Part 29

4K 271 15
                                    

ခုဆို ခွဲစိတ်မှုလုပ်ပြီးတာ ဆယ်ရက်တောင်ကျော်ပြီ Zhanတစ်ယောက်သတိမရလာသေးဘူး Yiboတစ်ယောက်ကတော့ Zhanအနားကမခွာဘဲ တစ်ချိန်လုံးစောင့်နေတယ် ရေပတ်တိုက်ပေးလိုက် အ၀တ်အစားလဲပေးလိုက် စကားတွေပြောလိုက် Zhanကြိုက်တဲ့သီချင်းလေးတွေဆိုပြလိုက်နဲ့ပေါ့ Yubinတို့ကလည်းကျောင်းဆင်းတာနဲ့ဆေးရုံလာပြီးZhanကိုလာကြည့်တယ် Yiboကိုလည်းလွတ်သွားတဲ့ကျောင်းစာတွေကိုလာရှင်းပြတယ် Zhanမားနဲ့ပါးက နေ့တိုင်းလာပြီးZhanကိုကြည့်ပေမယ့်ညအိပ်ပြီးစောင့်မယ်ဆိုရင်Yiboကလက်မခံဘဲ သူပဲစောင့်မယ်ဆိုလို့ လာကြည့်ပြီးပြန်ပြန်သွားရတယ် အစ်ကိုYixingလည်းZhanကိုလာလာကြည့်တယ် ကျောင်းတစ်ဖက်နဲ့ပြိုင်ပွဲအတွက်အကတိုက်နေရတဲ့ကြားကသူ့ညီလေးကိုလာပြီးပြုစုရှာတယ်ဒီနေ့လည်း
ဖန်းယွီ👉"Yibo ငါတို့လာတာနည်းနည်းနောက်ကျသွားတယ် Zhanအခြေအနေရော"
Yibo👉"အရင်အတိုင်းပဲ ဘာမှမထူးဘူး စောနလေးကမှ ဦးနဲ့အန်တီပြန်သွားတာ"
Yubin👉"မင်းမား ပြန်သွားပြီဆို "
Yibo👉"အင်း ပြန်သွားပြီ သူအားရင်လာခဲ့ဦးမယ်တဲ့"
Yubin👉"မင်းမားနဲ့ပြန်အဆင်ပြေသွားတာ ငါတို့အရမ်း၀မ်းသာတယ်သိလား သြော်ပြီးတော့ မင်းနဲ့Zhanကိုဆရာဆရာမတွေက Assignmentအမှတ်တို့Practicalအမှတ်တို့အားလုံးပေးမယ်တဲ့ မင်းတို့စာမေးပွဲစာပဲလေ့လာပြီးဖြေရင်ရပြီကွ သိတဲ့တိုင်းပဲစာမေးပွဲကဖင်လှည့်ခေါင်းလှည့်နဲ့ရောက်လာမှာ"
မင်အာ👉"စာမေးပွဲကအသာထား ငါတို့သူ့ကို​အရေးကြီးတဲ့ကိစ္စပြောရဦးမယ်လေ ဘယ်ချိန်ထိဖုံးထားဦးမှာလဲ"
ဖန်းယွီ👉"ငါလည်းပြောပြမလို့ပါပဲ အခြေအနေကြည့်နေတာ အခုတော့ပြောပြလိုက်တော့မယ် ဒီလိုဟ နင်နဲ့ချန်လင်နဲ့ရန်ဖြစ်တဲ့နေ့က Zhanကိုအိမ်ကလာခေါ်လို့ပြန်သွားတော့ နင်လည်းစိတ်ရှုပ်ပြီးအတန်းမတက်တော့ဘူးဆိုပြီးပြန်သွားတယ်မလား ငါတို့အတန်းချိန်ပြီးတော့ အစ်ကိုYixingနဲ့တွေ့တယ်ဟ သူကနင်ရန်ဖြစ်တာနဲ့ပက်သက်ပြီး​မေးလို့ငါပြောပြလိုက်တယ် ချန်လင်နဲ့ပက်သက်သမျှcaseအားလုံး အဲ့မှာအစ်ကိုYixingကသူလည်းကူညီမယ်ဆိုတာနဲ့ ငါတို့ချန်လင်တို့အိမ်ကိုသွားကြတယ် သူ့မိဘတွေကိုချန်လင်နဲ့ပက်သက်ပြီးငါတို့ရှာထားတဲ့သက်သေတွေကိုချပြတော့ သူ့မိဘတွေကအသာတကြည်ပဲလက်ခံတယ် သူတို့သားရဲ့အမှားတွေကိုလည်းတောင်းပန်ရှာတယ် ဒါပေမဲ့သူတို့ရဲ့ဂုဏ်သိက္ခာအတွက်အဲ့သက်သေတွေကိုချမပြပါနဲ့လို့တောင်းပန်တယ်ဟ ပြီးတော့သူတို့သားကိုလည်းထပ်ပြီးနင်တို့နှစ်ယောက်ကိုထပ်မနှောက်ယှက်နိုင်အောင်နိုင်ငံခြားကိုအပြီးပို့မယ်လို့လည်းကတိပေးတယ် ငါတို့ညှိနှိုင်းပြီးအပြန်မှာနင့်ဆီကိုဖုန်းဆက်လိုက်တာ"
Yubin👉"ငါဆက်ပြောလိုက်မယ် မင်းစိတ်ကိုလျှော့ထားနော် Zhanကိုကားနဲ့တိုက်တဲ့တရားခံကလည်း ချန်လင်ပဲ"
Yibo👉"ဘာ....😠😠😠😠 အဲ့ကောင်အခုဘယ်မှာလဲ ငါ့ကိုပြောစမ်း!!!"
Yubin👉"ငါပြောထားတယ်လေ Yibo!!!စိတ်ကိုထိန်းစမ်း!!! " Yubinအသံကျယ်ကျယ်နဲ့အော်လိုက်မှ Yiboငြိမ်ကျသွားတယ်
Yubin👉"အခုသူမရှိတော့ဘူးကွ!! သေသွားပြီ Zhanကိုကားနဲ့တိုက်ပြီးထွက်ပြေးသွားပြီး မကြာဘူး သုံးရက်လောက်နေတော့သူ့အလောင်းကိုသူ့ကားထဲမှာတွေ့တာ ရင်ခွဲစစ်ဆေးတဲ့ရလဒ်အရ မူးယစ်ဆေးအလွန်အကျွံသုံးရာကစိတ်ဖောက်ပြန်ပြီး ကိုယ့်လက်ကိုဘရိတ်ဒါးနဲ့ဖျက်လိုက်တာ အရမ်းနောက်ကျမှတွေ့လို့မကယ်လိုက်နိုင်တာတဲ့ Highwayလမ်းမကြီးရဲ့ဘေးမှာထိုးရပ်နေတဲ့သူ့ကားကို ဖြတ်သွားဖြတ်လာတွေကမသင်္ကာလို့ဆင်းကြည့်ရာကတွေ့တာ Zhanကားတိုက်ခံရပြီး ငါတို့ဆေးစစ်တာတွေဘာတွေနဲ့ရှုပ်နေတဲ့အချိန် အစ်ကိုYixingတစ်ယောက်သူ့ညီကိုကားနဲ့တိုက်တဲ့တရားခံကိုအသည်းအသန်လိုက်ရှာနေတာ နောက်မှငါတို့သိရတာ ချန်လင့်နာရေးကိုလည်းသူ့မိဘတွေကမြန်မြန်ပဲလုပ်ပြီး အမေရိကားကိုအပြီးပြောင်းသွားကြတယ် မင်းတို့နှစ်ယောက်ကိုလာတွေ့ချင်ပေမယ့် အားနာလွန်းလို့မျက်နှာမပြ၀ံ့ဘူးတဲ့လေ"
မင်အာ👉"ငါတို့လည်းနာရေးကိုသွားလိုက်သေးတယ် မုန်းတယ်ဆိုပေမယ့်သေလောက်တဲ့အထိတော့ငါတို့မရည်ရွယ်ခဲ့ဘူးလေ သူလည်းအခုဆိုသူ့အပြစ်တွေကိုငရဲမှာဆပ်နေရလောက်ပြီ ပြီးတော့သူ့ရဲ့အဓိကပစ်မှတ်ကနင်ဖြစ်မယ် ဘာလို့ဆိုသူနဲ့နင်ကျောင်းမှာရန်ဖြစ်တော့သူ့အကြည့်တွေကမူမမှန်ဘူးလို့ ဖန်းယွီလည်းပြောတယ်လေ"
ဖန်းယွီ👉"နင့်ကိုမပြောတာက နင့်ကျန်းမာရေးကြောင့်ပါ လူကြီးတွေလည်းအကုန်သိပြီးပြီ တမင်မပြောကြတာ နင်လည်းအခုဒေါသမထွက်နဲ့တော့ မကောင်းတဲ့လူကိုဘုရားကအပြစ်ပေးလိမ့်မယ် သူမကောင်းတိုင်းကိုယ်လိုက်မကောင်းစရာမှမလိုတာ သူငယ်ချင်းရယ်"
Yibo👉"အင်း "
မင်အာ👉"အခုZhanပြန်သတိရလာဖို့ပဲကျန်တော့တယ် ဒီအတောအတွင်းကြုံတွေ့ရတာတွေကိုပြန်တွေးကြည့်ရင် အိမ်မက်ဆိုးတွေမက်နေသလိုပဲဟာ အဆိုးတွေဆက်တိုက်ဖြစ်ပြီးသွားပြီဆိုတော့ အကောင်းတွေပဲလာတော့မှာ Fighting ငါတို့တွေအားတင်းထားရအောင်"
Yibo👉"အင်း🙂"
ဖန်းယွီ👉"Dr.ကပြောတယ် လူနာဘေးမှာအမှတ်တရတွေပျော်စရာတွေများများ​ပြောပေးရင် မြန်မြန်သတိရနိုင်တယ်တဲ့ ငါတို့တွေရဲ့အမှတ်တရတွေကိုပြန်ပြောရအောင်ဟာ နော်"
Yubin👉"Cool!!သဘောတူတယ် ငါတို့စခင်တဲ့အချိန်ကစပြီးပြောကြမယ် ငါအရင်စမယ်"
All👉"အင်းပြောတော့"
Yiboတို့အားလုံးအမှတ်တရတွေကိုတစ်ယောက်တစ်လှည့်စီ​ပြန်ပြောကြရင်း Yiboအလှည့်ရောက်တော့
Yibo👉"ငါကတော့မပြောတော့ဘူး ဒါပေမဲ့Zhanငါ့ကိုအမြဲဆိုပြခိုင်းတဲ့ EXOရဲ့ Luckyသီချင်းလေးဆိုပြမယ် အဲ့သီချင်းလေးကိုZhanကအရမ်းကြိုက်တာ ငါ့ကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်သူကလောကမှာကံအကောင်းဆုံးပဲတဲ့ သူအမြဲပြောခဲ့တာ ငါ...😢😥"
Yiboဆက်မပြောနိုင်ဘဲ မျက်ရည်တွေစီးကျလာတယ်ချက်ချင်းမျက်ရည်တွေကိုသုတ်လိုက်ပြီး Zhanရဲ့နဖူးလေးကိုဖွဖွလေးနမ်းလိုက်တယ်
Yibo👉"Zhan Zhanအရမ်းကြိုက်တဲ့သီချင်းလေးကို ကိုကိုဆိုပြမယ် နားထောင်ပြီးမြန်မြန်နိုးလာတော့နော်"
"🎤🎶မင်းလေးရဲ့နာမည်ကိုခေါ်ပြီး
🎶မင်းလေးရဲ့လက်ကိုကိုင်ခွင့်ရတဲ့ကိုယ်ဟာ 🎶တိမ်မြှပ်နေတဲ့နေရောင်ခြည်က 🎶ကိုယ့်အတွက်တော့လင်းလက်နေတယ် 🎶ကိုယ်ဒီလိုပျော်နေလို့ဖြစ်ရဲ့လား 🎶ကိုယ့်ရဲ့နာမည်ကိုခေါ်ပြီး 🎶ကိုယ့်ရဲ့ပုခုံးပေါ်မှီနေတဲ့ မင်းလေးအတွက် 🎶ဟိုးကောင်းကင်ကြီးရဲ့နေရောင်ဟာ 🎶မင်းလေးကိုသာလင်းလက်စေတယ် 🎶မင်းလေးဒီလိုမျိုးတောက်ပနေလို့ရပါတယ်🎶So Lucky my love  🎶So Lucky to have you 🎶 So
Lucky to be your love 🎶I'm...😭😭"
(စာသားcrd# သာသာတစ်ပုဒ်လုံးမရေးဘဲ အကြိုက်ဆုံးအပိုင်းလေးပဲ ထည့်ရေးထားပါတယ် စာရှည်သွားမှာစိုးလို့ပါ ဒီသီချင်းလေးကသာသာအကြိုက်ဆုံးသီချင်းလေးတွေထဲကတစ်ခုပါ)
Yiboတစ်ယောက်ဆက်မဆိုနိုင်တော့ဘဲ Zhanရဲ့လက်လေးကိုကိုင်ရင်း ငိုနေမိတယ်
ဘေးကYubinတို့လည်းကြည့်ရင်းငိုနေမိတယ်
Yibo👉"Zhanရယ် မြန်မြန်နိုးလာပါတော့ Zhanရဲ့ကိုကိုလို့ခေါ်တဲ့အသံလေးကို ကြားချင်လှပြီ😭😭😭 ကို..."
Yiboဆက်မပြောနိုင်တော့ ရင်ထဲမှာဆို့နစ်ပြီးမွန်းကျပ်လာတယ် ထိုစဥ်
"ကို... ကိုကို..."
All👉"😳😲😱😱😱"
ဖန်းယွီ👉"ငါအသံကြားလိုက်တယ် ငါနားကြားမှားတာမဟုတ်ပါဘူးနော်😲"
Yubin👉"ငါလည်းကြားလိုက်တယ် !!! ကိုကိုလို့"
မင်အာ👉"ဟဲ့ Zhanကိုကြည့်ဦး!!!😱 လက်လေးတွေလှုပ်နေတယ် Yubin!! မြန်မြန်Dr.ကိုသွားခေါ်!!! မြန်မြန်"
Yubin👉"Dr.!!!📢 Dr.ရေ📢"
Yubinတစ်ယောက် အာပြဲကြီးနဲ့ဆရာ၀န်ဆီပြေးလေရဲ့🏃နောက်ကနေမင်အာလည်းပြေးလိုက်သွားတယ်
ဖန်းယွီ👉"ငါလူကြီးတွေဆီဖုန်းဆက်လိုက်ဦးမယ် ပျော်လိုက်တာဟယ် ငါ့ဖုန်းး😅 ဘယ်နားထား....သြော် ငါ့လက်ထဲမှာပဲ😂 "
ဖန်းယွီတစ်ယောက်အပျော်လွန်ပြီး ကြောင်တောင်တောင်တွေဖြစ်နေတယ်
Yibo👉"Zhan!!! Zhan!!!! ကိုခေါ်တာကြားလား ကို့ရဲ့ယုန်ပေါက်လေး❤️ ကို့ကိုမြင်ရလား ကို့အသံကိုရောကြားလားဟင် Zhan!!!"
Zhan👉"ကိုကို ကိုကိုရယ်ဖြည်းဖြည်းမေးပါ☺️" Zhanတစ်ယောက်Yiboကိုပြုံးပြရင်းတိုးတိုးလေးပြောလိုက်တယ်
Yubin👉"Dr.လာပြီဟေ့!!! ဆရာကျွန်တော့်သူငယ်ချင်းကိုသေချာစမ်းသပ်ပေးပါနော်"
Dr.👉"ဟုတ်ပါပြီဗျာ😅 သေချာစမ်းသပ်ပေးပါ့မယ် ဟုတ်ပြီလား Yiboညီခဏလောက်ဖယ်ပေးပါလား စမ်းသပ်ချင်လို့"
Yibo👉"ဟုတ်ကဲ့😃"
စမ်းသပ်ပြီးတော့
Dr.👉"အခြေအနေအကုန်ကောင်းပါတယ် ခွဲထားတဲ့နေရာကလည်းအနာတော်တော်ကျက်နေပြီ ခြေထောက်ကတော့ နောက်တစ်လလောက်ထိစောင့်ကြည့်ရဦးမယ် လမ်းတော့လျှောက်လို့မရသေးဘူးပေါ့ ညီလေးXiao Zhanရော အခုခွဲထားတဲ့နေရာကနာနေလား"
Zhan👉"Zhanကိုခဏလောက်ထူပေးပါလားဟင်"
Yibo👉"လာ ကိုထူပေးမယ်"
Zhan👉"သိပ်မနာပါဘူး ဆရာ Zhanအကြာကြီးအိပ်ပျော်သွားတာလားဟင်"
Dr.👉"ဟုတ်ကဲ့ ပုံမှန်ဆိုသုံးလေးရက်လောက်ဆိုသတိရရမှာ ဒါပေမဲ့ညီလေးကဆယ်ရက်ကျော်လောက်ကြာသွားတယ် အဓိကကတော့ စိတ်နဲ့လည်းဆိုင်တယ် ခဏလောက်နာကျင်ခံစားရတဲ့ဒုက္ခတွေနဲ့​ေ၀းချင်လို့သတိမရချင်သေးတာမျိုးပေါ့ ခေါင်းတွေဘာတွေရောကိုက်နေသေးလား"
Zhan👉"ဟင့်အင်း Zhanနေလို့ကောင်းပါတယ် အကြာကြီးအိပ်ပြီးမှနိုးလာလို့လားမသိဘူး"
ဖန်းယွီ👉"အရူးလေး ဘာလို့အကြာကြီးအိပ်နေရတာလဲ ငါတို့ကိုစိတ်ပူပြီးသေအောင်လို့လား ဟွန်း😏 နင်နေမကောင်းလို့နော် မဟုတ်ရင်ခေါင်းကိုသုံးလေးချက်လောက်ခေါက်လိုက်ပြီ"
Zhan👉"Zhanတောင်းပန်ပါတယ် အားလုံးကိုစိတ်ပူအောင်လုပ်မိလို့"
မင်အာ👉"လာပါ ငါတို့သူငယ်ချင်းတွေတစ်ခါလောက်ဖက်ရအောင်"
သူငယ်ချင်းငါးယောက် ပျော်တာရော၀မ်းနည်းတာရောပေါင်းပြီး ဖက်ပြီးငိုချလိုက်တယ် Dr.ကတော့ကြည်နူးနေတဲ့အပြုံးကြီးနဲ့အခန်းထဲကထွက်သွားတယ် ခဏနေတော့
Zhanမား👉"Zhan Zhanလေး မားသားငယ်လေး😭" Zhanရဲ့မားအမောတကောအခန်းထဲကို၀င်လာတယ် Zhanရဲ့ပါးရောYixingပါပါလာတယ်
Zhanမား👉"သားငယ်လေးရယ် အခုလိုသတိရလာပေးလို့အရမ်းကျေးဇူးတင်ပါတယ်😭😭😭"
Zhan👉"မငိုပါနဲ့မားရယ် Zhanအခုနေကောင်းသွားပြီလေ😭 ပါး ကိုကို(Yixing)"
Zhanပါး👉"ပါးတောင်းပန်ပါတယ် သားလေးရယ် ပါးသားကိုနာကျင်အောင်လုပ်ခဲ့မိလို့ပါးကိုခွင့်လွှတ်ပါ  ခုချိန်ကစပြီး သားကိုပျော်ရွှင်အောင်ထားမယ် နောက်ခါပါးရင်ခွင်ထဲကထွက်သွားဖို့မကြိုးစားနဲ့တော့နော်😭"
Zhan👉"ပါးး😭 ပါးး သားလည်းတောင်းပန်ပါတယ် ပါးကို၀မ်းနည်းအောင်လုပ်ခဲ့မိလို့ နောက်ခါပါးကိုဘယ်တော့မှခံမပြောတော့ပါဘူး စိတ်ဆင်းရဲအောင်လည်းမလုပ်တော့ပါဘူး"
Yixing👉"Zhan Zhanရားး😭 ကိုကို့အချစ်ဆုံးညီလေး ကိုကို့ကိုဖက်ပါဦး👨‍❤️‍👨 Zhanလေးသိလား ကိုကိုလေZhanလေးအခန်းထဲကိုနေ့တိုင်းသန့်ရှင်းရေးလုပ်ပေးတယ် အရုပ်လေးတွေလည်းထပ်ဖြည့်ပေးထားတယ် Zhanလေးပြန်လာရင်ပျော်အောင်လို့ ကိုကိုတို့အရမ်းလွမ်းနေတာ စကားတွေနားငြီးအောင်ပြောပြီးချွဲတက်တဲ့ ဟောဒီ့ကLucky Bunnyလေးကို Zhanလေးမရှိတော့အိမ်ကခြောက်ကပ်ပြီးအိမ်နဲ့တောင်မတူဘူး သိရဲ့လား"
Zhanပါး👉"သားYiboကိုလည်း အရမ်းကျေးဇူးတင်တယ် Zhanလေးကိုကယ်ပေးလို့"
Yibo👉"ကျေးဇူးတင်စရာမလိုပါဘူး ဦး အရမ်းချစ်ဖို့ကောင်းတဲ့Zhanကိုကျွန်တော့်ဆီပေးတာနဲ့တင် ဦးကိုကျေးဇူးအများကြီးတင်ပါတယ်"
Zhan👉"ဟင်အဲဒီ့စကားက😳 ပါးးး"
Zhanပါး👉"အင်း သဘောတူလိုက်ပြီ သားရဲ့အသက်လောက်ဘယ်အရာမှအရေးမကြီးဘူး သားကျန်းကျန်းမာမာနဲ့ပျော်ရွှင်နေတာကိုမြင်နေရရင်လုံလောက်ပါပြီ ဒါပေမဲ့ကျောင်းပြီးမှလက်ထပ်တာတွေဘာတွေဆက်ပြောတာပေါ့ ခုတော့တွဲရုံ.."
Zhan👉"ပါးးးးး😆😆😆" Zhanပျော်လွန်းလို့ပါးကိုဖက်ပြီးနမ်းပစ်လိုက်တယ် ကျန်တဲ့လူတွေကတော့တဟားဟားနဲ့သဘောတွေကျနေတာပေါ့
Yixing👉"အမယ်လေး ကိုကို့ညီလေးက Yiboနဲ့သဘောတူတယ်လည်းဆိုရော ပျော်သွားလိုက်တာများ သူ့ကိုယ်သူလူနာဆိုတာတောင်မေ့နေပြီလားမသိဘူး😂😂😂"
Zhan👉"ဟဲဟဲ😆 ကိုကိုမပျော်ဘူးလားဟင်  ဘာမှလည်းမပြောဘူး"
ဖန်းယွီ👉"အမယ်လေးပျော်တာမှပြဲတော့မယ် ရုပ်ကိုကလူကြီးတွေရှိလို့စိတ်ထိန်းနေရတဲ့ရုပ်ကြီး ကဲကဲငါတို့ပြန်ကြရအောင် ဒီညတော့ငါတို့ညမစောင့်တော့ဘူး ပြန်ပြီဟေ့😁"
Zhan👉"ဖန်းယွီ...နင်" ရှက်လို့Zhanမျက်နှာကြီး ရဲတက်လာတယ်
Zhanမား👉"ပါး Xingလေးပြန်ကြရအောင် ကလေးနှစ်ယောက်စကားအေးအေးဆေးဆေးပြောပါစေ😉"
Yixing👉"ဟုတ်ကဲ့မား Yiboညီလေး အစ်ကို့ညီလေးကလူနာဆိုတာလေးမမေ့နဲ့နော် ညင်သာပါလို့😂"
Yibo👉"ဟာ...အစ်ကိုကလည်း ကျွန်တော်တို့စကားပဲပြောမှာပါ" Yiboရှက်ကိုးရှက်ကန်းနဲ့ပြောတော့
မင်အာ👉"ငါတို့ကရော ဘာပြောလို့လဲ စကားပြောရင်းဖက်တာတို့ဘာတို့ဆို ညင်သာဖို့ပြောတာပါ နင်ကဒဂျိဒဂျိတွေလျှောက်တွေးနေတာ😂😂😂"
Yibo👉"မင်အာ!!!နင်တော့ သွားတော့"
မင်အာ👉"ခုတော့နှင်ပြီပေါ့လေ RSတွေများအမြင်ကိုကတ်တယ်"
Yubin👉"တီလေးကိုလည်းပြောထားဦးမှ ဒီနေ့လူနာလာမတွေ့ပါနဲ့လို့ တော်ကြာတို့တီလေးအပျိုကြီးsweetတာတွေမြင်ပြီး ယောကျ်ားယူချင်စိတ်တွေပေါက်လာမှဖြင့်😂😂😂 သွားပြီဟေ့!!"
အကုန်လုံးပျော်ရွှင်ပြီးပြန်သွားကြတယ်
Yibo👉"Zhanရာ ကိုဘယ်လောက်တောင်လွမ်းနေလဲသိလား စကားတွေအများကြီးပြောပြီးချွဲတက်တဲ့ဒီကလေးလေးကို အရမ်းသတိရနေတာ ခင်ဗျားလေးကတချိန်လုံးအိပ်နေတာလေ"
Zhan👉"ကိုကို့ကိုလည်းZhanအရမ်းသတိရတာပေါ့ ကိုကို့ကိုလည်းအိမ်မက်ထဲမှာအမြဲတွေ့တယ် Yubinတို့ရော ပါးမားတို့ရော Zhanအရမ်းပျော်တာပဲ ကားတိုက်ခံရတာတောင်ကျေးဇူးတင်ရမယ်သိလား နိုးလာတော့ပျော်စရာတွေကြီးပဲတွေ့ရတယ်လေ"
Zhanအဲလိုပြောလိုက်တော့ Yiboမျက်နှာချက်ချင်းတည်သွားပြီး
Yibo👉"နောက်ခါအဲလိုစကားမျိုးအပျော်သဘောနဲ့တောင်မပြောနဲ့ ကိုလုံး၀မကြိုက်ဘူးကြားလား!!"
Zhan👉"တောင်းပန်ပါတယ်Zhanကစတာပါ စိတ်မဆိုးပါနဲ့နော် ဘယ်တော့မှမပြောတော့ဘူး နော်..."
Yibo👉"မရဘူး အပြစ်ပေးရမယ် လာခဲ့"
Yibo Zhanရဲ့နှုတ်ခမ်းလေးကိုဆွဲနမ်းပစ် လိုက်တယ် Zhanကလည်းYiboရဲ့အနမ်းကိုစွဲမက်စွာပြန်တုံ့ပြန်တာကြောင့် Yiboစိတ်မထိန်းနိုင်တော့ နှစ်ယောက်သားတရှိုက်မတ်မတ်နမ်းနေလိုက်တာ ဘေးပတ်၀န်းကျင်ကိုလည်းဂရုမစိုက်နိုင်တော့ပါ အဲ့ချိန်တံခါးနားကနေကြည့်နေတဲ့့Dr.ကတော့ပြုံးစိစိနဲ့ သူနာပြုကိုအချက်ပြပြီး ပြန်လှည့်ထွက်သွားတယ်🤭🤭🤭🤫🙈❤️💚

Skateboard storyWhere stories live. Discover now