Part 24

3.7K 262 8
                                    

ဒီနေ့နဲ့ဆို Zhanနဲ့မတွေ့ရတာ နှစ်ပတ်ရှိပြီ Yiboအတွက်ကတော့ နှစ်ပတ်ကနှစ်နှစ်လောက်ကြာသလိုခံစားနေရတယ် သူ့စိတ်နဲ့ဆိုရင်တော့ နေ့တိုင်းအရက်နဲ့နှစ်ပါးသွားမှာ ဒါပေမဲ့အနားမှာYubinတို့ဖန်းယွီတို့မင်အာတို့က အမြဲလိုလိုရှိနေပေးတော့ Yiboနည်းနည်းခံစားရတာသက်သာတာပေါ့ အစ်ကိုYixingကလည်း သူ့ပါးလစ်ရင်လစ်သလို Zhanရဲ့ပုံလေးတွေ ပို့ပေးတယ် Zhanနဲ့ဖုန်းပြောဖို့ကတော့လုံး၀အခွင့်အရေးမရခဲ့ဘူး
ဖန်းယွီ👉"ဟဲ့ Yibo နင်အခုရက်ပိုင်းအတွင်းတော်တော်ပိန်သွားတယ် အားရှိအောင်အစားများများစားပါဟ ငါတို့ချန်လင်နဲ့ပြန်fightဖို့ဆို အားရှိနေမှဖြစ်မှာ ပြီးတော့ငါသတင်းကောင်းလည်းပြောစရာရှိတယ် ခဏနေ Yubinနဲ့မင်အာလာမှပြောမယ်"
Yibo👉"အင်း..."
ခဏလောက်ကြာတော့
Yubin👉"ဟေးးးး🤩 ငါ့မှာသတင်းကောင်းပါလာတယ်ဟေ့!!!!"
မင်အာ👉"ဟုတ်တယ် တကယ့်သတင်းကောင်းဟ"
ဖန်းယွီ👉"ဟဲ့ ဘာလဲပြောပါဟ မြန်မြန် နင်တို့ပြောပြီးရင် ငါလည်းပြောပြမယ်"
Yiboကတော့ ဘာမှမပြောဘဲ ငြိမ်နေတယ်
Yubin👉"Yibo မင်းမသိချင်ဘူးလား Zhanနဲ့ပက်သက်ပြီးလေ"
Yibo👉"ဘာ😧 Zhanနဲ့ပက်သက်တာ ဟုတ်လား မြန်မြန်ပြော"
Yubin👉"အင်း ငါတို့မင်းအစားကောင်းကောင်းမစားလို့ ကမာဆန်ပြုတ်သွား၀ယ်တာ အဲ့ဆိုင်မှာ အစ်ကိုYixingနဲ့တွေ့ခဲ့တယ် သူလည်းZhanအတွက်လာ၀ယ်တာတဲ့ Zhanကနေသိပ်မကောင်းဘူး အစားလုံး၀မစားဘဲနေရာကနေ နိုင်ငံခြားကိုပို့မယ်ဆိုတာသိသွားပြီး အိပ်ရာထဲလဲသွားလို့အိမ်မှာFamily doctorနဲ့ကုနေရတယ်"
အဲ့စကားကိုကြားတော့ Yiboတစ်ယောက်မျက်ရည်တွေ၀ဲပြီး မငိုမိအောင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတာတွေ့တော့ဖန်းယွီက၀င်ဟန့်တယ်
ဖန်းယွီ👉"ဟဲ့အရူး နင်ပြောမယ့်သတင်းကောင်းက အဲဒါလား😤"
Yubin👉" ငါပြောလို့မပြီးသေးဘူး အရူးမ ဆုံးအောင်နားထောင် ဘာမှန်းမသိဘူး😏 ဆက်ပြောမယ် အဲလိုနေမကောင်းဖြစ်တော့ Zhanပါးကနည်းနည်းလေးအလျှော့ပေးလာတယ်တဲ့ Zhanမားနဲ့အစ်ကိုYixingကဒီအတောအတွင်းအတက်နိုင်ဆုံးဖျောင်းဖျကြတယ် ရလဒ်အနေနဲ့ကတော့ နိုင်ငံခြားပို့မယ့်ကိစ္စကိုရွှေ့ဆိုင်းလိုက်တာပဲ ဒီsemesterပြီးမှပြန်စီစဥ်မယ်တဲ့ ပြောရရင် ငါတို့Zhanနဲ့တွေ့ဖို့အခွင့်အရေးရပြီပေါ့ကွာ "
မင်အာ👉"အင်းဟုတ်တယ် အရင်လိုတော့ငါတို့အမြဲတွေ့လို့ရမှာမဟုတ်ဘူး Finalပြိုင်ပွဲကိုလည်းZhanကိုမပါခိုင်းတော့ဘူးတဲ့ ကျောင်းဆင်းတာနဲ့အိမ်တန်းပြန်ရမှာ ငါတို့ကျောင်းချိန်အတွင်းပဲတွေ့ရမှာပေါ့ဟာ"
ဖန်းယွီ👉"ဘယ်လိုပဲဖြစ်ဖြစ် ဒါသတင်းကောင်းပဲ ဟုတ်တယ်မလား Yibo"
Yibo👉"အင်း..." မျက်ရည်တွေ၀ဲပြီး ပြုံးယောင်သန်းနေတဲ့ Yiboကိုကြည့်ပြီးYubinတို့အားလုံးပျော်နေကြတယ်
ဖန်းယွီ👉"ပြီးတော့ ငါ့ရဲ့သတင်းကောင်းကတော့ ချန်လင်နဲ့ပက်သက်တာ သူ့ရဲ့အပုတ်သတင်းတွေကိုငါတို့စုထားပြီးပြီ အဆိုးရွားဆုံးကတော့ သူ့ရဲ့ယုတ်မာမှုကြောင့် ကောင်လေးတစ်ယောက်သေသွားတာပဲ ပိုက်ဆံနဲ့ဖုံးထားတာကြောင့် ဘယ်သူမှမသိကြတာ အဲ့ကောင်လေးမှာကမိဘတွေမရှိတော့ဘူး အစ်မနဲ့နေတာ Devil powerမှာအချိန်ပိုင်းအလုပ်လုပ်ရင်း အဲ့တဏှာရူးက မျက်စိကျပြီး အဲ့ကောင်လေးကိုအရယူတာပေါ့ဟာ ကောင်လေးကလက်မခံတော့ရိုက်နှက်ရင်းလက်လွန်သွားတာ အစ်မလုပ်တဲ့သူကိုပိုက်ဆံနဲ့ပါးစပ်ပိတ်ချိန်းခြောက်ပြီး အမှုမဖြစ်အောင်လုပ်လိုက်တယ် အဲ့ကလပ်မှာအချိန်ပိုင်းလုပ်ဖူးတဲ့ကောင်လေးတစ်ယောက်ပြောပြတာ ငါ့Fujoshiတပ်မတော်ကသူငယ်ချင်းတစ်ယောက်နဲ့သူက သူငယ်ချင်းတွေလေ သူလဲအစကမပြောရဲဘူးတဲ့ ချန်လင်ကိုကြောက်လို့ ငါ့သူငယ်ချင်းကအခြေအနေကိုပြောပြပြီးအကူအညီတောင်းလို့ပြောပြတာ Devil powerကလပ်ကလည်း အမှန်တော့ချန်လင်တို့မိဘတွေပိုင်တာ နာမည်ကိုတခြားသူနာမည်နဲ့ထားပြီး ငွေမဲတွေလုပ်နေတာပေါ့ဟာ အဲ့ကလပ်ရဲ့နောက်ကြောင်းတွေလည်းငါလိုက်ထားတယ်"
Yubin👉"ဖန်းယွီမ နင်ကလေအနုပညာကျောင်းတက်ရမှာမဟုတ်ဘူး စုံထောက်လုပ်ရမှာ တကယ်လေးစားတယ်🤔 တော်တယ်ဟာ🤗"
ဖန်းယွီ👉"ဖန်းယွီတဲ့ တစ်ယွီပဲရှိတယ် ငါသိချင်လာရင်ဘာမှဖုံးထားလို့မရဘူး ပြီးတော့ငါနဲ့မင်အာသေသွားတဲ့ကောင်လေးရဲ့အစ်မနဲ့တွေ့ပြီး ဖြစ်ကြောင်းကုန်စင်ကို recordလုပ်ပြီးပြီ အဲ့အစ်မကလည်းသူ့မောင်လေးလိုမဖြစ်ရအောင်ကူညီပေးလိုက်တယ်ဟ"
Yubin👉"အိုးဟို 😱double လေးစားတယ် 👏👏👏 နေပါဦးငါ့ကိုဘာလို့မခေါ်တာလဲ နှစ်ယောက်တည်းတိုးတိုးတိတ်တိတ်လုပ်နေကြတယ် "
မင်အာ👉"နင့်ကိုခေါ်လို့မဖြစ်ဘူးလေ Yiboနားမှာနင်ရှိနေရမယ်လေ "
Yubin👉"အေး😁ဟုတ်သားး ပြီးတော့ငါတစ်ခုစဥ်းစားမိတာရှိတယ် ငါတို့အစ်ကိုYixingပြောသလိုZhanကိုအဆက်အသွယ်မလုပ်ပဲငြိမ်နေလိုက်တာမှန်သွားတယ် Zhanရဲ့ပါးလည်းYiboနဲ့Zhanအဆက်အသွယ်ပြတ်သွားပြီဆိုပြီး နည်းနည်းစိတ်လျှော့သွားတာပေါ့ "
ဖန်းယွီ👉"အေး ဟုတ်တယ်ဟ ငါတော့ကျောင်းပြန်ဖွင့်မယ်ရက်ကိုမြန်မြန်ရောက်ချင်နေပြီ "
Yibo👉"မင်းတို့ကိုတကယ်ကျေးဇူးတင်ပါတယ်ကွာ"
မင်အာ👉"မလိုပါဘူး ငါတို့ကမိသားစုလေဟာ မေ့နေပြီလားPrecious Familyလေဟာ☺️"
ဖန်းယွီ👉"ဟုတ်တယ် ကဲYiboရေမိုးချိုးပြီး အ၀တ်အစားလဲလိုက်လန်းသွားအောင် ငါဆန်ပြုတ်ပြန်နွှေးပြီးယူလာခဲ့မယ်"
Yibo👉"အင်း..."
Yibo Zhanနဲ့တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် လန်းဆန်းလာတယ် ရေမိုးချိုးပြီးတော့ ဖန်းယွီယူလာတဲ့ဆန်ပြုတ်သောက်ရင်း အိပ်ရာစောစော၀င်လိုက်တယ် အောက်ထပ်မှာတော့ Yubinတို့သုံးယောက်ကတော့ ချန်လင်ကိုတိုက်ရမယ့် လက်နက်နဲ့ပက်သက်ပြီး အစီအစဥ်တွေကိုခေါင်းချင်းဆိုင်ပြီး စဥ်းစားနေကြလေရဲ့ တစ်ယောက်တစ်ပေါက်ပြောလိုက်ကြ ရန်ဖြစ်လိုက်ကြ အော်လိုက်ကြနဲ့သူတို့ဟာသူတို့တော့ဟုတ်နေတာပဲ Yiboကတော့ သူတို့အသံတွေကိုနားထောင်ရင်းပြုံးနေမိတယ်
"သြော်....ငါ့မှာငါ့ကိုသိပ်ချစ်တဲ့ချစ်သူလေးနဲ့ သူငယ်ချင်းကောင်းတွေရှိပါလား ဘာလို့များသူတို့နဲ့စောစောမတွေ့ခဲ့ရတာပါလိမ့် ဒါပေမဲ့ လည်းအခုလိုတွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို အရမ်းကျေးဇူးတင်တယ် နောက်ဘ၀တွေရှိခဲ့ရင်သူတို့နဲ့ပဲပြန်ဆုံတွေ့ပါရစေ"

Skateboard storyDove le storie prendono vita. Scoprilo ora