Ch 9:☀️(Z+U)

144 18 4
                                    

(Zawgyi)

Present

မီးအမှောင်ချထားသော အခန်းတွင် ရှိသမျှသော စားပွဲခုံများမှာ အလုပ်လုပ်သော လူတစ်ယောက်မှ မရှိတော့သော်ဌားလည်း မီးလုံးလေးတစ်လုံးကိုသာ အားပြုပြီးတော့ လင်းနေတယ့် ခုံလေးတစ်ခုံတော့
ကျန်နေသေးသည်။ စားပွဲပေါ်မှာမူ ပွစာကျဲနေသော ဖိုင်တွဲညိုများမှာ ဟိုတစ်စု ဒီတစ်စုစီ စုပြုံနေပြီး အလယ်ကောင်မှာတော့ ပုံတစ်ချို့ကို အစီအရီချထားကာ သေသေချာချာ စိုက်ကြည့်နေတယ့် ယောကျာ်းလေးတစ်ယောက်ကို တွေ့ရပါလိမ့်မယ်။

ညအချိန် ၂ နာရီလောက်ရှိနေပြီဖြစ်သော်လည်း ထိုယောကျာ်းဟာ မအိပ်ပျော်ဖို့အတွက် အစွမ်းကိုကြိုးစားထားသည်ကို ဘေးမှ အထပ်လိုက်လိုက်ဖြစ်နေပြီဖြစ်သော ကော်ဖီ စက္ကူ ခွက်အလွတ်များက သက်သေခံနေတာဖြစ်သည်။

ထိုသူ သဲကြီးမဲကြီး ကြည့်နေသောပုံများမှာကလည်း တစ်ခုမှ လှလှပပ မရှိပေ။ အကုန်လုံး အော့နှလုံးနာစရာပုံရိပ်တွေဘဲ ဖြစ်သည်။

ဒါတွေကို စိတ်ဝင်တစားကြည့်ရှုပြီးတော့ စာရွက်တွေဖတ်နေသူကတော့ လက်ရှိ
ရှန်ဟိုင်းရဲ့ Homicide (မှုခင်း) ဌာနက အချစ်တော် ရီပေါ်ဘဲ ဖြစ်သည်။

အသက်အငယ်ဆုံး ဂုဏ်ပုဒ်ကိုလဲ ဆွဲကိုင်ထားပြီး ပင်ကိုစရိုက်က ဘုပေါက်နဲ့မို့ တစ်ဌာနလုံးသူနဲ့မတည့်ပေ။

စကားပြောတာ ဘုပေါက်ဖြစ်တာက အဓိကအကြောင်းအရင်းမဟုတ်။

လွန်ခဲ့သောနှစ်က အမှုလိုက်ရင်း မတော်တဆဖြစ်ပြီး ကိုမာဝင်သွားသော ရဲတစ်ယောက်ကို လာဘ်စားထားတယ်လို့ ထင်ရပြီး၊မူးယစ်ဆေးကိစ္စမှာ သက်သေပျောက်တာကို ထူးဆန်းတယ်ဆိုပြီး တင်သွင်းရာမှ သူ့ရဲ့ လူမုန်းများ ဇာတ်လမ်းကစသည်။

တစ်ဖက်ကလည်း ကိုမာဝင်သည် အထိ အနစ်နာခံသောရဲ အဖြစ် ဆုချီးမြှင့်ထားခံရတယ့်သူမလား။

သူအဆိုတင်သွင်းပြီးတုန်းကဆိုရင် ထိုရဲ၏ မိန်းမက ကိုယ်တိုင် သူ့အား ပါးလာရိုက်သွားသည်။ ဒါ့အပြင် သက်သေမခိုင်သော စွတ်စွဲချက်ကြောင့် အထက်အရာရှိတွေကသူ့အား အမှု စုံစမ်းခွင့်မပေးချေ။ ကံကောင်းသည်က အသရေဖျက်မှုနဲ့ တရားအဆွဲ မခံလိုက်ရတာလဲ တော်သေးသည်ဟု ဆိုရမလိုဘဲ။

Soul Repairer [Unicode & Zawgyi]Where stories live. Discover now