင်လည်း ဒါ၊ ထမင်းစားခန်းလဲ ဒါပါဘဲ...သူတို့ နေသော တိုက်ခန်းက သေးတယ်လို့ထင်ရပေမယ့် နှစ်ယောက်တည်း နေတာကြောင့် လိုတာထပ်ပင်ပိုပါတယ်.....အများတကာလို တင့်တင့်တယ်တယ် မနေနိုင်ပေမယ့်
ငတ်သေရအောင်လောက်ထိတော့
မဖြစ်သေးပါဘူး...

Soul Repairer [Unicode & Zawgyi]Where stories live. Discover now