ခွဲခန်းရှေ့၀ယ်
Yubin👉"Fighting သူငယ်ချင်း ငါတို့အားလုံးအပြင်မှာစောင့်နေမယ်"
Yibo👉"Zhanရော"
ဖန်းယွီ👉"Zhanကိုအရင်ခွဲခန်းထဲခေါ်သွားကြပြီ ဘာမှစိတ်မပူနဲ့ ခွဲစိတ်မှုအားလုံးအောင်မြင်မှာ ဟုတ်ပြီလား"
Yibo👉"အင်း"
သူနာပြု👉"ခွဲခန်းထဲ၀င်ရတော့မယ်ရှင့် လူနာရှင်တွေ အပြင်မှာပဲစောင့်နေပေးပါ"
ခွဲစိတ်မှုစတော့ အပြင်မှာစောင့်နေတဲ့သူအားလုံးစိတ်လှုပ်ရှားပြီး ထိုင်တောင်မထိုင်နိုင်ကြ Zhanရဲ့ပါးနဲ့မားကလည်းတချိန်လုံးဆုတောင်းနေကြတယ် ဖန်းယွီတို့အားလုံးလည်း ဘာစကားမှမပြောနိုင်ဘဲ ခွဲစိတ်မှုအောင်မြင်ဖို့ကိုပဲဆုတောင်းနေမိတယ်
တီလေး👉"Yubin! ဖန်းယွီ!"
တီလေးတစ်ယောက်အပြေးအလွှားရောက်လာတယ် နောက်မှာလည်းYiboရဲ့အဘိုးနဲ့အဘွားအပြင် Yiboမားပါပါလာတယ် Yiboပြောပြထားလို့Yubinတို့အားလုံးYiboမားကိုဓာတ်ပုံထဲမှာမြင်ဖူးသလို အကြောင်းစုံလည်းသိနေကြတယ်လေ
တီလေး👉"အချိန်မှီအောင်ထွက်လာတာပဲ ကားပိတ်နေတာနဲ့ Yiboလေးအဆင်ပြေမှာပါနော်"
ဖန်းယွီ👉"အားလုံးအဆင်ပြေမှာပါ စိတ်မပူပါနဲ့ ဘိုးနဲ့ဘွားဒီမှာလာထိုင်ပါ ပြီးတော့အန်တီရောပဲ"
Yiboမား👉"ရတယ် သမီး အန်တီ Xiao Zhanရဲ့မိဘတွေနဲ့စကားလေးပြောချင်လို့"
ပြောပြီး Zhanရဲ့မိဘတွေနဲ့lobbyဘက်ထွက်သွားကြတယ်
ဖန်းယွီ👉"တီလေး ဘာတွေပြောမှာလဲမသိဘူး" ဖန်းယွီတစ်ယောက်စိုးရိမ်ပြီးမေးတော့
တီလေး👉"မပူပါနဲ့ ကျေးဇူးတင်စကားပြောမလို့ပါ တီလေးအကုန်ပြောပြထားပြီးသား တူလေးကိုကယ်ရင်းဖြစ်တာကိုပါ Yiboမားကမနေ့ညကအိမ်ကိုလာတယ် တော်တော်နောက်ကျနေပြီ သူမနက်ဖြန်ပြန်မှာမို့ သူ့သားကိုခဏလေးလာတွေ့တာတဲ့ အရမ်းနောက်ကျနေပေမယ့် အိပ်နေတာလေးပဲကြည့်ပြီးပြန်ပါ့မယ်တဲ့လေ တီလေးကလည်းသနားတာနဲ့ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ် ကြားကြားချင်းဆေးရုံလိုက်သွားမယ်လုပ်ပေမယ့် တီလေးတားထားတာ တော်ကြာYiboလေးခွဲခန်းထဲ၀င်ခါနီးပြသနာတွေထပ်ဖြစ်မှာစိုးလို့ သူ့မားနဲ့ပက်သက်ပြီးအခုထိသူ့သဘောထားကဘယ်လိုမှန်းမသိသေးဘူးလေ"
ဖန်းယွီ👉"ကောင်းပါတယ် တီလေးအဲ့လိုပဲစီစဥ်လိုက်တာ ဒါနဲ့Yiboပါးကိုအကြောင်းကြားပြီးပြီလား"
တီလေး👉"အင်း ပြောပြီးပြီ flightအဆင်မပြေလို့ မနက်ဖြန်မနက်မှရောက်မယ်လို့ပြောတယ် သူလည်းစိတ်တွေအရမ်းပူနေတာ သူ့သားလေးကို"
မင်အာ👉"ဘိုးနဲ့ဘွားဘာမှစိတ်မပူနဲ့နော် နှစ်ယောက်လုံးကျန်းကျန်းမာမာနဲ့ထွက်လာမှာ သိလား🙂"
ဘွား👉"အင်း သမီးပြောသလိုပဲကျိန်းသေဖြစ်မှာ ဘွားတို့လည်းဆုတောင်းနေတယ်"
ခွဲစိတ်မှုကနှစ်နာရီကြာပြီးတာတောင်ထွက်မလာသေး အားလုံးစိတ်ပူပြီးလှုပ်လှုပ်ရွရွတွေဖြစ်ကုန်တယ် အဲ့အချိန်
သူနာပြု👉"အရေးပေါ်သွေးလိုလို့ ABသွေးဘယ်သူရှိလဲရှင့်!!!"
မင်အာ👉"သမီးရှိတယ်ဆရာမ သမီးပေးမယ်"
သူနာပြု👉"အဲဒါဆို ကျွန်မနောက်လိုက်ခဲ့ပါ"
Yubin👉"ဖန်းယွီ မင်အာနောက်လိုက်သွားလိုက်"
မင်အာတို့ထွက်သွားပြီးမကြာဘူး Zhanမိဘတွေနဲ့Yiboမားတို့ ပြန်ရောက်လာတယ် ထပ်ပြီးနောက်ထပ်သူနာပြုတစ်ယောက်က အမောတကောနဲ့ခွဲခန်းထဲကပြေးထွက်လာတယ်
Zhanမား👉"ဆရာမ! ဆရာမ! ဘာဖြစ်လု့ိလဲ!!!"
သူနာပြု👉"သွေးအရမ်းလိုနေလို့ရှင့် သွေးထွက်အရမ်းများနေတာကြောင့် ဒီမှာသွေးလှူမယ့်သူများထပ်ရှိသေးလား ABသွေးရှင့်"
Zhanမား👉"ကျွန်မပေးမယ်ရှင့် မြန်မြန်သွားရအောင်"
Yiboမား👉"ကျွန်မလည်းလှူမယ် ABပဲ"
ZhanမားရောYiboမားရောသူနာပြုဆရာမနောက်စိုးရိမ်တကြီးနဲ့လိုက်သွားတာမြင်တော့ ကျန်ခဲ့တဲ့လူတွေကပိုပြီးဗျာများကုန်တယ် သိပ်မကြာပါဘူးသူနာပြုတစ်ယောက်သွေးထုပ်တွေကိုင်ပြီးခွဲခန်းထဲပြေး၀င်သွားတယ် နောက်ထပ်၁၅မိနစ်လောက်ကြာတော့ နောက်သူနာပြုဆရာမကသွေးထုပ်တွေကိုင်ပြီး၀င်သွားပြန်ရော သွေးသွားလှူတဲ့လူတွေပြန်လာတာတောင် ခွဲစိတ်မှုကမပြီးသေး နောက်ထပ်၂နာရီလောက်ကြာတော့မှ ခွဲခန်းထဲကနေဆရာ၀န်ထွက်လာတယ်
Dr.👉"၀မ်းသာပါတယ်ခင်ဗျာ ခွဲစိတ်မှုအောင်မြင်ပါတယ်"
All👉"🤩😆👏👏💃🕺🌨️"
Zhanမား👉"ကျေးဇူးတင်ပါတယ် ဆရာရယ် ကျေးဇူးတင်ပါတယ်😭😭😭"
Zhanပါး👉"ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်😭" ပြောရင်းZhanရဲ့ပါးမျက်ရည်တွေစီးကျလာတာမြင်တော့ အားလုံးစိတ်မကောင်းတွေဖြစ်ကုန်ကြတယ်
Yiboမား👉"မငိုပါနဲ့တော့ ကလေးတွေရှေ့မှာကျွန်မတို့အတက်နိုင်ဆုံးပြုံးထားရမယ် ခွဲစိတ်မှုလည်းအောင်မြင်တယ်မလား တော်ကြာကလေးတွေထွက်လာတော့မယ် မငိုပါနဲ့တော့"
Yiboမားတစ်ယောက်နှစ်သိမ့်ပေးရှာတယ် သူသိတာပေါ့ ဘယ်လိုခံစားနေရမယ်ဆိုတာ ဘာကြောင့်ဆိုသူလည်းမိခင်တစ်ယောက်ပဲလေ
ခွဲစိတ်မှုကြီးပြီးသွားတော့ Zhanရော YiboရောVIP လူနာခန်းကိုရွှေ့ထားလိုက်ကြတယ် Yiboကတော့ခွဲစိတ်မှုကြီးပြီးလို့နောက်တစ်နေ့မှာပဲ ပြန်သတိရလာတယ် ဒါပေမဲ့Zhanကတော့ ကားတိုက်မှုကြောင့်ရော အသည်းအစားထိုးမှုပါလုပ်ထားတာကြောင့် လုံး၀သတိရမလာသေးဘူး
Yubin👉"Yiboနားပါဦး မင်းလည်းခွဲစိတ်မှုခံယူထားရတာလေ Zhanကိုငါတို့ရောသူ့မိဘတွေရော လာစောင့်ပေးနေတာမို့ မင်းနားလိုက်တော့"
Yibo👉"ဟင့်အင်း Zhanသတိရလာတဲ့အထိငါသူ့အနားကနေတဖ၀ါးမှ မခွာဘူး"
Yubin👉"မင်းတော်တော်ခေါင်းမာပါလားကွာ အဲဒါဆိုမင်းအစားအသောက်ကိုပုံမှန်စားပြီးကျန်းမာအောင်နေ Zhanနိုးလာတော့မှမင်းလဲသွားရင်ဘယ်လိုလုပ်မလဲ"
ထိုစဥ်
"Yubinပြောတာမှန်တယ် သား ခေါင်းမမာပါနဲ့သားရယ်" Yiboမားကထမင်းချိုင့်တွေအထုပ်အပိုးတွေနဲ့ရောက်လာတယ်
Yiboမား👉"သားကြိုက်တာတွေကြီးပဲ မားကိုယ်တိုင်ချက်လာတယ် သားစားရမယ်နော်"
Yibo👉"သားဘာမှမစားချင်ဘူး မား"
Yubinတစ်ယောက် မတွေ့တာကြာပြီဖြစ်တဲ့သားအမိနှစ်ယောက်စကားပြောလို့ရအောင်ရှောင်ထွက်ပေးလိုက်တယ်
Yiboမား👉"သားလေး မားကိုကြည့် သားသိပ်ချစ်တဲ့Zhanက သားခုလိုလုပ်နေတာမြင်ရင် ဘယ်လောက်စိတ်မကောင်းဖြစ်လိုက်မလဲ လူနာတွေကသတိမရလာသေးပေမယ့် မားတို့ဘေးကပြောသမျှတွေကိုကြားနေရတယ်သားရဲ့ သားလေးZhanကိုမြန်မြန်သတိရစေချင်ရင်ခုလိုတွေမလုပ်ပါနဲ့ သူနိုးလာတဲ့အခါကျန်းကျန်းမာမာနဲ့ပျော်ရွှင်နေတဲ့သားကိုမြင်ရင် ဘယ်လောက်၀မ်းသာပြီးပျော်လိုက်မလဲ"
Yibo👉"မား သားကိုမမုန်းဘူးလား မားကိုမြင်တိုင်းသားဆိုးဆိုးရွားရွားဆက်ဆံခဲ့တာတောင်လေ"
Yiboမား👉"သားလေးရယ် ဘယ်မိဘမှကိုယ်မွေးထားတဲ့သားသမီးကိုမုန်းတယ်ဆိုတာမရှိဘူး မားကသာအဲ့မေးခွန်းကိုမေးရမှာ မားကသားကိုအများကြီးနာကျင်စေခဲ့တာ မားကိုမုန်းနေတုန်းပဲလား😢"
Yibo👉"သား မားကိုမမုန်းဘူး ဘယ်တုန်းကမှမမုန်းခဲ့ဘူး မားကိုအရမ်းလွမ်းနေခဲ့တာ😭😭😭"ပြောပြီးYiboတစ်ယောက်သူ့မားကိုဖက်ပြီးငိုလေရဲ့
Yiboမား👉"သားလေးရယ် မားလည်းအချိန်ပြည့်သားကိုလွမ်းနေတာ ရင်ခွင်ထဲမှာအမြဲထွေးပွေ့ထားချင်တာ မားကိုမမုန်းတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်😭" သားအမိနှစ်ယောက်ရဲ့၀မ်းနည်းစရာမြင်ကွင်းကိုမြင်ပြီးအခန်းအပြင်ဘက်ကြည့်နေတဲ့သူတွေကပါ ၀မ်းနည်း၀မ်းသာဖြစ်ကုန်ကြတယ်
Zhanမား👉"သူတို့သားအမိကို ကျွန်မအရမ်းသနားတာပဲ ကျွန်မတောင်ကျွန်မသားလေးတွေနဲ့ တစ်ရက်လေးတောင်ခွဲမနေချင်တာ သူတို့ခင်မျာအချိန်အကြာကြီးခွဲနေခဲ့ရတာမလား😢"
Zhanပါး👉"ကိုယ်အရမ်းနောင်တရတယ် ဒဏ်ရာတွေနဲ့နာကျင်နေတဲ့ကလေးကို နောက်ထပ်ဒဏ်ရာတွေထပ်ပေးမိသလိုဖြစ်သွားလို့😣"
Zhanမား👉"အချိန်မှီပါသေးတယ် ပါးရယ် အခုချိန်ကစပြီးကလေးနှစ်ယောက်ကိုပျော်ရွှင်အောင်ထားပေးရအောင်နော်"
Zhanပါး👉"အင်း ကိုယ်အခုအဖြစ်အပျက်ကနေသိလိုက်တာက ကိုယ့်သားသမီးရဲ့အသက်ထက်ဘယ်အရာမှအရေးမကြီးဘူးဆိုတာပဲ မနက်ဖြန်ရှယ်ယာရှင်အစည်းအေ၀းမှာလည်း ကိုယ့်သားနဲ့ပက်သက်တာတွေကိုရဲရဲ၀င့်၀င့်ဖွင့်ပြောပြီး သားရဲ့ရှေ့မှာမားမားမတ်မတ်ရှိနေပေးမယ့် အဖေအဖြစ်နဲ့ပဲနေမယ် ဒါရိုက်တာရာထူးကနှုတ်ထွက်ရမယ်ဆိုရင်တောင် ကိုယ်ဂရုမစိုက်ဘူး"
Zhanမား👉"၀မ်းသာလိုက်တာ ဒီစကားကိုကြားရတာ အရမ်းကြီးချမ်းသာနေစရာမလိုပါဘူး ကျွန်မရဲ့ယောကျာ်းနဲ့သားလေးတွေကျန်းကျန်းမာမာနဲ့ပျော်ရွှင်နေတာကိုမြင်နေရရင်တော်ပါပြီ"
Zhanပါး👉"မိန်းမရယ်😭" လင်မယားနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီးနှစ်သိမ့်ပေးနေတဲ့မြင်ကွင်းလေးက ကြည်နူးစရာကောင်းလိုက်တာ🙂🙂🙂☺️
သြော် ဒီမြင်ကွင်းလေးကိုသာ Zhanတစ်ယောက်မြင်ရရင် ဘယ်လောက်တောင်၀မ်းသာပြီးပျော်နေလိုက်မလဲ Zhanရယ်မြန်မြန်သတိရပါတော့နော်😢
YOU ARE READING
Skateboard story
FanfictionUnicode & Zawgyi ဒီficလေးက ပထမဆုံးရေးတာမို့ အမှားပါရင်ခွင့်လွှတ်ပေးနော် Yizhan shipperတစ်ယောက်မို့ Yizhan ficတွေပဲ ဦးစားပေးရေးဖို့ရှိပါတယ် ဖတ်ကြည့်ပြီးဝေဖန်ပေးဦးနော်😁😁