CH 6:⭐(Z+U)

311 42 2
                                    

(Zawgyi)
.
.
.
"ရှောင်ကျန့်!...ဝါး မင်းအလုပ်လုပ်လှချည်လား...ခုဘဲ ကျောင်းဆင်းတယ့်ဟာကို..."

ဆိုင်တံခါးဝမှ သူ့ရဲ့ ပေါင်းဖော်နှစ်ယောက်....ကျန်းချန် နဲ့ ရွယ့်ယမ်။

ကျောင်းဝတ်စုံတောင် မလဲရသေးတယ်ပုံပင်....ရေခဲချောင်းတစ်ယောက်တစ်ချောင်းကိုင်ကာ သူ့ရဲ့ ကောင်တာနား
ဆီကိုလျှောက်လာကြသည်။

ကျန်းချန် စင်တွေပေါ်မှ ခေါက်ဆွဲဘူး ၃ ဘူးလောက်ဆွဲယူလိုက်ပြီး သူ့ရှေ့ ကောင်တာပေါ်ကို တင်လိုက်သည်....

ရွယ့်ယမ်ကတော့ နောက်မှာ ရပ်ကြည့်နေသည်။

နှစ်ယောက်သား လိုက်ဖက်နေလိုက်ကြတာ....အင်း...သူ့ကို စိတ်ဒုက္ခပေးတယ့်နေရာမှာဆိုရင်ပေါ့....

ရှောင်ကျန့် သူ့ရဲ့ လျောကျခံနီးဆဲ မျက်မှန်ဝိုင်းလေးကို အသာအယာပင့် တင်လိုက်ပြီး မေးငေါ့ကာဖြင့် မော့ကြည့်လိုက်သည်....

"၈၀ ယွမ်ကျတယ်..."

"ဟာ များလိုက်တာ ပြန်စစ်ပါဦး...."

"၈၀ ယွမ်ဘဲ...."ရှေ့က ကွနပျူတာကို နလက်ကွက်နှိပ်သလိုလုပ်ပြလိုက်ပြီး ပြန်ဖြေတယ်။

"အေးပါကွာ...." အိတ်ထဲမှ ရှိသုမဲ့စုလေးတွေ ထုတ်တာ အကြွေဒဂ်ါးပြားတွေပါထွက်ကျလာသည်...ကောင်တာပေါ်မှာ ကြေမွနေတယ့် ငွေစက္ကူ သုံးရွက်နဲ့ များသွာတယ့် အကြွေဒဂ်ါးပြားတွေကို ရှေ့ထိုးပေးလာသည်...

သူ့ရဲ့ မျက်မှောက်ကျုံ့ထားတယ့် အကြည့်စူးစူးကိုမြင်တော့ သွား ၃၂ ချောင်းပေါ်အောင်ဖြဲပြသည်...

ရှေင်ကျန့်တစ်ခုပြီးတစ်ခု စိတ်ရှည်လက်ရှည် ရေတွက်ရင်းနဲ့....

"၄ ယွမ်လိုသေးတယ်"

"ဟင်...ဟဲ့ကောင် ရွယ့်ယမ်...မင်းမှာ ၄ ယွမ်လောက်ရှိလား...."

ဟိုဘက်ကလည်း အားကြိုးမာန်လက် လက်ခါပြသည်..

ရှောင်ကျန့် ရှေ့ကနှစ်ယောက်ကြည့်ရတာ မျောက်နှစ်ကောင်ကိုကြည့်ရသည့်အတိုင်းပင်....သူရဲ့ ပင်ပန်းနေတာတွေတော့ ပျောက်သွားပါရဲ့...

"တော်တော်...ငါဘဲ စိုက်ထားလိုက်မယ်..."

"ဟီးဟီး....ကျေးကျေး..."

Soul Repairer [Unicode & Zawgyi]Where stories live. Discover now