အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၉

67 4 0
                                    

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၉

Writer - SaungAngel ( Author _ M )

အလင်းမဲ့လည်းသူ့မိဘနှစ်ပါးနဲ့လေပြည်လေးရဲ့
အမေတို့အကြောင်းကိုပြန်လည်ကာပြောပြလိုက်လို့
အဖြစ်မှန်တွေကိုသိကာသူ့ရင်ခွင်ထဲမှာ
ငိုနေတဲ့လေပြည်လေးကိုသူတင်းကျပ်စွာဖက်ထား
ပေးလိုက်ရင်းမှ

   “ ကိုယ့်မိဘတွေကိုရန်ငြိုးထားတဲ့လူတစ်ချို့ရဲ့
လုပ်ရပ်ကြောင့်လေပြည့်အမေပါမဆီမဆိုင်သေခဲ့ရ
တာပါ…ကိုယ်မင်းကိုဘယ်လိုတောင်းပန်စကားပြော
ရမလဲဆိုတာမသိတော့ပါဘူးကလေးရယ်…”

ကိုကိုအလင်းမဲ့ရဲ့စကားကြောင့်ငိုနေတဲ့
လေပြည်လည်းသူချစ်ရတဲ့ကိုကို့မျက်နှာကိုမော့ကြည့်လိုက်ရင်းမှ

   “ ကိုကို…လေပြည်ငိုတာလေပြည့်အမေဆုံးသွားခဲ့ရလို့ဆိုတာထက်လေပြည်ကမိသားစုစုံစုံလင်လင်နဲ့
ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ရတဲ့အချိန်မှာကိုကို့တစ်ယောက်တည်းဘဝကိုအထီးကျန်ပြီးတော့
ဖြတ်သန်းလာခဲ့ရတာကိုတွေးမိလို့စိတ်မကောင်းဖြစ်
ပြီးငိုမိတာပါ…လေပြည်လေအခုလိုသိလိုက်ရတော့
ဆေးရုံတက်တုန်းကကိုကို့ကိုပြောမိခဲ့တဲ့စကားတွေအ
တွက်အရမ်းစိတ်မကောင်းဖြစ်မိတယ်ကိုကိုရယ်…“

သူလည်းပြောလိုက်ရင်းမှသူ့ကိုဖက်ထားတဲ့ကိုကို
အလင်းမဲ့ကိုပြန်ဖက်ထားရင်းမှထပ်မံကာငိုလိုက်မိ
လေတော့သည်။
.....................................................
ညနေကျရင်သမီးလေးပြန်လာမှာကိုတွေးကာပျော်
နေတဲ့ဒေါ်သီရိကျော်လည်းသမီးလေးလေပြည်စားဖို့
အတွက်ညနေစာကိုကြိုတင်ကာချက်ပြုတ်ဖို့အတွက်
မီးဖိုခန်းရှိရာဆီသို့ဝင်လာခဲ့လိုက်လေသည်။

    “ အန်တီမေမေ…သမီးလည်းဝိုင်းကူချက်ပေးမယ်”

ဒေါ်သီရိကျော်လည်းသူ့ကိုဝိုင်းကူချက်ပေးမယ်ပြောနေတဲ့နှင်းဆီနီလေးကိုပြုံးပြလိုက်ရင်းမှ

    “ သမီးလေးနီ…ဝိုင်းကူပေးမှတော့အန်တီ
ဟင်းချက်ရတာပိုပြီးမြန်ဆန်တာပေါ့…”

သူလည်းပြောလိုက်ပြီးတော့

   “ သမီးလေးနီ…အန်တီ့ကိုသီးစုံကြော်ဖို့အတွက်ဒီအသီးအရွက်တွေကိုခဏလှီးထားပေးနော်…”

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူWhere stories live. Discover now