နောက်ပိုင်းZhanတို့နှစ်ယောက်အတူသီးသန့်တွေ့ဖို့ကတဖြည်းဖြည်းခဲယဥ်းလာခဲ့တယ် ပါးရဲ့လူတွေကပေါ်တင်ကိုလာပြီးcheckတော့ ဘာမှလှုပ်ရှားလို့ကိုမရတော့ဘူး ပါးကလည်းမနက်ကောညနေကော ကြိုပို့လုပ်နေတာကြောင့် Zhanတို့တစ်ယောက်နဲ့တစ်ယောက်မျက်နှာလေးမြင်ရရင်ကျေနပ်ပါပြီဆိုပြီး ကိုယ့်ကိုကိုယ်နှစ်သိမ့်နေရတယ် တခါတလေပါးလစ်ရင်လစ်သလို ကိုကိုYixingက Yiboနဲ့ဖုန်းပြောခွင့်ပေးတယ်
ဖန်းယွီတို့ကလည်း နည်းအမျိုးမျိုးနဲ့ပါးရဲ့လူတွေလက်ထဲကရှောင်နိုင်အောင် ကူညီကြရှာတယ် ဒီနေ့ဆိုရင်ကျောင်းတက်တာ တစ်လတောင်ပြည့်ပြီ ဆရာဆရာမတွေအစည်းအေ၀းလုပ်နေတာကြောင့် Zhanတို့အားလုံးနားချိန်ရနေကြတယ်
"Xiao Zhan!!! Xiao Zhan !!"
ဖန်းယွီ👉"ဟဲ့ဘာလို့Zhanနာမည်ကို အော်ခေါ်နေတာလဲ "
"အားကစားကွင်းထဲမှာရန်ဖြစ်နေလို့ Yiboနဲ့စီနီယာချန်လင်"
Zhan👉"Yibo😱...Yibo!!!!"
အတန်းထဲကကောင်မလေးတစ်ယောက်လာပြောတော့ အကုန်လုံးလန့်ဖြန့်ပြီးအားကစားကွင်းဘက်ကိုပြေးကြတယ်
"ခွပ်...လူယုတ်မာကောင် ဒီနေ့တော့မင်းကိုငါအသေသတ်မယ်😠😠😠 ခွပ်..."
Yiboရဲ့ဒေါသတကြီးနဲ့အော်နေတဲ့အသံက ဟိန်းထွက်နေတာပဲ ချန်လင်နဲ့နှစ်ယောက်သားလုံးထွေးပြီးသတ်ပုတ်နေကြတာ မြင်မကောင်း ဘေးလူတွေကလည်း၀င်မဆွဲရဲကြ
Zhan👉"ကိုကို.....တော်ပါတော့ စိတ်လျှော့ပါ 😢😢😢"
Yibo👉"မရဘူး ဒီနေ့တော့ဒီ့ကောင်ကို အသေသတ်ပစ်မယ် သူဒုက္ခပေးတာတော်တော်များနေပြီ သည်းမခံနိုင်တော့ဘူး လွှတ်Zhan ကို့ကိုမတားနဲ့"
Zhan👉"တော်ပါတော့ သူ့ကိုသတ်လိုက်တော့ရော Zhanတို့အတွက်ဘာမှအကျိုးမရှိဘူး ကိုကို စိတ်ကိုလျှော့လိုက်ပါနော်...Zhanကိုကြည့်..." Yiboမျက်နှာလေးကိုZhanလက်လေးနှစ်ဖက်နဲ့ကိုင်ပြီး မျက်ရည်တွေ၀ဲပြီးပြောတော့မှ Yiboစိတ်လျှော့သွားတယ် အဲ့ကြားထဲကမှ
Yubinက
"အရူးးးးးတဏှာရူးးး😡 ခွပ်...." ၀င်ပြီးထပ်ထိုးသေးတယ် ဖန်းယွီတို့၀ိုင်းဆွဲတော့မှ ငြိမ်သွားတယ်
မင်အာ👉"တစ်ယောက်ကငြိမ်တော့ တစ်ယောက်ကထထိုးတယ် Yubin နင့်လက်သီးနဲ့အဲ့ကောင်တန်လို့လား စိတ်လျှော့စမ်းပါ အဖတ်လုပ်ဖို့တောင်မတန်တဲ့ကောင်ကို ထွီ...ရွံ့တာ🤮"
Yubin👉"ငါ့သူငယ်ချင်းတွေကို ဒုက္ခပေးတဲ့ကောင် ငါသူ့မျက်xွက်ကိုစုတ်ပြတ်သပ်သွားအောင် ထိုးပစ်ချင်တာ"
ဖန်းယွီ👉"နင်ပြောမှလား ငါတို့ရောပဲ ဒါပေမဲ့အသားနာတာထက်ဆိုးအောင် ပြန်လုပ်ရမှာ သူ့လိုလူမျိုးက" Yiboဘယ်လောက်တောင်စိတ်ဆိုးပြီးထိုးလဲမသိ ချန်လင်ရဲ့မျက်နှာမှာသွေးတွေနဲ့မြင်မကောင်းဘူး ခဏနေတော့ဆရာဆရာမတွေရောက်လာပြီး Zhanတို့အားလုံးရုံးခန်းရောက်သွားကြတယ် ဆရာမကနောက်ထပ်ရန်မဖြစ်တော့ပါဘူးဆိုတဲ့ခံ၀န်ကတိထိုးခိုင်းပြီး အားလုံးကိုပြန်လွှတ်လိုက်တယ်
Zhanတို့အားလုံးအတန်းထဲပြန်ရောက်တော့
Zhan👉"ကိုကို အရမ်းနာနေလားဟင် နောက်ခါရန်ထပ်မဖြစ်ပါနဲ့နော် Zhanတောင်းပန်ပါတယ်"
Yubin👉"တောက်စ်...ရန်စဖြစ်တဲ့အချိန်တည်းက ငါရှိနေရမှာ "
မင်အာ👉"အဲဒါကြောင့် Yiboကိုတစ်ယောက်တည်းလွှတ်မထားပါနဲ့ဆို"
Yubin👉"သြော် အိမ်သာသွားတာမို့လို့ငါလိုက်မသွားတာပါ နင်ကလည်း ပြောပါဦး အဲ့ကောင်နဲ့ဘယ်ကဘယ်လိုဖြစ်တာလဲ"
Yibo👉"အင်း ငါအိမ်သာ၀င်ပြီးပြန်ထွက်လာတော့ အားကစားကွင်းဘက်ငါခဏသွားတာ လမ်းလျှောက်မယ်ဆိုပြီး အဲ့မှာချန်လင်ကဆေးလိပ်သောက်နေတာနဲ့ ငါမမြင်ချင်လို့လှည့်ထွက်မယ်အလုပ် သူကငါ့ကိုဘယ်လိုလဲအပေးအယူကိစ္စစဥ်းစားပြီးပြီလား Zhanနဲ့ပက်သက်ပြီးအောက်လုံးတွေသုံးပြီးပါးစပ်အရသာခံပြောနေတာနဲ့ ငါစိတ်မထိန်းနိုင်ဘဲဆွဲထိုးမိရာကပြသနာဖြစ်တာ"
မင်အာ👉"သြော်... ဟဲ့ဖန်းယွီ နင်တိတ်လှချည်လား ဘာတွေစဥ်းစားနေတာလဲ!"
ဖန်းယွီ👉"ငါ့စိတ်ထဲမှာတမျိုးကြီးပဲ ချန်လင်မျက်လုံးကိုကြည့်ရတာတမျိုးပဲ ရီေ၀ေ၀မျက်လုံးတွေနဲ့ရယ်ဖြဲဖြဲတောင်လုပ်နေသေးတယ် ပုံမှန်မဟုတ်ဘူးဟ ပြီးတော့ခုတလောသူဆေးသုံးနေတယ်လဲကြားတယ် စဥ်းစားကြည့်လေ ချန်လင်ဆိုတဲ့ကောင်ကလက်ရည်ရှိပြီးသား Yiboတောင်ပြန်ခံရနိုင်တာကို ခုYiboကနည်းနည်းဒဏ်ရာရပြီး သူကတော်တော်ထိသွားတာဆိုတော့ အဲ့ဒီ့အကြည့်ကြီးကိုငါကြောက်တယ် ဘယ်လိုကြီးလဲမသိဘူး"
Yubin👉"အေး ဟုတ်တယ်ဟ နင်ပြောမှပဲ Yiboပြောတဲ့ဆေးလိပ်သောက်နေတယ်ဆိုတာ သူဆေးရှုနေတာဖြစ်လောက်တယ် ဒါကြောင့် ဆေးမူးနေတော့နာလို့နာရကောင်းမှန်းသိပုံမပေါ်တာကိုး"
ဖန်းယွီ👉"ငါစိတ်ပူတယ်ဟ ဆေးသုံးတဲ့သူတွေကအမှားအမှန်ကိုမခွဲခြားနိုင်တော့ဘူး Yiboနဲ့Zhanနင်တို့နှစ်ယောက် အစစအရာရာဂရုစိုက်နော်"
မင်အာ👉"သူ့အပေါင်းအပါတော်တော်များများလဲသူ့ကိုခွာသွားကြတယ်ဟ အေးလေဘယ်မိဘကဆေးသုံးနေတဲ့ကောင်နဲ့အပေါင်းအသင်းလုပ်စေချင်ပါ့မလဲ သူ့မိဘတွေကလည်းသူတို့သားဒီလောက်ဖြစ်နေတာတောင် ငွေပဲသဲမဲပြီးရှာနေတာအံ့သြတယ်"
Yibo👉"အင်း ငါ့ကိုမပူနဲ့ Zhanကိုပဲငါစိတ်ပူတာ"
Zhan👉"ဘယ်လိုပဲဖြစ်ဖြစ် အိမ်ပြန်ရောက်ရင် တခုခုတော့ဖြစ်တော့မှာ ခုဖြစ်သွားတဲ့ကိစ္စကိုပါးသိနေလောက်ပြီကိုကို ရင်တွေပူလိုက်တာ"
Yibo👉"ကိုတောင်းပန်ပါတယ် ကို့ကြောင့်"
Zhan👉"ကိုကို့ကြောင့်မဟုတ်ပါဘူး Zhanကြောင့်ဖြစ်ရတာလေ"
"အကိုလေး Zhan! ဆရာကခုချက်ချင်းပြန်ခေါ်လာခဲ့ပါဆိုလို့"
ဖန်းယွီ👉"ဟင်😳 အတန်းချိန်ပြီးဖို့လိုသေးတယ်လေ"
ပါးရဲ့မန်နေဂျာရောက်လာလို့ Zhanအတန်းချိန်တောင်မပြီးသေးဘဲ အိမ်ကိုပြန်လာရတယ် Zhanသိပြီးသားပါ အိမ်မှာမုန်တိုင်းကအသင့်စောင့်နေပြီဆိုတာ ထင်တဲ့အတိုင်းပါပဲ
ပါး👉"Xiao Zhan!!!😡ပြောစမ်းပါဦး ဘယ်လိုဖြစ်ရတာလဲ မင်းကိုYiboနဲ့မပက်သက်ဖို့ငါပြောထားတယ်လေ မင်းဦးနှောက်ကမမှတ်ထားဘူးလား!!"
Zhan👉"ပါး Zhanကိုယ့်ချစ်သူရန်ဖြစ်နေတာကို ဒီတိုင်းကြည့်မနေနိုင်ဘူး"
ပါး👉"ကြည့်နေရမယ် မင်းနဲ့သူနဲ့ကဘာမှမဆိုင်တော့ဘူး"
Zhan👉"ဆိုင်တယ်ပါး သူကသားချစ်သူ ပါးမတရားဘူး ပါးရဲ့အမေသေရတာဦးလေးအပြစ်ကြီးပဲမဟုတ်ပါဘူး လူတွေရဲ့သဘောထားသေးသိမ်မှုနဲ့ သူတပါးအပေါ်မညှာမတာကဲ့ရဲ့မှုတွေကြောင့်လည်းပါတယ် 🌈သူတို့တွေကဘာအပြစ်ရှိလို့လဲ လူလူချင်းချစ်မိတာမှားလား လူသတ်နေတာလဲမဟုတ်သလို ပြစ်မှုကျူးလွန်နေတာလဲမဟုတ်ဘူး သူတို့ချစ်တဲ့သူနဲ့အတူနေပါရစေလို့တောင်းဆိုတာမှားလား 🌈သူတို့လည်းအချစ်နဲ့ထိုက်တန်ပါတယ် ပါးအရမ်းတကိုယ်ကောင်းဆန်တယ် Zhanဘယ်လိုခံစားနေရလဲဆိုတာကိုထည့်မတွက်ဘူး ပါးရဲ့သိက္ခာကZhanထက်ပိုအရေးကြီးတာလား Zhanသေသွားခဲ့ရင်တောင်မှပဲလား"
ပါး👉"ဘာ😠 ခွပ်...အရမ်းတွေတတ်နေတယ်ပေါ့ မိဘကိုတခွန်းမခံခံပြောနေတာများ မင်းကမင်းဦးလေးခြေရာကိုနင်းမလို့ပေါ့လေ"
မား👉"တော်ပါတော့!!!တောင်းပန်ပါတယ် သားလေးကိုဒီလောက်ပဲနှိပ်စက်ပါတော့ ကလေးဖြစ်ချင်တာကိုခွင့်ပြုလိုက်ပါ Zhanလေးလဲသေတယ်ဆိုတဲ့နိမိတ်မရှိတဲ့စကားတွေမပြောနဲ့ မားမကြိုက်ဘူး! ပါးရယ် ဒီလောက်နဲ့ရပ်လိုက်ပါတော့ ကိုယ့်သားသမီးရဲ့ပျော်ရွှင်မှုလောက်ဘယ်အရာကပိုတန်ဖိုးရှိနိုင်ဦးမှာလဲ အရင်ကလိုပဲကျွန်မတို့ရဲ့သာယာတဲ့မိသားစုဘ၀လေးကိုပဲပြန်သွားကြရအောင်နော်"
ပါး👉"မင်းပါးစပ်ကိုပိတ်ထား!!! ငါ့ဒေါသတွေမင်းဆီရောက်လာလိမ့်မယ် Xiao Zhan ခုချက်ချင်းမင်းအထုတ်အပိုးပြင် Australiaသွားရမယ် ဒါပဲ"
Zhan👉"ဟင့်အင်း Zhanလုံး၀မသွားဘူး ဒီအိမ်မှာလဲမနေတော့ဘူး!!!"
ပြောပြီး Zhanချက်ချင်းအိမ်ထဲကပြေးထွက်ပြီးလုံး၀နောက်ကိုလှည့်မကြည့်ဘဲထွက်ပြေးလာတာ အစကYiboအိမ်ကိုသွားမလို့လုပ်ပေမယ့်ပါးတို့လိုက်လာမှာစိုးတာကြောင့် ကျောင်းဘက်ကိုပဲပြေးလာလိုက်တယ် အများသုံးtelephoneကိုတွေ့ပြီးYiboဆီဖုန်းဆက်မယ်လုပ်တော့ အိမ်ကနေထွက်ပြေးလာတာကြောင့် ဘာမှမပါလာ အနားကနေဖြတ်သွားတဲ့အစ်မတစ်ယောက်ဆီကနေအကူအညီတောင်းပြီး Yiboဆီဖုန်းဆက်လိုက်တယ်
"ဟယ်လို Yibo😭😭😭😭 Zhan..."
"Zhan😰 Zhan ဘာဖြစ်တာလဲ ဘာလို့ငိုနေရတာလဲ ပြောပါဦး ကို စိတ်ပူလို့သေတော့မယ်"
"Zhan အခုအိမ်ကထွက်ပြေးလာတာ Zhanကိုလာခေါ်ပါ ကိုကို ပါးတို့မတွေ့ခင်😭"
"မငိုနဲ့တိတ် ခုဘယ်မှာလဲ ကို့ကိုပြော"
"Zhanအခု ကျောင်းနားကbus stopမှာ မြန်မြန်လာပါနော်"
အိမ်မှာကျန်ခဲ့တဲ့ ပါးနဲ့မားကတော့Yiboအိမ်ကို သွားနေကြတယ် ဘာလို့ဆိုZhanအဲ့အိမ်ကိုသေချာပေါက်သွားလိမ့်မယ်လို့သူတို့ထင်နေကြလို့လေ
Yiboကတော့Zhanဆီကဖုန်းရရချင်းဆိုင်ကယ်ကိုအသားကုန်မောင်းပြီးထွက်လာလိုက်တယ် ကျောင်းရှေ့ကbus stopကိုရောက်တော့ ထိုင်ပြီးတရှုံ့ရှုံ့နဲ့ငိုနေတဲ့Zhanကိုတွေ့တယ် ဆိုင်ကယ်ကိုbus stopနဲ့မျက်နှာချင်းဆိုင်မှာရပ်ခဲ့ပြီး တစ်ဖက်ကားလမ်းက Zhanဆီကိုပြေးသွားလိုက်တယ်
"Zhan!!!"
"ကိုကို!...😭😭😭😭😭"
Zhan Yiboကိုပြေးဖက်ပြီး အသားကုန်ငိုချပစ်လိုက်တယ်
"လာ ကိုတို့ကို ဘယ်သူမှရှာမတွေ့တဲ့နေရာကိုထွက်ပြေးမယ် မငိုနဲ့တော့ ကိုတစ်ယောက်လုံးရှိတယ်"
အချိန်ကမှောင်ရီပျိုးခါစညနေ၆နာရီကျော်လောက်ရှိပြီမို့ လမ်းကြောကလုံး၀ရှင်းနေတယ် အနီးအနားမှာရပ်ထားတဲ့အနက်ရောင်ကားတစ်စီးကလွဲလို့ပေါ့ Zhanနဲ့Yiboတစ်ဖက်ကားလမ်းမှာရပ်ထားတဲ့ဆိုင်ကယ်ဆီကိုအသွား ရုတ်တရတ်ရပ်ထားတဲ့ကားကအရှိန်ပြင်းပြင်းနဲ့သူတို့ဆီတည့်တည့်မောင်းချလာတယ် မြန်ဆန်လွန်းတာကြောင့်နှစ်ယောက်လုံးလွတ်ဖို့မဖြစ်နိုင်မှန်းသိတော့ သူ့လက်ကိုဆွဲပြီးရှေ့ကသွားနေတဲ့Yiboကို
"ကိုကို...."Zhan Yiboကိုတွန်းထုတ်ပစ်လိုက်တယ်
"ဒုန်းးးး......"
"Zhan!!!!!!!!!!!!!!"
ပြင်းလွန်းတဲ့ကားအရှိန်ကြောင့် လူကမြောက်တက်သွားပြီးမြေပြင်ကိုပြန်ကျတဲ့အခါ နာကျင်လွန်းလို့ Zhanတစ်ကိုယ်လုံးလှုပ်လို့မရတော့ မျက်လုံးတွေလည်းေ၀၀ါးပြီး မဖွင့်ချင်တော့လောက်အောင်Zhanအိပ်ချင်လာတယ် နားထဲမှာတော့ Yiboရဲ့အော်သံကိုတစ်ချက်တစ်ချက်ကြားနေရပေမယ့် နောက်ဆုံးZhanရဲ့ကမ္ဘာကြီးတစ်ခုလုံးအမှောင်ကျသွားပြီး ဘာမှမသိတော့
တကယ်ပဲ ကံကြမ္ဘာကရက်စက်တော့မှာလား😩😫😢
![](https://img.wattpad.com/cover/204556342-288-k299596.jpg)
YOU ARE READING
Skateboard story
FanfictionUnicode & Zawgyi ဒီficလေးက ပထမဆုံးရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပေးနော် Yizhan shipperတစ်ယောက်မို့ Yizhan ficတွေပဲ ဦးစားပေးရေးဖို့ရှိပါတယ် ဖတ်ကြည့်ပြီးဝေဖန်ပေးဦးနော်😁😁