<Unicode>
"ဒေါက်...ဒေါက်...Zhanနိုးပြီလား''
"ဟုတ် ကိုကို(Yixing)''
"မြန်မြန်အောက်ကိုဆင်းလာခဲ့တော့ Zhan''
"ဟုတ် လာပါပြီ''
Zhanအောက်ရောက်တော့ ဧည့်ခန်းမှာ ပါးမားနဲ့ ကိုကို(Yixing)အပြင် Yiboကိုပါတွေ့တယ်
"ဟမ်...😮ကို😷.. Yiboရောက်နေတယ်''
ပါး👉'' ဒီမှာလာထိုင် Zhan''
Zhan👉''ဟုတ်ကဲ့ ပါး''
ပါး👉'' ရော့... ဒီပုံတွေကမင်းတို့ပုံတွေမလားး''
Zhan👉''အမ်...ဘာပုံတွေလဲ ပါး Zhanနားမလည်...😨ဒါ...Yibo''
Zhanတစ်ကိုယ်လုံးထူပူပြီး စကားတောင်ဆက်မပြောနိုင်တော့
ပါး👉'' ဟုတ်တယ်မလား မင်းတို့နှစ်ယောက်ပုံတွေ Xiao Zhanမင်းပါးကို ဒီလိုကျေးဇူးဆပ်လိုက်တာပေါ့ ဟုတ်လား ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ မျိုးရိုးဂုဏ်သိက္ခာကိုမှထည့်မတွက် ယောကျာ်းချင်းကြိုက်တယ်ဟုတ်လား ငါတို့မျိုးရိုးမှာဒါမျိုးမရှိဘူးကွ နားလည်လားးး👿''
ပါးရဲ့ဒေါသသံက ဧည့်ခန်းတခုလုံးဟိန်းထွက်သွားတယ်
မား👉'' ပါးရယ် စိတ်လျော့ပါ ကလေးတွေလန့်သွားဦးမယ် Yiboလည်းရှိနေတာကို''
ပါး👉''Yibo ဘာကြောင့်အိမ်ကိုခေါ်လိုက်ရတာလဲ သိတယ်နော် မင်းပြောပါဦး ဦးကမင်းကိုကိုယ့်သားလေးလိုချစ်တာမှန်တယ် ဒါပေမဲ့အခုမင်းကိုငါဘယ်လိုသတ်မှတ်ရတော့မှာလဲ''
Yibo👉''ဟုတ်ကဲ့ဦး သားတောင်းပန်ပါတယ် ဦးတို့ကိုသားတို့နှစ်ယောက်ဖွင့်ပြောဖို့ဆုံးဖြတ်ထားပြီးသားပါ Zhanကအဆင်သင့်မဖြစ်သေးဘူးဆိုလို့စောင့်နေတာပါ''
Yiboပြောသာပြောနေရပေမယ့် လက်ဖျားခြေဖျားတွေအေးစက်ပြီး ကြောက်နေတယ် Zhanကိုကြည့်တော့လည်း မျက်နှာမှာသွေးတောင်မရှိတော့
ပါး👉''သြော်...မင်းတို့ကဘယ်ထိဆက်သွားဖို့စဥ်းစားထားကြတာလဲ''
Yibo👉''သားတို့လက်ထပ်ပြီးအတူနေဖို့အထိပါ ဆုံးဖြတ်ထားတာပါ ဦး''
ပါး👉''ဘာ!!!!!!! ငါလုံးဝသဘောမတူဘူး လုံးဝပဲ ငါ့အသိုင်းအဝိုင်းမှာငါဘယ်လိုမျက်နှာပြရမလဲ ငါရှက်တယ် လိင်တူစိတ်ဝင်စားတဲ့သူက ငါ့သားဖြစ်နေရတယ်လို့ကွာ တောက်စ်!!''
မား👉''ပါးရယ်ကလေးတွေကို အေးအေးဆေးဆေးပြောပါနော် သူတို့လေးတွေနားလည်မှာပါ''
Zhan👉'' ပါး Zhanတို့တစ်ယောက်ကိုတစ်ယောက်ချစ်တာ ရှက်စရာမဟုတ်ပါဘူးပါး ဘာရာဇဝတ်မှုကိုမှလည်းကျူးလွန်နေတာမဟုတ်ပါဘူး လူတစ်ယောက်ကတခြားလူတစ်ယောက်ကိုချစ်တာ မှားလား ''
ပါး👉'' မှားတယ် လုံးဝမှားတယ် မင်းကယောကျ်ား မိန်းကလေးကိုပဲမင်းချစ်ရမယ်!!''
Zhan👉'' အချစ်ဆိုတာကကိုယ်ရွေးချယ်ပြီးချစ်လို့ရတာမဟုတ်ဘူးပါး ပါးကZhanကိုရှက်တယ်ဆိုရင် Zhanထွက်သွားမယ်!!!''
ပါး👉''ဘာ...ခွပ်...😱''တခါမှလက်နဲ့တောင်မရွယ်ဖူးတဲ့ပါးက Zhanကိုလက်သီးနဲ့ဆွဲထိုးလိုက်တာကြောင့် အကုန်လန့်ပြီး
မား Yixing👉 ''ပါးးးးး😲😨''
Yibo👉''Zhan!!!!! ဦးစိတ်ဆိုးရင် သားကိုထိုးပါ Zhanကိုတော့နာကျင်အောင်မလုပ်ပါနဲ့ တောင်းပန်ပါတယ်''
ပါး👉 ''မင်းကပါးကိုတောင်ပြန်ပြောရဲနေပြီပေါ့ဟုတ်လား မင်းတို့နှစ်ယောက်လုံးဒီနေ့ကစပြီး တွေ့စရာအကြောင်းမရှိတော့ဘူး Yiboလည်းအိမ်ကိုလုံးဝမလာနဲ့တော့''
ပါးလက်သီးဒဏ်ကြောင့် Zhanနှုတ်ခမ်းမှာသွေးထွက်ပြီးနာနေပေမယ့်Zhanဇွဲမလျှော့
Zhan👉''မဟုတ်ဘူး...ပါးး Zhanတောင်းပန်ပါတယ် Zhanတို့ကိုမခွဲပါနဲ့နော်😭😭😭''
Zhan ပါးရဲ့ရှေ့မှာဒူးထောက်ပြီးရှိုက်ကြီးတငင်ငင်ငိုနေတာမြင်တော့ မားရောYixingရောပါမနေနိုင်တော့
မား👉''Zhan သားလေး ထပါ ပါးရယ် ကလေးငိုနေပြီမလား လက်နဲ့တောင်မရွယ်ခဲ့တဲ့ရှင်ကခုတော့ ကလေးကိုနာကျင်အောင်လုပ်လိုက်ပြီလား''
ပြောရင်းမားပါငိုချလိုက်တယ် သူ့ကြောင့်မားငိုရတယ်ဆိုတဲ့အသိကZhanကိုပိုခံစားရစေတယ်
ပါး👉''မင်းဝင်မပါနဲ့ သွားအခန်းထဲကို Yixingခေါ်သွား မင်းမားကို''
Yixing👉''ပါးရယ် စိတ်လျော့ပါ အေးအေးဆေးဆေးဆွေးနွေးလိုက်ရင်...''
ပါး👉''မကြားချင်ဘူး ငါမနက်ဖြန်ဘယ်လိုမျက်နှာနဲ့Companyသွားရမှာလဲ ဒီပုံတွေသာပျံ့သွားပြီးတခြားလူတွေသိကုန်ရင်ဆိုတဲ့အတွေးနဲ့အိပ်လို့တောင်မပျော်ဘူး ဘာမှဆွေးနွေးစရာမလိုဘူး မင်းသွားတော့!!!''
Yibo👉''ဦးး သားတောင်းပန်ပါတယ် သားတို့နှစ်ယောက်...''
ပါး👉''Yibo မင်းပြန်တော့ Zhanကိုဘယ်တော့မှမဆက်သွယ်ပါနဲ့ ထပ်ပြီးဆက်သွယ်မယ်ဆိုရင် မင်းနဲ့အဝေးဆုံးကိုငါပို့ပစ်မယ် ဒီဓာတ်ပုံတွေပါယူသွားးး ငါမမြင်ချင်ဘူး''
Zhan👉''Yibo...Yiboမသွားပါနဲ့ ပါးးးးZhanတောင်းပန်ပါတယ် ပါးရယ် အဲလိုမလုပ်ပါနဲ့😭 Yibo....Yibo😭😭''
ပါးကZhanပြောတာကိုဂရုမစိုက်ဘဲ Yiboကိုခြံပြင်ကိုဆွဲထုတ်ပြီး တံခါးကိုသော့ခတ်တယ် ပြီးတော့ Zhanကိုလည်းအခန်းထဲမှာသော့ခတ်ပြီးပိတ်ထားတဲ့အပြင် ဖုန်းပါသိမ်းသွားတယ်
Zhan👉''ပါးးးးးတံခါးဖွင့်ပေးပါ ပါးးးး😭 မားးးး ကိုကို Zhanကိုတံခါးဖွင့်ပေးပါ''
ဘယ်လောက်ပဲအော်အော် ဘာမှတုံ့ပြန်ခြင်းမရှိခဲ့ဘူး Zhanဇွဲမလျှော့ဘဲ ဆက်ပြီးအော်နေခဲ့တယ် အောက်ထပ်မှာတော့
ပါး👉''မား Yixing နှစ်ယောက်လုံး လုံးဝငါမသိဘဲတံခါးမဖွင့်ပေးနဲ့ သူ့သူငယ်ချင်းေတွလာလည်းတွေ့ခွင့်မပေးနဲ့ တကယ်လို့မင်းတို့ငါမသိဘဲ Yiboနဲ့တွေ့ခွင့်ပေးခဲ့မယ်ဆိုရင် မင်းတို့နှစ်ယောက်လုံးအိမ်ပေါ်ကနှင်ချခံရမယ် ဒီပုံတွေပို့တဲ့သူကဘယ်သူလဲ ဘာရည်ရွယ်ချက်နဲ့ပို့လဲဆိုတာမသိရတဲ့အတွက် ကိုယ့်ဘက်ကပြင်ဆင်ထားရတော့မယ် ကြားလားး ပြီးတော့Xiao Zhanကို သူ့ဦးေလးရှိတဲ့ Australiaကိုပို့မယ် မား မင်းအကုန်ပြင်ဆင်ထားလိုက်တော့ ဒါပဲ''
ပါးကစကားကိုအပြတ်ပြောပြီး အခန်းထဲဝင်သွားတယ် ကျန်ခဲ့တဲ့မားနဲ့Yixingကတော့ ရင်ထဲမှာပူလောင်လွန်းလို့စကားတောင်မပြောနိုင်ကြတော့ဘူး မားကလည်းသူ့သားလေးကိုခွဲရတော့မယ်ဆိုတဲ့အတွေးနဲ့ အရုပ်ကြိုးပျက်ဖြစ်နေလိုက်တာ Yixingမကြည့်ရက်တော့
Yixing👉''မား အနားယူလိုက်ပါနော် မားလဲသွားလိမ့်မယ် Zhanအတွက်မားရှိနေမှဖြစ်မှာ အခန်းထဲမှာနားလိုက်တော့နော်''
Yixingမားကိုအခန်းထဲပို့စိတ်ငြိမ်ဆေးတိုက်ပြီးထားခဲ့လိုက်တယ် အခန်းပြင်ရောက်တော့
"တီ....တီ....Hello''
"Hello အစ်ကို ကျွန်တော်Yiboပါ ခဏလောက်စကားပြောလို့ရမလား''
"ရတယ် ညီ ခဏကိုင်ထား''
Yixingမြန်မြန်အပေါ်ထပ်တက်လာလိုက်တယ်
"ပြော ညီ''
"အစ်ကို Zhanဘယ်လိုနေသေးလဲ သူအဆင်ပြေရဲ့လား အရမ်းရောငိုနေလား အဆင်ပြေရဲ့လားအစ်ကို ဒဏ်ရာကရောအရမ်းနာနေမလားး''
Yiboရင်တွေပူလွန်းလို့ မေးခွန်းတွေပဲဆက်တိုက်မေးနေမိတယ်
"အစ်ကိုဘယ်လိုပြောရပါ့မလဲကွာ Zhanကိုပါးကအခန်းထဲမှာပိတ်ထားတယ် စိတ်မပူပါနဲ့အစ်ကိုမင်းတို့တွေ့ရအောင်စီစဥ်ပေးမှာပါ''
"အစ်ကို ကျွန်တော်တစ်ခုလောက်သိချင်လို့ အဲဒီ့ဓာတ်ပုံတွေဘယ်ကရတာလဲသိလား''
"အင်း ညီ မနေ့ကအမြန်ချောပို့နဲ့ရောက်လာတာ လိပ်စာတော့ပါတယ်ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်မယ် ခဏ.......''
"ဟုတ်..ရပြီအစ်ကို''
"ဘယ်သူပို့တာဖြစ်မလဲ ညီ ဒါတမင်တကာကို နောက်ကလိုက်ပြီးချောင်းရိုက်ထားတဲ့ပုံတွေကွ ညီနဲ့Zhanကို ကွဲစေချင်နေတဲ့သူပဲဖြစ်မယ် ပြီးတော့ညီတို့ရဲ့ဆက်ဆံရေးကိုသိတဲ့လူဆိုလို့ ကျောင်းကလူတွေပဲရှိတာ များသောအားဖြင့်ထောက်ခံတဲ့လူတွေကြီးပဲ ကန့်ကွက်တဲ့သူဆိုတာမရှိသလောက်ရှားတယ်လေ''
"ကျွန်တော်အခု အဲ့လိပ်စာကိုသွားစုံစမ်းလိုက်ဦးမယ် Zhanကိုသေချာဂရုစိုက်ပေးပါနော် ကျွန်တော်ဘယ်သူလဲဆိုတာ ခန့်မှန်းမိတယ်
အဲဒီ့ကောင်ကို တွေ့လို့ကတော့အသေသတ်ပစ်မယ် တောက်စ်!!!💀💀💀''
Yiboပြောနေရင်း ဒေါသထွက်လွန်းလို့မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတယ်
"စိတ်လက်မာန်ပါတွေလျှောက်မလုပ်နဲ့ညီ အစ်ကိုတို့ခေါင်းအေးအေးနဲ့စဥ်းစားကြတာပေါ့''
Yixing Yiboနဲ့ဖုန်းပြောပြီးတာနဲ့ Zhanအခန်းနားကိုသွားတယ် Zhanရဲ့ရှိုက်ပြီးငိုနေတဲ့အသံကိုကြားရတာ Yixingအတွက်တော့ အရမ်းနာကျင်ရတယ် သူ့ရဲ့ညီလေးဒီလိုရှိုက်ကြီးတငင်ငင်နဲ့ဝမ်းနည်းပက်လက်ငိုနေတာမျိုး သူပထမဆုံးမြင်ဖူးတာလေ အမြဲတမ်းပြုံးရယ်ပြီး သူများကိုပျော်ရွှင်အောင်ထားတဲ့ကလေးလေး
"ကိုကို စိတ်မကောင်းပါဘူး ကိုိကိုနဲ့မား ပါးကိုဖြောင့်ဖြလို့ရမယ်လို့ထင်ထားခဲ့ပေမယ့် ပါးအဲလောက်ထိကန့်ကွက်လိမ့်မယ်လို့ မထင်ထားဘူး Zhanရာ ကိုကိုအစွမ်းကုန်ကြိုးစားပြီးZhanနဲ့Yiboမဝေးရအောင်ကူညီမယ် ကတိပေးတယ်''
ဒီနေ့ညကတော့ Zhanတို့တစ်အိမ်လုံးတိတ်ဆိတ်ပြီး ဘာသံမှမကြားရ Zhanတစ်ယောက်ကတော့ ငိုရလွန်းလို့မောပြီး တံခါးနားလေးမှာပဲအိပ်ပျော်သွားရှာတယ်
အပြင်ဘက်ကကောင်းကင်ကြီးကလည်း မှောင်မိုက်ပြီး ကြယ်လေးတွေတောင် မရှိဘူးတဲ့ကွယ်😿
KAMU SEDANG MEMBACA
Skateboard story
Fiksi PenggemarUnicode & Zawgyi ဒီficလေးက ပထမဆုံးရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပေးနော် Yizhan shipperတစ်ယောက်မို့ Yizhan ficတွေပဲ ဦးစားပေးရေးဖို့ရှိပါတယ် ဖတ်ကြည့်ပြီးဝေဖန်ပေးဦးနော်😁😁