Part 22

3.6K 251 3
                                        

"ဒင်းဒေါင်.....ဒင်းဒေါင်....ဒင်းဒေါင်...!!!!Yibo...Yiboရေ တံခါးဖွင့်ပါဦးးးးးဒုန်းးးဒုန်းးဒုန်းးး" Yubinအော်ပြီးတံခါးကိုထုနေတာတောင် အထဲကဘာသံမှမကြားရ
"ဖန်းယွီ တီလေးဆီက သော့ပိုသွားတောင်းပြီး မြန်မြန်လာခဲ့ ငါစိတ်ပူလို့သေတော့မယ်"
ဖန်းယွီသော့သွားတောင်းပြီး တံခါးဖွင့်၀င်တော့မှ အိမ်ထဲ၀င်လို့ရသွားတယ် အိမ်ထဲရောက်တော့ တစ်အိမ်လုံးပစ္စည်းတွေပြန့်ကျဲပြီး တံခါးမှန်တွေတီဗီမှန်တွေလဲကွဲ မှန်ကွဲစတွေကြီးပဲ Yubinတို့အံ့သြပြီးကြည့်နေတုန်း တီလေးကအလုပ်သမားတွေနဲ့ရောက်လာပြီး
"ကဲ မြန်မြန်သိမ်းပြီး လှည်းကျင်းလိုက်ကြ ဂရုစိုက်ဦး မထိခိုက်စေနဲ့"
အလုပ်သမားတွေလှည်းကျင်းနေတုန်း
"သားတို့ရေ မနေ့ကYiboညနက်မှပြန်ရောက်လာတာ မျက်နှာမှာလည်းဒဏ်ရာဗလပွနဲ့ တကိုယ်လုံးလဲယိုင်ထိုးနေတာ တီလေးကတွဲပြီးအိမ်ထဲလိုက်ပို့ပေးမယ်ဆိုတော့လည်းအော်လွှတ်တယ် အိမ်ထဲ၀င်သွားပြီးမကြာဘူး ပစ္စည်းတွေရိုက်ခွဲတဲ့အသံတွေကြားရတော့တာပဲ ဒေါသတွေထွက်ပြီးအော်နေလိုက်တာ တီလေးတောင်ကြောက်တယ် ဘာတွေဖြစ်လာတာလဲ သိကြလားသားတို့ရယ်"
"ကျွန်တော်က အစ်ကိုYixingဆီက ဖုန်းရလို့အကြောင်းစုံသိရပြီးပြီ ဖန်းယွီကိုခေါ်ပြီး Yiboဆီလိုက်လာတာ မင်အာကမအားလို့နောက်မှလိုက်လာမှာ ဖြစ်ပုံကဒီလို××××××××××××~"
"ဟာ😳 အဲလောက်တောင်အခြေအနေဆိုးနေတာပါလား Zhanလေးကို နိုင်ငံခြားတောင်ပို့တော့မယ်ဆိုတော့ Yiboသိပြီးပြီလား "
"မသိသေးဘူး တီလေး ကြည့်ရတာ သူမနေ့ကဓာတ်ပုံပို့လိုက်တဲ့ ကောင်နဲ့ပြသနာဖြစ်လာတာနဲ့တူတယ် အဲ့ကောင်ဘယ်သူလဲ ကျွန်တော်လည်းအရမ်းသိချင်နေပြီ အပေါ်တက်သွားလိုက်ဦးမယ်နော်"
"သြော် အေးအေး ကလေးတွေစိတ်လက်မာန်ပါ မလုပ်ကြနဲ့နော် တခုခုဆိုတီလေးကိုပြောနော် ကြားလား"
"ဟုတ်ကဲ့ တီလေး ဖန်းယွီတို့အပေါ်တက်တော့မယ်နော်"
Yubinတို့Yiboအခန်းထဲရောက်တော့ ကြမ်းပြင်ပေါ်မှာအိပ်ပျော်နေတဲ့ Yiboကိုတွေ့တယ်
"Yibo..Yibo..ထပါဦးးးး ဘာလို့ကြမ်းပြင်ပေါ်မှာအိပ်နေတာလဲ "
အတင်းလှုပ်နှိုးတော့မှ Yiboထလာတယ် မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ဖူးရောင်နေတာမှမြင်မကောင်း လက်တွေမှာ ဒဏ်ရာတွေနဲ့😩
"Yubin ငါဆေးသေတ္တာသွားယူလိုက်ဦးမယ်"
"အင်း Yiboရာ မင်းဘာလို့တစ်ယောက်တည်းသွားတာလဲ ငါတို့ကိုမပြောဘဲ ပြောစမ်းပါဦး အဲ့လူယုတ်မာကဘယ်သူလဲ😡"
"ချန်လင်.."
"ဘာ🤬🤬🤬 ဒီအယုတ်တမာကောင်ကွာ တွေ့မယ်ငါနဲ့ SOB😡!!!"
ဒေါသတကြီးနဲ့ရှုးရှုူးရှဲရှဲဖြစ်နေတဲ့Yubinကိုမြင်တော့
"Yubin စိတ်လျှော့ ဒီအချိန်မှာငါတို့သေချာသတိထားမှဖြစ်မယ် ငါတို့လုပ်ချင်ရာလုပ်လိုက်ရင်နစ်နာမှာက Zhanနဲ့Yiboပဲ နင်ဒေါသထွက်သလိုငါလည်းဖြစ်တယ် သတ်ပစ်ချင်တဲ့အထိပဲ အဲ့ကောင်ကို ဒီတလောငြိမ်နေတယ်မှတ်တာ ဒင်းကအကြံအစည်နဲ့ကို WTF🤬!!!ပဲ"
Yubin👉"Yibo မင်းအဲ့ကောင်နဲ့ဘယ်မှာတွေ့ခဲ့တာလဲ"
Yibo👉"ငါမနေ့က အစ်ကိုYixingနဲ့ဖုန်းပြောပြီးတည်းက ဓာတ်ပုံပို့တဲ့ကောင်က ချန်လင်မှန်းရိပ်မိလို့ အဲ့ကောင်ဖုန်းနံပါတ်ကို ကျောင်းgp chatထဲကနေစုံစမ်းပြီး ဖုန်းဆက်လိုက်တာ ငါ့ကို Devil Powerဆိုတဲ့ကလပ်ကိုလာခဲ့ဆိုတာနဲ့ငါသွားတွေ့တယ် သူကငါ့ကိုဓာတ်ပုံတွေသိမ်းထားတဲ့ memory cardနဲ့ခြိမ်းခြောက်တယ်ကွ သူ​တောင်းဆိုတာကိုလိုက်လျောရင် memory cardကိုဖျက်ဆီးပစ်မယ် မလိုက်လျောရင်တော့ အဲ့ပုံတွေကိုZhanတို့မိသားစုအသိုင်းအ၀ိုင်းရောZhanပါးရဲ့ company ကလူတွေသိအောင်ဖြန့်မယ်တဲ့ ဓာတ်ပုံတွေကလည်း ရိုးရိုးတွဲသွားတာအပြင်ပိုတယ်လေ kiss senceတွေပါပါနေတော့ သူငယ်ချင်းဆိုတာဘယ်သူယုံမလဲ တောက်စ်😠!!!"
Yubin👉"တောက်စ်😡 လူယုတ်မာ ဒါသက်သက်ယုတ်မာတာ ဘာတောင်းဆိုတာလဲ ဒီခွေးကောင်က"
Yibo👉"Zhanကိုသူနဲ့တစ်ညအိပ်ရမယ်တဲ့😠 အဲ့စကားကြားတော့ ငါဒေါသတွေထွက်ပြီးအဲ့ကောင်နဲ့ရန်ဖြစ်လာတာ သူ့လူတွေကများတော့ ငါခံလာရတာ လုံး၀မကျေနပ်ဘူး"
ဖန်းယွီ👉"Devil powerဆိုတဲ့ ကလပ်ကသူ့စားကျက်လေ အဲဒါကြောင့် နင့်ကိုသက်သက်အဲ့ကိုလာခိုင်းတာ $ကျက်သတုံးးးး ပြောရင်းငါလူသတ်ချင်လာပြီ နှာဘူးးးတဏှာတရူးးး"
Yubin👉"ငါတို့ဘာလုပ်ကြမလဲ အဲ့ဒီ့memory cardကိုငါတို့ရအောင်ယူပြီးဖျက်ဆီးပစ်ကြရအောင် "
ဖန်းယွီ👉"လွယ်လိုက်တာ အဲ့အရူးကmemory cardကိုသေချာသိမ်းထားမှာဟ ခဏနေဦး ငါအဲ့ကောင်ရဲ့ပုတ်ပွနေတဲ့သတင်းတွေကို မင်အာနဲ့အတူ လိုက်စုံစမ်းမယ် တခုခုကတော့ဒီကောင်ကိုတိုက်ခိုက်ဖို့အတွက် လက်နက်ဖြစ်လာနိုင်တယ် သူ့ကိုမုန်းတဲ့သူတွေကလည်းများတယ်မလား ငါ့ရဲ့Fujoshiတပ်မတော်ကို အကူအညီတောင်းရမှာပဲ ခုငါသွားတော့မယ် Yiboကိုဆေးလိမ်းပေးလိုက်ဦး သူ့ကိုတစ်ယောက်တည်းမထားနဲ့နော် အနားမှာပီကေလိုကပ်နေ"
Yubin👉"အမယ်လေးး သွားမှာသာသွားစမ်းပါ ငါသိပါတယ် ဆရာအရမ်းလုပ်တာပဲ"
ဖန်းယွီ👉"😁🤫ငါသွားပြီ တခုခုဆို ငါတို့ငါးယောက်ရဲ့ gp chatထဲပို့လိုက်မယ်"
ဖန်းယွီထွက်သွားတော့
Yubin👉" Zhanရဲ့ပါးက ဘာလို့လိင်တူချစ်သူတွေကိုအဲလောက်တောင်ခါးခါးသီးသီးကန့်ကွက်နေရတာလဲ မထင်ထားဘူး Zhanရဲ့ပါးကဒီလောက်သဘောကောင်းတာကို"
Yibo👉"ငါလည်းအရမ်းသိချင်တယ် အကြောင်းတခုခုတော့ရှိရမှာပဲ ငါ့ကိုအစ်ကိုYixingဆီဖုန်းဆက်ပြီးချိန်းပေးပါလား ငါစကားပြောချင်လို့"
Yubin👉"အင်း ငါဆက်ပေးမယ်"
Yubinကဖုန်းဆက်ဖို့ အပြင်ထွက်သွားတော့
Yibo Zhanပေးထားတဲ့စကိတ်ဘုတ်လေးကို ကြည့်ပြီး မျက်ရည်တွေစီးကျလာတယ် ရင်ဘတ်ထဲကလည်းစူးစူးနစ်နစ်အောင့်လာတယ် သူတောင်ဒီလောက်ခံစားနေရရင် Zhanရော ဘယ်လိုများနေနေပါလိမ့်ဆိုတဲ့အတွေးကြီးက Yiboကိုသေလောက်အောင်နာကျင်စေတယ်
Yubin👉"ဆက်ပြီးသွားပြီ အစ်ကိုYixingကပြောတယ် ငါတို့သွားနေကြStarbuckမှာ မနက်ဖြန်နေ့လည်၁နာရီမှာတွေ့မယ်တဲ့ စကားတောင်သေချာမပြောလိုက်ရဘူး Zhanရဲ့ပါးအသံကြားတာနဲ့ ငါလည်းဖုန်းမြန်မြန်ချလိုက်တာ"
Yibo👉"ကျေးဇူးပါကွာ"
Yubin👉"မလိုပါဘူးကွာ သူငယ်ချင်းတွေကြားမှာ ကဲမင်းအခုရေအရင်ချိုးလိုက် ပြီးရင်မင်းဒဏ်ရာတွေကိုငါဆေးထည့်ပေးမယ် ပြီးရင်မင်းဘာလုပ်မလဲ လုပ်ချင်တာပြော ငါအကုန်လုပ်ပေးမယ် အရက်သောက်ချင်လား သောက် ပေါက်ကွဲချင်လား လုပ်လိုက် ငါအနားမှာနေပေးမယ် မင်းတစ်ယောက်တည်းတော့ဘယ်မှမသွားရဘူး Ok"
ရေချိုးဖို့ Yiboကိုဆွဲထူတော့ Yiboကရုတ်တရတ်Yubinကိုဖက်ပြီး
"ငါချစ်တဲ့သူတွေနဲ့အတူနေရဖို့ ငါ့အတွက်ဘာလို့အဲလောက်ခက်ခဲနေရတာလဲကွာ Zhanတစ်ယောက်ကိုတော့ငါတသက်လုံးပိုင်ဆိုင်ချင်တယ်😭😭😭"
ရှိုက်ကြီးတငင်ငင်ငိုချလိုက်တဲ့Yiboကိုကြည့်ရင်း Yubinတော်တော်စိတ်မကောင်းဖြစ်ရတယ်
Yubin👉"ငိုချလိုက် သူငယ်ချင်း ငိုချလိုက် ရင်ထဲပေါ့သွားအောင် မပူပါနဲ့ကွာ မင်းနဲ့Zhanဘယ်တော့မှမ​ေ၀းစေရဘူး ငါတို့ကူညီမယ် ကတိပေးတယ် ဟုတ်ပြီလားး"
ပြောရင်း Yiboကျောလေးကိုပုတ်ရင်း နှစ်သိမ့်ပေးနေတာပေါ့ကွယ်😢😓

Skateboard storyUnde poveștirile trăiesc. Descoperă acum