(Zawgyi)
ဲ.
.
.အိပ်ယာပေါ်ထက် အသာအယာချ ပေးလိုက်ရင်း ငြိမ်းချမ်းစွာနဲ့ ....
အိပ်ပျော်နေသော လူသားတစ်ဦး....သူ ဖြစ်နိုင်ရင် ဒီလို အချိန်လေးကိုဘဲ ရပ်တန့်နေစေလိုသည်...
အရင် ဆယ်နှစ်တုန်းကလိုဘဲ...မျက်နှာလေး ချောင်ကျသွားပြီး အရပ်နည်းနည်းရှည်လာသည်ကလွဲရင်....ဘာမှ မပြောင်းလဲသွားပေ...
သို့သော်...နှုတ်ခမ်းအောက်မှ မှည့်နက်လေးတစ်ခုတော့ တိုးလာသည်။
ဒါကြောင့် သူတွေဝေနေခဲ့ခြင်းသာ....သူ စတွေ့တုန်းက လွန်ခဲ့တုန်းက လွန်ခဲ့တယ့် တစ်ပတ်က Party ပွဲမှာ ဖြစ်သည်...အသက်ကြီးကြီး
လူတစ်ယောက်နဲ့ ဓာတ်လှေကားထဲ
ဝင်သွားသော သူမှာ ရှောင်ကျန့်နဲ့
အလွန်တူလှသည်ပေါ့...နောက်တစ်နေ့တော့ သူနဲ့ထွက်သွားခဲ့သည့်သူမှာတော့ သေဆုံးနေနှင့်ပြီ...
ဒါကို သူစိတ်ထဲမရှိ..ရှောင်ကျန့်နှင့်တူသော ကောင်လေးရဲ့ လုံခြုံရေးကိုပင် မလွန်စိုးရိမ်ပူပန်နေမိသည်။
လူလွတ်ကာ စုံစမ်းကြည့်တော့ ဘာမှ
သတင်းမျှ မရရှိခဲ့...ဘယ်သူထင်ထားမလဲ...ကံတရားက သူတို့နှစ်ယောက်ကို ဆုံစေခဲ့မယ်လို့...
သူရှိနေသည့် နေရာကို ဆိုက်ဆိုက်
မြိုက်မြိုက်ရောက်ရှိလာတာကြောင့် သူရဲ့ ရင်ခုန်သံတွေမြန်ခဲ့ရပြန်သည်...သူ အတည်ပြုချင်ခဲ့သည်...ရှောင်ကျန့်နှင့် တူသည့်သူလား..ဒါမှမဟုတ်...ရှောင်ကျန့် ကိုယ်တိုင်လားဆိုသည်ကိုပင်..
သူ နာမည်ခေါ်လိုက်သည့်အချိန် တုန်လှုက်သွားသော သူလေးကြောင့် မေးစရာမလိုဘဲ သက်သေနဲ့ပါတကွ သူသိရှိသွားခဲ့ပြီ...
သူ ရှာဖွေနေခဲ့ရသည့်သူမှာ
နောက်ဆုံးတော့ ကိုယ်တိုင်ပင်သူ့ရှေ့
ရောက်လာခဲ့သည်....ဒါကြောင့် ...
သူမယုံကြည်တယ့် ဘုရားကိုပင်
အလွန်ကျေးဇူးတင်နေသည်အထိ သူ
ပျော်ရွှင်နေမိသည်...လက်ဖမိုးလေးတွေက ဖြူဖွေးနေပြီး
သွေးကြောစိမ်းလေးတွေတောင် ပေါ်နေသည်.... အိပ်ပျော်နေသော သူထံတွင် အခွင့်အရေးမယူချင်ပင်မယ့်
သူတိုးတိတ်စွာနဲ့ လက်ချောင်းလေးတွေကိုတော့ အနမ်းတစ်ပွင့်ပေးလိုက်ပါရဲ့....
YOU ARE READING
Soul Repairer [Unicode & Zawgyi]
AçãoA story of one tragic human being. #bl #Yizhan