CH 8:⭐(Z+U)

141 24 7
                                    

(Zawgyi)
.
.
.
RC တစ်ခုလုံး ပွက်လောရိုက်အောင် ဆူညံနေလိုက်ကြတာများ...ရှောင်ကျန့် basketball ပွဲရောက်နေသလား၊ concert ပွဲရောက်နေသလား မသဲကွဲတော့။ ဘေးက တစ်ချက်တစ်ချက်
အော်လိုက်တာများ တစ်ခါတစ်ခါ နားပါထုံတက်သွားချင်သလို ဖြစ်သွားသည်။

ဒီကနေ ထွက်သွားချင်တာကြောင့် အားကိုးအားထားနဲ့ ဘေးကိုကြည့်လိုက်တော့လည်း ဟိုနှစ်ကောင့်သားက
ဘယ်အချိန်ထဲက ပျောက်သွားမှန်းမသိ။

တစ်ကယ်ဆိုရင် မုန့်ဝယ်ကျွေးမယ်ဆိုလို့ လိုက်လာခြင်း ဖြစ်သည်...တော်ရုံဆိုရင် ရှောင်ကျန့် ကျောင်းအားကစားပွဲတွေဆို
လုံးဝစိတ်မဝင်စားပေ။

စိတ်မဝင်စားတာထက် ပျင်းဖို့ကောင်းလွန်းလှသည်။

သူ့အတွက်တော့ ဘောလုပွဲလို့ဘဲ ပြေးမြင်သည်။

ုဖြစ်ပုံကတော့ ကျန်းချန်တစ်ယောက် သူစာလုပ်နေသည့် စာကြည့်တိုက်ကို ရောက်ချလာပြီး ဤနေရာကို မုန့်နဲ့ မက်လုံးပေးကာ ခေါ်လာခြင်းဖြစ်သည်။ အမှတ်မရှိသော ရှောင်ကျန့်ကလည်း မုန့်ဆိုတာနဲ့ သွားလေးဗြဲပြီးလိုက်လာတော့သည်။

သူက မုန့်မက်တာမဟုတ်ရပါဘူး။

သူများ ကျွေးမယ့် မုန့်ဘဲ မက်တာပါ။

ယခုမှာတော့ အစဖော်မရအောင်ပင် ဘယ်ဘုံရောက်သွားမှန်းမသိ။အမြဲတမ်းသူ့တို တစ်ခုမဟုတ်တစ်ခု
ပြဿ      နာပေးမှ အိပ်ပျော်၊စားဝင်တယ့် ဟာတွေ။

ခုမှ ပြန်ထွက်ရင်လည်း ကြပ်ပိတ်နေသည့် လူအုပ်ကိုတိုးလျှင် အပြန်တော့မရောက်...အသက်ထွက်ဖို့ဘဲရှိသည်။

ခုံတန့်တွေက အဆင့်ဆင့်လိုက် ကန့်ကာစီထားတာကြောင့် သူခြေထောက်လှုပ်လိုက်တာနဲ့ သူများကို ထိပြီးသားဘဲ။

ဘာလို့ ခုမှ ဟိုနှစ်ကောင် အသည်းအသန်လာချင်တာလဲဆိုတာ သိသွားသလိုဘဲ။

ဒီကို ပွဲစည်အောင်လာတယ့် ကျောင်းသား၊ကျောင်းသူ အားလုံးက အားကစား စိတ်ဓာတ်ပြည့်ဝနေတာတော့ မဟုတ်လောက်ဘူး။

ဒါဆိုရင် အကြောင်းပြချက်က ဘာလဲ သိသာပြီ မဟုတ်လား။

ဒီလိုအချိန် စာလုပ်ရင် အဆင့် ၁ တွေအကုန် ထပ်ဆင့်ချိတ်ကုန်တော့မှာ။တစ်ဖက်က တွေးကြည့်ရင်လဲ ရည်းစားရဖို့က ပိုအရေးကြီးနေသလို။ (ရှောင်ကျန့်၏ မှတ်သားစရာ အဆိုအမိန့် -၁)

Soul Repairer [Unicode & Zawgyi]Where stories live. Discover now