(zawgyi)အမှောင်ချထားတယ့် အခန်းမှာတွင် မီးရောင်စုံ ဟာ ကလပ်ထဲရှိ လူအများနှင့် အတူကခုန်နေပြီး DJ မှလည်း တီးလုံးပြင်းပြင်းကို နားအူမတတ်အထိ ဖွင့်ထားတယ်။
ဘေးမှာ ကောက်ကွေးအောင်ကနေကြသော မိန်းမတွေ နဲ့ ယောကျာ်းတွေကလည်း ဘယ်ရက်တည်းက ကဲဖို့တေးထားလည်းမသိပေ။
သူ့အသားကို ရံဖန်ရံခါ လာပွတ်သတ်ပြီး မထိတထိနဲ့ အသားယူချင်တယ့် russian အကောင်တွေကလည်းရှိသေးတယ်။
ဒါကြောင့် လူပြုံ ကြပ်နေသည့် ဤ ကစင်အလယ်မှ တွန်းတိုက်ပြီးတော့ လူရှင်းရာ ဘားသို့ ဖောက်ထွက်လာရတော့သည်။
"ဝီစကီ"
Bartender ကို သောက်စရာမှာလိုက်ပြီးတော့ သူ ကောင်တာကို မှီကာ လူတွေပွတ်သပ်နေတယ့် အကစင်ကို အဝေးကနေဘဲ လှမ်းကြည့်လိုက်သည်။
ကလပ်ရဲ့ ထောင့်တစ်ခုစီမှာတော့ အတွဲကိုယ်စီတွေနဲ့၊နမ်းနေလိုက်ကြတာ မျက်နှာတစ်ခုလုံးလဲ ပါးစပ်ထဲ ဝင်သွားမယ်လို့ ထင်ရတယ်။
ဟို၊ဒီကြည့်ရင်း အိတ်ကပ်ထဲက ဆေးလိပ်ကိုဘဲ ပါးစပ်ထဲ တေ့ထားလိုက်သည်။ မီးညှိဖို့ ဘောင်းဘီအိတ်ကို စမ်းကြည့်နေရာမှ သူ့ရဲ့ ဆေးလိပ်တိုထိပ်သို့ ရောက်ရှိလာသော မီးစလေး...သူမော့ကြည့်လိုက်တော့ suite အဖြူနဲ့ Francis ပါဘဲ...ဘာမှပြောင်းလဲသွားပုံမပေါ်...အရင်လို body တောင့်တောင့်...ရွှေရောင်ဆံပင်တွေကိုတော့ လှန်တင်ထားဆဲ..
"ခင်ဗျားကိုး....ဘာလာလုပ်တာလဲ။"
"Ouch...baby ကလည်း မတွေ့ရတာဖြင့် တစ်လလောက်ရှိပြီကို ဒီလိုကြီး တုံပြန်တော့ စိတ်တောင် မကောင်း...ဟူး.."
"စောက်ပိုတွေက ပြောပြန်ပြီ...တစ်လလောက် ပျောက်သွားပြီးမှ ရှေ့ကို သရဲလိုပေါ်လာပြီးတော့...သေပြီတောင်ထင်နေတာ"
"Baby ကိုယ့်ကိုလွမ်းနေတယ်ဆိုတယ့်သဘောပေါ့"
"ယီးကို လွမ်းရမှာလား...."
Francis သူ့အား လက်နဲ့ခါးကို ကိုင်ကာ ခေါင်းကလည်း လည်ပင်းစီသို့...မဟုတ်ရင် ခွေးရူးကျနေတာဘဲ...
အမြန်ရုန်းထွက်လိုက်ပြီး လက်မှ ဆေးလိပ်ကိုလည်း ပြင်းစွာရှိုက်လိုက်ပြီး သူ့မျက်နှာတည့်တည့်ကို မှုတ်ထုတ်လိုက်သော်လည်း..ဟိုကတော့ အပြုံးမပျက်...

YOU ARE READING
Soul Repairer [Unicode & Zawgyi]
AksiA story of one tragic human being. #bl #Yizhan