(Zawgyi)
.
.
."မင်းးး...အယ်...နေပါဦး...မင်းကဘယ်သူလဲ..."
"ကိုယ့်ကို မမှတ်မိတော့ဘူးလား....."
ဝေ့ရင်း တစ်ချက်ရယ်လိုက်ကာ ဘေးမှ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်ထိုင်
လိုက်၏..မခန့်လေးစားပုံဖြင့်...ခြေထောက်နှစ်ဖက်ကို ခုံပေါ်ပစ်တင်လိုက်တော့ သူ့ရှေ့ကသူမှာ မျက်ခုံးတစ်ဖက်ပင့်သွားသည်..."မင်းက..body ကြီးပေမယ့် ငါ့ထက်တော့ငယ်ပုံရတယ်....မင်းကို သိမယ်ဆိုတည မဖြစ်နိုင်ဘူး....
အင်း ကလေးပေါက်စေ-ွးတန်းလန်းနဲ့ လျှောက်သွားတုန်းက သိတယ်ဆိုရင်တော့တစ်မျိုးပေါ့...."
မတ်တပ်ရပ်နေသူတစ်ယောက်မှာတော့ ဘာမှမပြော...ဒီလောက် မာနကို ထိခိုက်အောင်ပြောနေတာတောင် ငြိမ်ငြိမ်လေးနဲ့ သူ့မျက်နှာကိုသာ အကဲခတ်နေသည်....
ပြောင်ရှင်းသန့်နေသော မျက်နှာဟာ...မီးရောင်ကြားမှာ ဝင်းပနေသည်။ မျက်ခုံးထူထူ၊ နှာတန်မြင့်မြင့်ဟာလည်း ယောကျာ်းပီသမှုကို ပိုပြီးပေါ်လွင်စေသလို....
ဒါမယ့် သူ့လောက်တော့
ဘယ်ဟုတ်မလဲ...သူ ပိုချောတာပေါ့"ငြိမ်လှချည်လားဟ....ပြောပါဦး...ငါ့ကို ဘယ်လိုသိတာလဲ.."
"ဒီလိုဘဲ...ဝေ့ရင်းက နာမည်ကျော်ဆိုတော့...."
ဝေ့ရင်း တမင်မျက်လုံးပြူးပြ အံ့သြသလိုလုပ်လိုက်ပြီး ခြေထောက်ကို အောက်ချကာ သေချာမတ်၍ ထိုင်လိုက်သည်...
"ဝါး...ငါဒီလောက်နာမည်ကြီးမှန်းမသိထားဘူး...sign ယူဦးမလား...."
ဟိုဘက်ဖြေသံမကြားရတာကြောင့်
ပြုံးပြနေဟန်မှ....နတ်ဆိုးသဏ္ဏာန်
တည်သွားသည်....အပြုံးဆိုသည်မှာ ရှာမတွေ့နိုင်။
မအက်ဆက်သည့်အလျားပင်...သူ့ကို ကြေးစားဆိုလျှင် red လို့ဘဲ....
လူသိများကြသည်...red တောင် ဘယ်ပုံရှိလဲ မသိနိုင်ကြတာ သူစုံစမ်းနိုင်တယ်ဆိုတော့...
အကောင်ကြီးထဲကဘဲ ဖြစ်ရမယ်။ထိုသူသည်...ဝေ့ရင်း ကြေးစားမှန်းဆိုတာလည်း အသိသာကြီးပင်....
သူမရိပ်မိလောက်အောင် တုံး၊အတယ့်...
သူမဟုတ်။
YOU ARE READING
Soul Repairer [Unicode & Zawgyi]
AçãoA story of one tragic human being. #bl #Yizhan