"ဆရာ ကျေးဇူးပြုပြီး Zhanကိုကယ်ပါဦးးး😭တောင်းပန်ပါတယ် Zhan ကိုခေါ်တာကြားလား Zhan!!!!😭"
Yiboရင်တွေပူလွန်းလို့ Zhanနာမည်ကိုပဲခေါ်နေမိတယ်
"လူနာနဲ့ဘာတော်လဲမသိဘူး လူနာရှင်မဟုတ်ရင် မြန်မြန်လူနာရှင်ကိုခေါ်ပေးပါ အရမ်းအရေးကြီးနေလို့ပါအခြေအနေက ရှင်ကတော့ ဒီအပြင်မှာပဲစောင့်နေပေးပါ"
သူနာပြုကအဲလိုပြောပြီး Zhanကိုအရေးပေါ်ခွဲစိတ်ခန်းထဲသွင်းသွားတယ် ဆရာ၀န်တွေလည်းပြာယာခတ်ပြီးအလုပ်တွေရှုပ်နေကြတယ် Yiboလည်းမြန်မြန်တီလေးဆီဖုန်းဆက်လိုက်တယ်
"တီလေးးး😭 Zhan...သူ..ကားတိုက်ခံရလို့ အခုဆေးရုံမှာ တီလေးမြန်မြန်လာခဲ့ပါ😭"
"ဘာ😱 ကားတိုက်...ခဏလေး မငိုနဲ့ဦး တီလေးမေးတာဖြေပါဦး ဘယ်ဆေးရုံလဲ သား"
"ကျင်းလုံ ဆေးရုံ" ပြောပြီးYiboဖုန်းချလိုက်တယ် ဖုန်းချလိုက်ပြီးတာနဲ့ Yubinဆီကဖုန်း၀င်လာတယ်
"Yiboရေ ငါတို့အခုချန်လင်မိဘတွေဆီက ပြန်လာတာ သွားဆွေးနွေးတာ အဆင်ပြေတယ် အစ်ကိုYixingပါငါတို့နဲ့အခုရှိနေတယ် Yibo..မင်းငိုနေတာလား😳 Yibo!!!! ဘာတွေဖြစ်နေတာလဲ..."
"Yubin😭 Zhan Zhanကားတိုက်ခံရလို့ အခုဆေးရုံမှာ အရေးပေါ်ခွဲစိတ်ခန်းထဲ၀င်သွားတယ်"
"ဘာ.....ငါတို့အခုလာခဲ့မယ် ဘယ်မှာလဲ"
"ကျင်းလုံ😭"
ဖန်းယွီ👉"ဟဲ့ ဘာတဲ့လဲ နင့်မျက်နှာကြီးက သွေးတောင်မရှိတော့ဘူး "
Yubin👉"Zhan ကားတိုက်ခံရလို့တဲ့"
"😳😱😱😱"
Yixing👉"ဘာ.....အခုဘယ်မှာလဲ ငါ့ကိုမြန်မြန်ပြောစမ်း!!!" Yixingတစ်ယောက်ထူပူပြီး မျက်ရည်တွေ၀ဲလာတယ် ဖန်းယွီတို့လည်း လန့်ပြီးစကားတောင်မပြောနိုင်ကြတော့
"မြန်မြန်ကားပေါ်တက် ကျွန်တော်ဘယ်ဆေးရုံလဲ သိတယ်"
Yubinကားကိုအသားကုန်အရှိန်တင် ကားတွေအကုန်လုံးကိုလည်းကျော်ခွပြီးမောင်းချလာတာ ဆေးရုံရောက်တော့ အရေးပေါ်အခန်းရှေ့မှာဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ ပြာယာခတ်နေတဲ့ Yiboကိုတွေ့တယ်
Yixing👉"Yibo!! ပြောပါဦး အစ်ကို့ညီလေးရော!! "မျက်ရည်တွေ၀ဲပြီးစိုးရိမ်နေတဲ့Yixingကိုကြည့်ပြီး
Yibo👉"အစ်ကို ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်😭😭😭"
Yiboငိုရင်း Yixingရှေ့မှာဒူးထောက်ပြီးထိုင်ချလိုက်တယ်
ဖန်းယွီ👉"သူငယ်ချင်းရယ် ဘယ်လိုဖြစ်ရတာလဲ😭😭"
မင်အာ👉"Zhanဘာမှမဖြစ်လောက်ပါဘူးဟာ ငါတို့စောင့်ကြည့်ရအောင်😭"
Yubin👉"ဟိုမှာ တီလေးတို့လိုက်လာပြီ!!"
"Zhanလေး Zhanလေး သားလေး!!!!😭"
Zhanရဲ့မားအသံကအေ၀းကြီးတည်းကကြားနေရတယ် ဘေးမှာပါလာတဲ့Zhanရဲ့ပါးကလည်း မျက်နှာမှာသွေးတောင်မရှိတော့ တီလေးကလည်းမျက်ရည်တွေရွှဲလို့ ည၀တ်အကျီကြီးနဲ့"
မား👉"Xing!!!သားငယ်လေးရော!😭"
Yixing👉"မားးး 😭Zhan အခုအရေးပေါ်ခွဲစိတ်ခန်းထဲမှာ"
မား👉"ပါးး😭ရေ လုပ်ပါဦး ကျွန်မတို့သားလေး😭 ကျွန်မသားလေး..." ပြောနေရင်းနဲ့ သတိပါလစ်သွားတယ်
Yixing👉"မား!!!!!လုပ်ကြပါဦး မားသတိထားဦး မား"
အော်ဟစ်ဆူညံသွားတာကြောင့်သူနာပြုတွေပြေးလာကြတယ် Yixingတစ်ယောက်မားကိုကုန်းပိုးပြီး သူနာပြုနောက်ကိုလိုက်သွားတယ် Zhanရဲ့ပါးရောတီလေးရောလိုက်သွားကြတယ်
Yibo👉"တောက်စ်...အဲဒါငါ့ကြောင့်ဖြစ်တာ ငါ့ကြောင့် Zhanအစားငါဖြစ်ရမှာ!!!! ဒုန်းးးးဒုန်းးး" နံရံကိုလက်သီးနဲ့ထိုးရင်း Yiboငိုနေမိတယ် Yubinတို့ကလည်း၀ိုင်းဆွဲကြတယ် အားလုံးတစ်ယောက်နဲ့တစ်ယောက်ဖက်ပြီးငိုနေကြတာ ခွဲခန်းထဲကဆရာ၀န်ထွက်လာတော့မှ
"လူနာရှင် ဘယ်သူလဲ!"
Yibo👉"ပြောပါဆရာ"
Dr.👉"လူနာကအခုအသက်အန္တရာယ်ကနေလွတ်သွားပေမဲ့ နောက်ထပ်အရေးကြီးတဲ့ခွဲစိတ်မှုကြီးတစ်ခုလုပ်ရဦးမယ် လူနာရဲ့မိဘတွေနဲ့စကားပြောမှဖြစ်မယ်" ထိုစဥ်
"ကျွန်တော်ပါ ကျွန်တော်ကသူ့အဖေပါ😢"
Zhanရဲ့ပါးအမောတကောနဲ့ဆရာ၀န်ဆီပြေးလာတယ် သူ့ခမျာမိန်းမကိုစိတ်ပူတာတမျိုးသားကိုစိတ်ပူတာတမျိုးနဲ့ ဘေးကကြည့်နေတဲ့လူတွေတောင် သနားလွန်းလို့ ဘာပြောရမှန်းတောင်မသိကြတော့
Dr.👉"လူနာကအချိန်မီှရောက်လာတာကြောင့် အသက်အန္တရာယ်ကလွတ်သွားပေမယ့် ပြောရရင်ဦးနှောက်သွေးမယိုအောင်ကာကွယ်လိုက်နိုင်ပေမယ့် ခြေထောက်တစ်ဖက်ကျိုးသွားတယ် နံရိုးတွေလည်းကျိုးသွားတယ် အဲ့မှာမှနံရိုးနှစ်ချောင်းကအသည်းမှာသွားစိုက်နေတယ်ခင်ဗျ အကယ်၍နံရိုးနှစ်ချောင်းဖယ်လိုက်ရင်တောင်အသည်းကလုံး၀အလုပ်လုပ်မှာမဟုတ်တော့ဘူး တော်တော်ကိုဆိုးတဲ့အခြေအနေဖြစ်နေတယ် နှစ်ရက်အတွင်းမှအသည်းအစားမထိုးရင် ကျွန်တော်တို့လည်းဘာမှမတက်နိုင်ပါဘူး အခုဆေးတွေနဲ့ထိန်းထားပေမယ့် အကြာကြီးတော့ခံမှာမဟုတ်ဘူး အမြန်ဆုံးအသည်းအလှူရှင်ရှာမှဖြစ်မယ် ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပေးပါ့မယ် ခွင့်ပြုပါဦး"
ဆရာ၀န်ထွက်သွားတော့ Zhanရဲ့ပါးတစ်ယောက်မတ်တပ်တောင်မရပ်နိုင်ဘဲ လဲကျသွားတယ်
Yibo👉"ဦးးး😭 ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်"
ပါး👉"မဟုတ်ဘူးး ငါ့ကြောင့် ငါသာအတ္တမကြီးခဲ့ရင် ငါ့သိက္ခာကိုဦးစားမပေးခဲ့ရင် သားငယ်လေး ပါးတောင်းပန်ပါတယ် ပါးကြောင့်😭😭😭"
ဖန်းယွီ👉"ဦးရယ် မငိုပါနဲ့ အသည်းအလှူရှင်က ချက်ချင်းတောင်ရှာတွေ့နိုင်တယ် အခုပဲဖန်းယွီတို့အားလုံးဆေးသွားစစ်မယ် တစ်ယောက်မဟုတ်တစ်ယောက်နဲ့တော့တူမှာပဲ လုံး၀စိတ်မပူနဲ့ ဦး Zhanက ဖန်းယွီတို့အချစ်ဆုံးသူငယ်ချင်းပါ "
Yibo👉"ဟုတ်တယ် ဦးကျွန်တော်လည်းအခုသွားစစ်မှာ ဘာမှမစိုးရိမ်နဲ့ Zhanအတွက်ဆို ကျွန်တော့်နှလုံးသားကိုတောင်ထုတ်ပေးနိုင်တယ်"
ပါး👉"ကျေးဇူးပါ သားတို့သမီးတို့ရယ် ဦးမင်းတို့အပေါ်ရင့်ရင့်သီးသီးပြောခဲ့မိတာတွေအတွက်တောင်းပန်ပါတယ် ဦးကိုခွင့်လွှတ်ပါကွာ"
Yibo👉"ရပါတယ် ဦးရယ် ဦးကိုတခါမှစိတ်မဆိုးခဲ့ပါဘူး ဦးမှာလည်းဦးရဲ့ဒဏ်ရာနဲ့မို့လို့ပဲလေ"
ခဏနေတော့ Zhanအရေးပေါ်ခန်းထဲထွက်လာပြီး အထူးကြပ်မတ်ဆောင်ကိုရွှေ့ထားလိုက်ကြတယ် ဒါပေမဲ့မှန်လုံခန်းထဲမှာပဲထားထားပြီးလူနာတွေ့ခွင့်လုံး၀မရခဲ့ဘူး သို့သော်လည်းYiboအဲ့အခန်းရှေ့ကလုံး၀မခွာဘဲမှန်အပြင်ဘက်ကနေပဲတချိန်လုံးZhanကိုကြည့်နေမိတယ် Dr.ကျင်းရီအကူအညီကြောင့်ဆရာ၀န်တွေကဆေးစစ်ဖို့ကိုလည်းချက်ချင်းလုပ်ပေးကြတယ် Yiboတီလေးကတော့ အားလုံးစားဖို့သောက်ဖို့ပြင်ဆင်ပေးလိုက် ဆေးရုံမှာလဲ၀တ်ဖို့အ၀တ်အစားတွေသွားယူပေးလိုက် Zhanရဲ့မားကိုပြုစုပေးလိုက်နဲ့ ချွေးတလုံးလုံးနဲ့အလုပ်ရှုပ်နေတယ် Yiboတို့အားလုံးကတော့ဆေးစစ်ချက်အဖြေကိုမျှော်လင့်တကြီးနဲ့စောင့်နေကြတာပေါ့ ည၁၁နာရီလောက်ကျတော့မှ
Dr👉"ဆေးစစ်ချက်အဖြေတွေရပါပြီ"
Yibo👉"ဟုတ်ကဲ့ဆရာ မြန်မြန်ပြောပါ"
Dr👉"ဟုတ်ကဲ့ ဆေးစစ်တာအားလုံးပေါင်း၃ယောက်ကိုက်ညီပါတယ် လူနာရှင်ရဲ့အမေ Yibo မင်အာ ဒီထဲမှာကျွန်တော်ပြောလိုက်တဲ့နာမည်နဲ့လူတွေရှိလား"
Yibo👉"ရှိပါတယ် ကျွန်တော်Yiboပါ " Yibo၀မ်းသာလွန်းလို့ မျက်ရည်တွေပါစီးကျလာတယ်
Dr.👉"လူနာနဲ့ဘာတော်လဲမသိဘူး ညီအစ်ကိုလား"
Yibo👉"ကျွန်တော့်ချစ်သူပါ ဆရာ"
Dr.👉"ဗျာ😳 အာ...သြော်ဟုတ်ကဲ့ မင်အာဆိုတာကရော"
မင်အာ👉"ဆရာ သမီးပါ☺️"
Dr.👉"သမီးကကိုက်ညီတာတော့ မှန်တယ် ဒါပေမဲ့မေ့ဆေးနဲ့ငယ်ငယ်တည်းကဓာတ်မတည့်ဘူးလို့ဖြေထားတာကြောင့်ခွဲစိတ်ဖို့အဆင်မပြေနိုင်လောက်ဘူး ပြီးတော့လူနာရဲ့အမေကလည်း နေမကောင်းလို့ဆေးကုသမှုခံယူနေတာကြောင့် ဒီကYiboဆိုတဲ့ညီလေးပဲ လှူလို့အဆင်ပြေမယ်ထင်တယ် ဖြစ်ရဲ့လား"
Yibo👉"ရတယ် ဆရာ အခုပဲခွဲပါဆရာ ကျွန်တော်တို့အကူအညီတောင်းတာကိုအကုန်ကူညီပေးလို့ကျေးဇူးတင်ပါတယ်"
Dr.👉"ဟုတ်ကဲ့ ရပါတယ် Dr.ကျင်းရီကလည်းအကူအညီတောင်းထားတာကြောင့်ပါ ကျွန်တော်တို့တခြားစစ်ဆေးစရာလေးတွေရှိနေသေးလို့ အခုချက်ချင်းခွဲခန်းအ၀တ်အစားလဲပြီး ကျွန်တော့်ဆီလာခဲ့ပါနော်🙂"
Yibo👉"ကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်!!"၀မ်းသာလွန်းလို့ အော်ပြီးပြောလိုက်တဲ့အသံက ဆေးရုံထဲကလူတွေပါ၀ိုင်းကြည့်ကုန်ကြတယ်
Yixing👉"ကျေးဇူးအရမ်းတင်ပါတယ် ညီရာ တကယ်ကျေးဇူးတင်ပါတယ်😭"
Yibo👉"မဟုတ်တာ ကျွန်တော်ကသာကျေးဇူးတင်ရမှာ ကျွန်တော့်ကိုအပြစ်မတင်ဘဲအဆုံးထိနားလည်ခွင့်လွှတ်ပေးလို့🙂"
ဖန်းယွီ👉"ငါတို့ဒီ၀မ်းသာစရာသတင်းကို လူကြီးတွေကိုမြန်မြန်သွားပြောရအောင်😄"
လူကြီးတွေကလည်းဒီသတင်းကိုကြားပြီးအရမ်းပျော်နေကြတယ် လူကြီးတွေနဲ့စကားပြောပြီးတော့Yubinတို့သုံးယောက်ပျောက်သွားတယ် အစ်ကိုYixingကိုလည်းမတွေ့တော့ သူတို့Zhanကိုသွားတွေ့တာနေမှာပါလေဆိုပြီး Yiboလိုအပ်တဲ့ဆေးစစ်ချက်တွေလုပ်ပြီးတာနဲ့လူနာခန်းထဲမှာနားနေလိုက်တယ် Yiboပင်ပန်းလွန်းလို့အိပ်ပျော်သွားတာ နိုးလာလို့နာရီကြည့်လိုက်တော့ မနက်၉နာရီထိုးနေပြီ
Yubin👉"နိုးပြီလား ငါတို့သူငယ်ချင်းကြီးကဒီနေ့ညနေခွဲစိတ်ခန်း၀င်ရမှာမို့ အားရှိမယ့်အစားအစာတွေကြီးပဲ၀ယ်လာခဲ့တယ် အကုန်စားရမယ် ဒါပဲ"
ဖန်းယွီ👉"ဟုတ်တယ် နေ့လည်၁၂နာရီကနေခွဲစိတ်ခန်း၀င်တဲ့အချိန်ထိ ဘာမှမစားရတော့ဘူးဆိုတော့ ခု၀အောင်စား"
မင်အာ👉"ခွဲခန်းထဲ၀င်ရမယ့်အချိန်က ညနေမှဆိုတော့ အ၀အိပ်ပြီးအနားယူ Zhanဆီလည်းငါတို့သွားပြီးပြီ ဆရာ၀န်တွေကနောက်ထပ်ခွဲစိတ်မှုလုပ်ရင်Zhanခံနိုင်ရည်ရှိအောင်လို့လိုအပ်တဲ့ဆေးတွေထပ်သွင်းပေးနေတယ် Zhanပါးနဲ့မားကတော့အဲ့အခန်းနားမှာပဲစောင့်နေကြတယ် တီလေးကတော့အိမ်ခဏပြန်သွားတယ် ဘိုးနဲ့ဘွားကိုလိုအပ်တာလေးတွေပြန်လုပ်ပေးရဦးမှာမို့ ပြီးတော့နင်တို့နှစ်ယောက်လုံးအတွက်လည်းခွင့်ရက်ရှည်ယူပေးထားတယ် ခွဲစိတ်မှုတွေပြီးမှပဲပြောစရာရှိတာတွေဆက်ပြောတော့မယ်"
Yubin👉"ဟဲ့နင်တို့ဟိုတရား..."
ဖန်းယွီ👉"နင်😏 Yubin ဘာမှမပြောနဲ့တော့ Yibo စားတော့မလား ငါပြင်ပေးမယ်"
Yibo👉"နင်တို့မနေ့ညကဘယ်ပျောက်သွားတာလဲ"
ဖန်းယွီ👉"အေး ငါတို့လိုအပ်တာလေးတွေသွားလုပ်တာ ခုတော့ဘာမှမမေးနဲ့ ဟုတ်ပြီလား"
Yibo👉"မင်းတို့လည်းငါ့ကြောင့်ပင်ပန်းသွားပြီ ကျေးဇူးအရမ်းတင်တယ်နော် "
မင်အာ👉"မလိုပါဘူး ငါတို့ကမိသားစုတွေလေဟာ နင်တို့နှစ်ယောက်သာကျန်းကျန်းမာမာနဲ့ ခွဲခန်းထဲကပြန်ထွက်လာခဲ့ ဟုတ်ပြီလား ဒီနေ့တော့ ငါတို့အားလုံးဆေးရုံမှာပဲအိပ်စောင့်မှာ အိမ်ကလည်းခွင့်ပြုတယ်"
Yiboနဲ့အတူYubinတို့စကားတွေပြောကြမုန့်တွေစားကြနဲ့ ပျော်ရွှင်နေကြတယ် စားသောက်ပြီးတော့ Zhanဆီသွားတွေ့တော့ မှန်ခန်းရှေ့မှာလည်း ထိုင်စောင့်ရင်းအိပ်ငိုက်နေတဲ့ Zhanရဲ့ပါးနဲ့မား
Yubin👉"ဦးနဲ့အန်တီ အိမ်ပြန်ပြီးနားလိုက်ပါလား သားတို့စောင့်ပေးပါ့မယ် ခွဲခန်းထဲ၀င်မယ့်အချိန်လောက်မှပြန်လာခဲ့ပေါ့"
မား👉"မပြန်ဘူး ဆက်စောင့်မယ်"
ပါး👉"လာပါ သားအတွက်လိုအပ်တာလေးတွေပြန်ယူရဦးမယ်လေ ခဏပြန်ကြတာပေါ့ မင်းအရမ်းပင်ပန်းနေပြီ"
နောက်ဆုံးပါးနဲ့Yiboတို့အားလုံး၀ိုင်းပြောတော့မှ မားစိတ်လျှော့ပြီးအိမ်ပြန်သွားတယ် Yiboကတော့မှန်ခန်းထဲမှာ သေမင်းနဲ့တိုက်ပွဲ၀င်နေရတဲ့ Zhanကိုကြည့်ရင်း
"Zhanရေ လုံး၀အားမလျှော့လိုက်နဲ့နော် ကိုတို့မကြာခင်ပြန်တွေ့ရတော့မှာပါ Zhanကိုအရမ်းချစ်တဲ့သူတွေအတွက် အားတင်းထားပါနော် ကိုZhanကိုရအောင်ကယ်မယ်"
KAMU SEDANG MEMBACA
Skateboard story
Fiksi PenggemarUnicode & Zawgyi ဒီficလေးက ပထမဆုံးရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပေးနော် Yizhan shipperတစ်ယောက်မို့ Yizhan ficတွေပဲ ဦးစားပေးရေးဖို့ရှိပါတယ် ဖတ်ကြည့်ပြီးဝေဖန်ပေးဦးနော်😁😁