Part 23

3.6K 359 20
                                        

"Yubin အစ်ကိုYixingမလာသေးဘူးလား ၁နာရီကျော်နေပြီ"
"မင်းကလည်း မလောနဲ့လေ ၁၅မိနစ်လေးပဲကျော်သေးတာပါကွာ ဟော....ပြောရင်းဆိုရင်းလာပြီ အစ်ကို!!!ဒီမှာ"
Yixing👉"sorryကွာ အစ်ကိုနည်းနည်းနောက်ကျသွားတယ် ပါးခိုင်းထားတာလေးတွေလုပ်နေလို့ ဒါနဲ့အစ်ကို့ကိုပြောစရာရှိလို့ဆို"
Yibo👉"ဟုတ် ကျွန်တော် ဘာလို့ဦးက အဲလောက်တောင်လိင်တူချစ်သူတွေကိုမုန်းတီးပြီးကန့်ကွက်နေရတာလဲ အစ်ကို"
Yixing👉"အင်း ပါးကအဲ့အကြောင်းတွေကိုလျို့၀ှက်ထားတာ ရှက်လို့တဲ့လေ မားကိုလည်းမပြောပြခိုင်းဘူး ဒါပေမဲ့မားက အစ်ကိုတို့သိထားသင့်တယ်ဆိုပြီး မနေ့ကမှပြောပြတာ ပါးအပေါ်အထင်မှားပြီးစိတ်ဆိုးမိမှာစိုးတာလည်းပါမှာပေါ့လေ ဒီလိုကွ ပါးတို့ကညီအစ်ကိုသုံးယောက်ရှိတယ် ပါးကအလတ် Australiaမှာရှိတဲ့ဦးလေးက အငယ်ဆုံး ပါးရဲ့အစ်ကိုအကြီးဆုံးက 🌈ကွ ပါးရဲ့မိဘတွေကအသေအလဲကန့်ကွက်တာပေါ့ မျိုးရိုးစဥ်ဆက်ဒီလိုမျိုးမရှိခဲ့တော့ အားလုံးကကဲ့ရဲ့အပြစ်တင်ကြတာပေါ့ကွာ အဲ့တုန်းကလည်းခေတ်ကာလက အခုလိုမဖွံဖြိုးသေးတော့ 🌈အဲလိုကိစ္စမျိုးဆိုလူတွေက ရွံ့စရာတစ်ခုလိုဆိုးဆိုးရွားရွားရှုံ့ချကြတာလေ ပါးရဲ့အစ်ကိုအကြီးဆုံးကလည်း ကန့်ကွက်နေတဲ့ကြားက သူ့ချစ်သူနဲ့ထွက်ပြေးသွားတယ် အဲ့မှာပါးရဲ့အမေကပတ်၀န်းကျင်ကကဲ့ရဲ့ပြောဆိုတဲ့ဒဏ်တွေ ဆွေမျိုးတွေကအပြစ်တင်တဲ့ဒဏ်တွေကြောင့် စိတ်ဖိစီးပြီးအိပ်ရာထဲလဲတော့တာပဲ နောက်ဆုံးအဲ့စိတ်နဲ့ပဲ ဆုံးသွားတယ် ပါးရဲ့အဖေကလည်းသူ့သားအကြီးဆုံးကိုအမွေဖြတ်စွန့်လွှတ်ပြီး Australiaကိုအပြီးပြောင်းသွားတယ် ပါးကတော့မားနဲ့အကြောင်းပါပြီးဒီမှာပြန်အခြေချပေမယ့် ဘယ်ဆွေမျိုးနဲ့မှအဆက်အသွယ်မလုပ်ခဲ့ဘူး မေးလည်းဘယ်တုန်းကမှမပြောပြခဲ့ဘူး ဒါကြောင့်အစ်ကိုတို့လည်းလုံး၀မသိခဲ့ဘူး ပါးမှာအစ်ကိုတစ်ယောက်ရှိတယ်ဆိုတာ မားကထပ်ပြောသေးတယ်ပါးက သူ့အစ်ကိုကိုအရမ်းမုန်းတာတဲ့ သူ့အစ်ကိုကြောင့်သူ့အမေဆုံးရတယ်ဆိုတဲ့စိတ်ကြောင့်လေ သူ့အစ်ကိုသာ🌈မဟုတ်ခဲ့ရင်ဒီလိုတွေဖြစ်မှာမဟုတ်ဘူးဆိုပြီး 🌈ကိုအရမ်းမုန်းခဲ့တာ အစ်ကိုလည်းအဲလိုအကြောင်းစုံသိရတော့ ပါးကိုသနားမိတယ် တစ်ဖက်ကလည်းZhanကိုလည်းသနားမိတယ် ဘာတွေဘယ်လိုဆက်လုပ်ရမှန်းမသိတော့ဘူး တကယ် ဟူးးးး😔"
Yibo👉"အဲဒါကြောင့် သဘောကောင်းတဲ့ဦးက အဲလောက်ထိပြောင်းလဲသွားတာကိုးး ဒါပေမဲ့ကျွန်တော်လက်မလျှော့ဘူး ရအောင်​ဖျောင်းဖျမယ် သဘောတူလာတဲ့အထိ"
Yubin👉"တော်တော်မလွယ်ကူတဲ့ကိစ္စပဲ ချန်လင်ဆိုတဲ့$ရူးကတစ်မျိုး ဘယ်လိုလုပ်ရပါ့"
Yibo👉"အစ်ကို Zhanရောဘယ်လိုနေသေးလဲ သူနေမကောင်းတွေဘာတွေမဖြစ်ပါဘူးနော်"
Yixing👉"ပြောရရင်တော့ Zhanကဘာကျွေးကျွေးမစားဘူးကွ ငိုပဲငိုနေတယ် တချိန်လုံး ဒီနေ့လည်းဘာမှမစားဘူး ငိုလိုက်အိပ်ပျော်သွားလိုက်နဲ့ မျက်လုံးတွေဆိုရဲတွတ်နေတာ အစ်ကိုလည်းဘာကိုဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူး ပါးကလည်းအလျှော့မပေးဘူး ဒီလိုဆက်သွားရင်Zhanအတွက်စိုးရိမ်ရတယ် သူ့ကိုနိုင်ငံခြားအပြီးပို့မယ်ဆိုတာသာသိရင် ဘယ်လိုတွေဆက်ဖြစ်မလဲမသိတော့ဘူး ဒါပေမဲ့တစ်ခုရှိတာက အခုအပြင်ထွက်လာခါနီး ပါးကZhanအခန်းကိုပြန်ဖွင့်ပေးထားတယ် သော့မခတ်တော့ဘူး Zhanဘာမှမစားလို့စိတ်လည်းပူတယ် တစ်ဖက်ကလည်းအလျှော့မပေးချင်ဘူးဖြစ်နေတယ် အဲ့ကြားထဲမှာ အစ်ကိုနဲ့မားကစိတ်ဆင်းရဲလို့သေတော့မယ်"
Yibo👉"မရတော့ဘူး ကျွန်တော်အခုZhanကိုသွားတွေ့မယ်"
Yixing👉"မလုပ်နဲ့ ညီ ပိုဆိုးသွားမယ် အခြေအနေကိုစောင့်ကြည့်ကြတာပေါ့ အစ်ကိုလည်းနိုင်ငံခြားပို့မယ်ကိစ္စကို မကြာကြာအောင်အချိန်ဆွဲထားမယ် ဒီကြားထဲမှာအစီအစဥ်သေချာဆွဲရမယ် တခုခုဆိုအစ်ကို့ကိုဖုန်းဆက်ကြားလား စိတ်လက်မာန်ပါမလုပ်နဲ့"
Yubin"ဟုတ်ကဲ့ အစ်ကို ကျွန်တော်Yiboကိုသေချာစောင့်ရှောက်ပါ့မယ် Zhanကိုလည်းပြောပေးပါ သူ့ဘက်မှာကျွန်တော်တို့အားလုံးရှိပါတယ်လို့ "
Yixing👉"အင်း အစ်ကိုပြောပေးပါမယ် ခုတော့အပြင်ထွက်တာကြာနေပြီမို့လို့ ပြန်တော့မယ်နော် ဖုန်းဆက်နော်"
Yixingထွက်သွားတော့ Yiboနဲ့Yubinဘားတစ်ခုကိုသွားပြီးသောက်ကြတယ်
Yibo👉"ငါမခံစားနိုင်တော့ဘူး ငါမူးအောင်သောက်မှဖြစ်မယ် မဟုတ်ရင်ငါရူးသွားနိုင်တယ် Zhanရေ......ကို မင်းကိုအရမ်းသတိရတယ်😭😭😭"
Yubin👉"သောက်ကွာ ချ မင်းနားမှငါစောင့်ပေးမယ် သူငယ်ချင်း"
Yiboသောက်ပြီးမူးတာ မတ်တပ်တောင်မရပ်နိုင်တဲ့အထိပဲ တချိန်လုံးလည်းZhanနာမည်ပဲရွတ်နေတယ်
အိမ်ပြန်ရောက်တော့လည်း Zhanနာမည်ကိုရွတ်ပြီးငိုနေတာ အိပ်ပျော်သွားမှပဲ တိတ်သွားတော့တယ် Yubinလည်းYiboကိုသေချာစောင်တွေဘာတွေခြုံပေးပြီး သူလည်းတီလေးပေးထားတဲ့extra bedပေါ်လှဲရင်း
"သြော်...ဘေးမှာရှိနေတဲ့ ငါတောင်ဒီလောက်ရင်ထဲမကောင်းဖြစ်နေတာ ကာယကံရှင်တွေဆို ဘယ်လောက်တောင်ခံစားလိုက်ရမလဲ ဟူးးးး😥 အချစ် အချစ် လူကိုပျော်အောင်လဲလုပ်နိုင်သလို နာကျင်အောင်လည်းလုပ်နိုင်တယ် မမြင်ရတဲ့အဲဒီ့အချစ်ဆိုတဲ့အရာလေးက လူတစ်ယောက်ကိုရသစုံခံစားရအောင်လုပ်နိုင်တဲ့အထိ စွမ်းအားကြီးပါလားကွာ"

Skateboard storyOnde histórias criam vida. Descubra agora