Part 30

4K 231 1
                                        

Zhanခွဲစိတ်ထားတဲ့ဒဏ်ရာကလည်းတော်တော်လေးသက်သာလာတာကြောင့် ဆရာ၀န်ကဆေးရုံကဆင်းခွင့်ပေးလိုက်တယ်
ဒါပေမဲ့Dr.ကျင်းရီကတော့တစ်ပတ်တစ်ခါလာလာကြည့်ပေးပြီးလိုအပ်တာတွေလုပ်ပေးတယ် ခြေထောက်ကတော့ကျောက်ပတ်တီးဖြည်ပြီးသွားပေမယ့် Nurseကတွဲကူနေရတုန်း ကြာတော့Zhanအိမ်ထဲမှာပဲနေရတော့ငြီးငွေ့လာတယ် ပါးကလည်းအရင်companyကထွက်ပြီး Yiboပါးနဲ့ဖက်စပ်companyတစ်ခုထောင်လိုက်တယ် ပါးကအဲ့မှာသူဌေးပေါ့ Yiboပါးကတော့ပြင်သစ်ကသူ့လုပ်ငန်းတွေကြောင့်ပါးကိုပဲအကုန်လွှဲထားတယ် မားကတော့သူ့ဆိုင်နဲ့သူ့အလုပ်တွေရှုပ်နေတယ် ဘာကြောင့်လဲဆိုတော့ Zhanဆေးရုံတက်နေတုန်းမှာအလုပ်တွေအများကြီးပစ်ထားရတာကြောင့်လေ Yixingကလည်းပြိုင်ပွဲအတွက်ပြင်ဆင်နေရတာနဲ့ကျောင်းကလည်းတက်နေရတာဆိုတော့ Zhanကိုအပြင်လိုက်ပို့ပေးဖို့မအားပြန်ဘူး Special Nurseငှားပေးထားတယ်ဆိုပေမယ့် Zhan Yiboတို့အလာကိုပဲမျှော်နေမိတယ် Yiboတို့ကကျောင်းဆင်းတာနဲ့သူ့ဆီလာပြီး စာတွေရှင်းပြတယ်စာမေးပွဲအတွက်စာကူလုပ်ပေးတယ် စကားတွေပြောပေးကြတယ် ပြီးတော့Zhanနေမကောင်းတာကြောင့်Yiboတို့လည်းပြိုင်ပွဲကနေနှုတ်ထွက်လိုက်ကြတယ် ဒီနေ့လည်း Zhanအစောကြီးနိုးနေပေမယ့်
Zhan👉"ဆရာမ မားတို့ရောဟင်"
Nurse👉"မနက်အစောကြီးတည်းကထွက်သွားကြပြီ အစ်မကိုလည်းမနေ့ကတည်းကစောစောလာပေးဖို့ဖုန်းဆက်ထားတာ Zhan ဘာလိုအပ်လို့လဲ အစ်မကိုပြောလေ မနက်စာပြင်လိုက်တော့မယ် ပြီးရင်ဆေးသောက်ရမှာမို့လို့ လာအစ်မနဲ့အောက်ထပ်ကိုဆင်းရအောင်"Nurseက Zhanကိုတွဲပြီးအောက်ထပ်ကဆိုဖာပေါ်ထိုင်ခိုင်းတယ် မနက်စာစားနေတုန်း
Nurse👉"Zhan ဖုန်းလာနေတယ် ဒီမှာ"
Zhan👉"ဟယ်လို ကိုကို ဒီနေ့စောစောလာခဲ့ပါလား Zhanအပြင်ထွက်..."
Yibo👉"ကိုဒီနေ့မလာနိုင်တော့ဘူး Zhan မအားလို့ ဒါပဲနော်"
Yiboကပြောစရာရှိတာပြောပြီးဖုန်းချသွားတော့ Zhanချက်ချင်းမျက်ရည်တွေ၀ဲတက်လာတယ်
"ဘာလို့ငါ့ကိုတစ်ယောက်တည်းပစ်ထားကြတာလဲ ခါတိုင်းဆိုငါ့အနားမှာပဲအားလုံးနေပေးကြပြီးတော့ ဒီရက်ပိုင်းမှာဘာလို့ငါ့အပေါ်အားလုံးကစိမ်းကားနေကြတာလဲ😢😩" Zhanတွေးရင်း၀မ်းနည်းလာတယ်
Zhan👉"ဆရာမ Zhanအပေါ်ပြန်တက်တော့မယ်"
Nurse👉"ဒါဆိုဆေးလေးတော့သောက်လိုက်နော် ရော့ မနက်ဖြန်ဆိုChristmasတောင်ရောက်ပြီ မပျော်ဘူးလားZhan"
Zhan👉"ဟုတ် ပျော်ပါတယ်🙂"
ဆေးသောက်ပြီးအခန်းထဲပြန်ရောက်တော့
အိပ်ရာပေါ်မှာလှဲရင်း Zhanငိုချင်စိတ်ကိုထိန်းမရတော့ဘဲငိုချပစ်လိုက်တယ်
နိုးလာလည်းZhanကျိတ်မှိတ်ပြီးပြန်အိပ်တယ် နိုးနေရင်ပိုပြီး၀မ်းနည်းမှာစိုးလို့တနေကုန်အိပ်ပဲအိပ်နေလိုက်တယ်
Yixing👉"ဆရာမ Zhanလေးအခြေအနေ ဘယ်လိုလဲ"
Nurse👉"တော်တော်ကြီးကောင်းနေပါပြီ  မနက်တုန်းကတောင် အပေါ်ထပ်ကိုတက်တာ အစ်မနောက်ကနေလိုက်ကြည့်ပေးရုံပဲ သူ့ဘာသာတက်သွားတာ အဓိကကစိတ်ပါပဲ သူလည်းသူများအကူအညီမယူချင်တော့တာလည်းပါမှာပေါ့ ဒါပေမဲ့ဒီနေ့မနက် ဘာကိုစိတ်မကောင်းဖြစ်နေလဲမသိဘူး မျက်ရည်တွေ၀ဲပြီး မျက်နှာလေးညှိုးနေတယ် ဒီသုံးလေးရက်မှာမျက်နှာတော်တော်လေးမကောင်းဖြစ်နေတာ ဒီနေ့လည်းတနေကုန်အခန်းထဲကနေအပြင်ကိုမထွက်ဘူး သွားကြည့်လိုက်တိုင်းအိပ်ပဲအိပ်နေတယ် အစ်မထင်တာတော့သူတစ်ယောက်တည်းအထီးကျန်နေလို့ဖြစ်လိမ့်မယ် ဒီရက်ပိုင်းသူ့သူငယ်ချင်းတွေရော အိမ်သားတွေရောကသူ့ကိုလစ်လျူရှု့ထားသလိုဖြစ်နေလို့ထင်တယ်မနက်ဖြန်Christmasမှာ အပြင်လေးဘာလေးလိုက်ပို့လိုက်ပါဦး အစ်မလည်းမနက်ဖြန်မလာဘူးနော်"
Yixing👉"ဟုတ်ကဲ့ကျွန်တော်တို့ဂရုစိုက်လိုက်ပါ့မယ် ကျွန်တော်တို့ပြန်ရောက်ပြီမို့ အစ်မအလုပ်ဆင်းလို့ရပြီနော် 🙂"
Nurse👉"ဟုတ်ကဲ့ ဒါဆိုအစ်မကိုခွင့်ပြုပါဦး"Nurseပြန်သွားတော့
Yixing👉"မား Zhanလေးကိုအမှန်တိုင်းပြောပြလိုက်ရအောင် ညီလေးစိတ်မကောင်းဖြစ်နေတယ်တဲ့"
မား👉"Xingရယ် မနက်ဖြန်ဆိုမားတို့စီစဥ်ထားတဲ့နေ့ရောက်ပြီပဲ ဒီညလေးပဲသည်းခံနော် မားလည်းသားငယ်လေးကို၀မ်းနည်းအောင်မလုပ်ချင်ပါဘူး သူအရမ်းပျော်သွားအောင်surpriseလုပ်ပေးချင်လို့ပါ သွားနားတော့နော် ညနက်တော့မှZhanလေးအိပ်ပျော်နေတာကိုသွားကြည့်ဦးမယ် ကိုယ့်သားကိုသုံးလေးရက်လောက်ခိုးခိုးကြည့်နေရတာ မနက်ဖြန်ဆို၀ဋ်ကျွတ်ပါပြီ"
ပါး👉"Yiboတို့အကူအညီတောင်းလို့သာ ပါးလည်းသားငယ်လေး၀မ်းနည်းနေတာကိုမကြည့်ရက်ဘူး"
Yixing👉"ပါးရယ် မနက်ဖြန်ရောက်ရင်ပြီးပါပြီ Zhanလေးလည်းဘာလို့သူ့ကိုဒီရက်ပိုင်းအားလုံးကပစ်ထားလဲဆိုတာ သူနားလည်သွားမှာပါ သားလည်းအပေါ်ရောက်ရင်Zhanလေးကို၀င်ကြည့်လိုက်ဦးမယ် Good nightမားနဲ့ပါး"
Yixingအပေါ်ရောက်တော့ Zhanအခန်းတံခါးကိုအသာလေးဖွင့်ကြည့်တယ် Zhanကအိပ်ပျော်နေတာနဲ့ အ​ေ၀းကနေပဲGood Nightလို့နှုတ်ဆက်လိုက်ပြီး အခန်းထဲ၀င်နားလိုက်တယ် သူအိပ်တော့မယ်လုပ်တော့ Yiboဆီကဖုန်း၀င်လာတယ်
Yibo👉"အစ်ကို ဒီနေ့Zhanအခြေအနေဘယ်လိုရှိလဲ အရမ်းစိတ်မကောင်းဖြစ်နေလားဟင်"
Yixing👉"အင်း စိတ်မကောင်းဖြစ်ပြီး အခန်းထဲမှာအိပ်ပဲအိပ်နေတယ် ခြေထောက်ကတော့တော်တော်သက်သာနေပြီ Yiboရယ် ဘာလို့ဒီလိုစီစဥ်ရတာလဲ မင်းလည်းအရမ်းတွေ့ချင်နေတာမလား အစ်ကို့ဆီဖုန်းတဂွမ်ဂွမ်ဆက်ပြီးမေးနေမယ့်အစား လာတွေ့လိုက်ပါလား"
Yibo👉"ကျွန်တော်လည်းတွေ့ချင်တာမှတပိုင်းသေနေပြီ အစ်ကိုလည်းသိရဲ့သားနဲ့Zhanကိုကျွန်တော်တစ်ရက်လောက်မတွေ့ရရင်မနေနိုင်တာကို လာတွေ့လိုက်ရင်စီစဥ်ထားတာတွေအလကားဖြစ်သွားမှာပေါ့ ကျွန်တော်Zhanကိုအံ့သြသွားစေချင်လို့ပါ ခုလိုကျွန်တော်နဲ့အတူတူပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို"
Yixing👉"အင်း ညီဒါပဲနော်"
တစ်ဖက်မှာYiboတို့လေးယောက်လဲဗြောင်းဆန်ပြီး ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့အလုပ်တွေရှုပ်နေတယ်
Yubin👉"ဟဲ့ ဖန်းယွီမ အစောကြီးတည်းကအလှဆင်ပါမယ်ဆိုတာကို အစားပဲစားနေတယ် အခုတော့သူများတွေအိပ်ချိန်မှာမှအသည်းအသန်လုပ်နေရတယ် အရူးမ"
ဖန်းယွီ👉"ဟဲ့ငါလည်းလုပ်နေတာပဲ ပြင်ဆင်ရတာတွေကအများကြီး ငါ့ကိုလာပြီးအပြစ်တင်မနေနဲ့ လူကြီးတွေကလည်းသူ့အလုပ်နဲ့သူအားတာမဟုတ်တော့ ငါတို့ပဲလုပ်နေရတာလေ ဒါပေမဲ့ငါတို့ထဲမှာYiboကမှပိုပင်ပန်းတာလေ သူ့မှာလက်ဆောင်အတွက်ရော big surpriseအတွက်ပါပြင်ဆင်နေရတာ စာလည်းလုပ်ရသေးတယ် ငါတို့ကမှလိုအပ်တာလေးတွေ၀ိုင်းလုပ်ပေးရတာ Yubinစုတ်ရဲ့ ​"
Yubin👉"Yiboရာမင်းကလည်း ပွဲစီစဥ်တဲ့သူကိုငှားတာမဟုတ်ဘူး သက်သက်မဲ့အပင်ပန်းခံနေတယ်"
Yibo👉"ဟင့်အင်း ငါကိုယ်တိုင်အပင်ပန်းခံပြီးလုပ်ပေးချင်တာ မင်းတို့အိပ်ချင်နေရင်သွားအိပ်ကြတော့ ငါပဲဆက်လုပ်လိုက်မယ်"
Yubin👉"အာ မင်းတစ်ယောက်တည်းလုပ်နေရင် မနက်ထိလုပ်နေရလိမ့်မယ် ငါတို့လည်းမနားတော့ဘူး အားလုံးပြီးမှနားကြမယ် အတူတူ"
မင်အာ👉"အဲဒါများပြောနေသေးတယ် တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်မနေနဲ့ ငါတို့လည်းဒုနှစ်၀က်စာမေးပွဲကခုလကုန်ပြီးပထမအပတ်မှာဖြေရမှာမို့ မနက်ဖြန်ပွဲမတိုင်ခင်စာတွေအပြီးလုပ်နေရတာလဲထည့်ပြောဦးလေ တော်သေးတာပေါ့ Zhanကိုစာမေးပွဲမှာလေ့ကျင့်ရမယ့်စာတွေအကုန်ရှင်းပြပြီးသားဖြစ်နေလို့ Zhanကိုလည်းတွေ့ချင်လိုက်တာ နေ့တိုင်းမြင်နေရာက သုံးလေးရက်လောက်မတွေ့ရတော့ သတိရလိုက်တာဟာ လမ်းစမ်းလျှောက်နေတာကောအဆင်ပြေရဲ့လားမသိဘူး"
Yubin👉"အမယ်လေး အစ်မတော် ဒီကZhanရဲ့ချစ်ချစ်ကြီးလွမ်းဖို့ထားဦး သူ့ခမျာမနည်းအောင့်အီးသည်းခံနေရှာတာ တွေ့ချင်တာကို ငါ့သူငယ်ချင်းကြီးမှာဓာတ်ပုံလေးကြည့်ပြီးအလွမ်းဖြေနေရတာ သူ့အတွက်သုံးလေးရက်ကသုံးလေးနှစ်လောက်ကြာချင်ကြာနေမှာ😁😁😁အဟိ"
ဖန်းယွီ👉"အဟိ ငါကတော့ မနက်ဖြန်ညYiboနဲ့Zhanဘယ်လိုတွေroကြမလဲဆိုတာပဲ ရင်ခုန်နေတယ်😂😂😂"
Yubin👉"နှာဘူးမ နင်တို့Fujoshiမတွေကတော့နော် မလွယ်ဘူး ဒါနဲ့Zhanကိုပေးမယ့်လက်ဆောင်ရော"
Yibo👉"အင်း လုပ်ပြီးပြီ လက်ဆောင်ကreadyပဲ Zhanခြေထောက်လည်းတော်တော်သက်သာနေပြီတဲ့ အစ်ကိုYixingဆီဖုန်းဆက်မေးပြီးပြီ"
ဖန်းယွီ👉"ဟဲ့မနက်ဖြန်Christmasနော် ပျော်စရာကြီး နှင်းကျရင်သိပ်ကောင်းမှာပဲဟာ ခုထိနှင်းမကျသေးဘူး ခါတိုင်းဆိုအစောကြီးနှင်းကျနေကြကို Yiboမနက်ဖြန်ငါတို့ကိုပါလက်ဆောင်ပေးရမယ်နော်"
မင်အာ👉"ဟုတ်တယ် ဟုတ်တယ်😊"
Yubin👉"အင်း Zhanတစ်ယောက်တော့မနက်ဖြန်ဘယ်လောက်တောင်အံ့သြသွားလိမ့်မလဲ တွေးရင်းနဲ့တောင်ရင်တွေခုန်တယ် ငါတို့လည်းဒီနှစ်ယောက်နဲ့မှ မြှားနတ်မောင်တွေဖြစ်လို့ ဒါပေမဲ့လည်းသူတို့ချစ်တာကိုကြည့်ပြီး ငါတောင်RSချိတ်ချင်လာပြီဟာ"
ဖန်းယွီ👉"ဟုတ်ပ သူတို့ကအသည်းတောင်တစ်ယောက်တစ်ခြမ်းနဲ့ Couple goalတာနော် သေသွားမယ်ရှင်သွားမယ် ဟူးးးငါ့ကိုလည်းအဲ့လိုအသည်းတစ်ခြမ်းပေးပြီးချစ်မယ့်လူဘာလို့မပေါ်လာသေးပါလိမ့်နော်"
Yubin👉😂😂😂ရယ်ရတယ် ဆုတောင်းနေ မမွေးသေးဘူးအဲ့လူက😂"
ဖန်းယွီ👉"အရူးကောင် အင့်ဟယ် အင့်ဟယ် ရယ်ဦးးး"
ဖန်းယွီတစ်ယောက်စိတ်တွေဆိုးပြီး Yubinကိုအသေတွေထုနေလေရဲ့ Yubinကလည်းYubinပဲ အရိုက်ခံနေရတာတောင်အရယ်မပျက်စနေသေးတယ် မင်အာနဲ့Yiboကတော့ သူတို့ကိုကြည့်ပြီးရယ်ပဲရယ်နေမိတော့တယ်
Yiboတို့အားလုံးပြင်ဆင်ပြီးလို့နာရီကြည့်လိုက်တော့ ည၂နာရီထိုးနေပြီ ကံကောင်းတာကမနက်ဖြန်ကျောင်းပိတ်ရက်မို့ မနက်အစောကြီးထစရာမလိုဘူးလေ Yiboတို့လေးယောက်ခြံထဲမှာအားလုံးပြင်ဆင်ပြီးတော့ ဖန်းယွီတို့နှစ်ယောက် တီလေးစီစဥ်ပေးတဲ့အခန်းမှာသွားအိပ်ကြတယ် Yiboနဲ့Yubinကတော့ Yiboအခန်းထဲမှာပဲအိပ်ကြတယ် အိပ်ခါနီး
"Zhanလေးရေ Merry Christmasနော်"လို့ပြောပြီး Zhanပေးထားတဲ့စကိတ်ဘုတ်လေးကိုဖက်ရင်းအိပ်လိုက်တယ်❤️❤️💚💚

Skateboard storyDonde viven las historias. Descúbrelo ahora