အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၁

71 5 0
                                    

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၁

Writer - SaungAngel.  ( Author _ M )

လရောင်လည်းရောင်စဉ်လှိုင်းလုပ်ငန်းစုရဲ့ပါတီပွဲ
ကျင်းပတဲ့နေရာကိုရောက်ရောက်ချင်းသူ့ညီမလေပြည်
လက်ကိုကိုင်ကာရေကူးကန်ဘက်ကိုထွက်သွားတဲ့
အလင်းမဲ့ဆိုတဲ့ကောင်လေးအနောက်ကိုလိုက်သွားဖို့
အလုပ်အနောက်ကနေသူ့လက်ကိုတစ်ယောက်
ယောက်သူ့လက်ကိုဖမ်းဆွဲလိုက်တဲ့အတွက်ကြောင့်
သူလည်းလှည့်ကြည့်လိုက်တော့

     “ နှင်းဆီနီ…ငါ့ညီမကိုသွားပြန်ခေါ်မလို့…မင်းဘာကိစ္စငါ့လက်ကိုဖမ်းဆွဲလိုက်ရတာလဲ”
       “ ငါ့လက်ကိုလွှတ်…”

သူလည်းပြောလိုက်ပြီးတော့သူ့လက်ကိုကိုင်ထားတဲ့
ထိုကောင်မလေးလက်ကိုဆွဲဖယ်လိုက်ပြီးတော့သူ့ညီ
မရှိရာဆီကိုလျှောက်သွားလိုက်လေသည်။

     “ လေပြည်…အဲဒီအစ်ကိုကိုတစ်ဖက်သတ်ချစ်နေတယ်”

လရောင်လည်းနှင်းဆီနီဆိုတဲ့ကောင်မလေးလှမ်းပြောလိုက်တဲ့စကားကြောင့်သူ့ခြေလှမ်းများရပ်တန့်သွားခဲ့
ရလေသည်။
ထို့နောက်လရောင်လည်းသူ့ကိုလှမ်းပြောလိုက်တဲ့
နှင်းဆီနီဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့

    “ နှင်းဆီနီ…မင်းအဓိပ္ပါယ်မရှိတဲ့စကားတွေလာ
မပြောနေနဲ့…ဘာကိစ္စငါ့ညီမလေးအဲဒီကောင်ကိုကြိုက်
ရမှာလဲ…ငါ့ညီမအဲဒီကောင်ကိုကြိုက်ရင်တောင်ငါ
ခွင့်မပြုပေးနိုင်ဘူး”

သူ့ရဲ့စကားအဆုံးမှာ

     “ အစ်ကိုလရောင်…အခုချိန်ထိလေပြည်ကိုတဖက်သတ်ချစ်နေတုန်းပဲလား”

သူလည်းထိုကောင်မလေးပြောလိုက်တဲ့စကားကိုကြား
လိုက်ရတော့အံ့သြသွားကာ

    “ မင်း…မင်း…ငါလေပြည်ကိုတဖက်သတ်ကြိုက်နေတာကိုဘယ်တုန်းကတည်းကသိနေတာလဲ”

နှင်းဆီနီသူ့ကိုမေးနေတဲ့ကိုကိုလရောင်ကိုမျက်နှာလွှဲ
ကာနေလိုက်ပြီးတော့

     “ ကလေးဘဝကတည်းကပါ…အစ်ကိုလေပြည်
ကိုကြိုက်နေတာကိုအစ်ကိုနေရောင်နဲ့ပြောနေတာကို
အမှတ်မထင်ကြားခဲ့ရလို့ပါ”

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူWhere stories live. Discover now