အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၆

98 8 0
                                    

အလှနတ်ဘုရားမလေး ကျွန်တော်ချစ်သူ အပိုင်း ၆

Writer - SaungAngel. ( Author _ M )

“ ဖြစ်ပါ့မလားကိုမိုးရယ်၊မမနှင်းနုကတွယ်တာတို့
နဲ့မနေဘူးလို့ငြင်းလိုက်ရင်ဘယ်လိုလုပ်မှာလဲ”

ဟုစိုးရိမ်စိတ်နဲ့ပြောနေသည့်သူ့ဇနီးရဲ့နဖူးကိုနမ်းလိုက်
ပြီးတော့

     “ ကိုယ့်ကိုယုံလိုက်ပါတွယ်တာရယ်၊မနက်ဖြန်ကျရင်လေနှင်းနုကကိုယ်တို့ရဲ့အိမ်ကိုလိုက်လာစေရပါ့မယ်ကွာ၊ဒါကြောင့်ကို့ရဲ့ချစ်ဇနီးလေးကအိပ်ပျော်
အောင်အိပ်လိုက်တော့နော်”

ဟုကိုမိုးထွဋ်ကပြောလိုက်လေသည်။ကိုမိုးထွဋ်က
သူ့ဇနီးနဲ့သားအတွက်သာဆိုရင်သူတို့လိုချင်တဲ့အရာ
မှန်သမျှကိုမရရအောင်ယူပေးတတ်သည့်လူစားမျိုးပင်
ဖြစ်လေသည်။အခုလည်းသူ့ဇနီးကသာစိတ်ချမ်းသာ
မယ်ဆိုရင်သူကလူလိမ်ကြီးတစ်ယောက်လုပ်ရမည်
ကိုဝန်လေးတတ်သူတစ်ယောက်မဟုတ်ပေ။

ကိုမိုးထွဋ်လည်းမိုးလင်းတာနဲ့မနက်စာတောင်မစား
ပဲနှင်းနုနေသည့်အိမ်ရှိရာကိုထွက်လာခဲ့လေသည်။

        တီ…တီ…တီ…

အိမ်ရှေ့ကိုရောက်သည်နှင့်သူကကားဟွန်းတီးကာ
ခေါ်နေပေမယ့်ဘယ်သူမှမထွက်လာသဖြင့်ကိုမိုးထွဋ်
ကကားပေါ်မှဆင်းကာ

      “ အိမ်ရှင်တို့…အိမ်ရှင်တို့…အိမ်ရှင်တို့…”

ဟုအော်ခေါ်နေလိုက်လေသည်။

ခဏအကြာတွင်တော့အိမ်ထဲမှအမျိုးသမီးတစ်ဦးက
ထွက်လာတော့ကိုမိုးထွဋ်ကသေချာအောင်ကြည့်လိုက်
တော့အိမ်ရှင်အမျိုးသမီးမှန်းသိလိုက်သည်နှင့်

       “ အစ်မ…ဟိုလေနှင်းနုကိုတွေ့ချင်လို့ပါ၊
ကျွန်တော်ရဲ့အမျိုးသမီးကမနေ့တုန်းကဒီအိမ်ကိုလိုက်
လာခဲ့ဘူးပါတယ်၊သူ့နာမည်ကတွယ်တာခင်ပါ”

ဟုပြောလိုက်သည်နှင့်

      “ အော်…ဟုတ်ကဲ့ပါရှင်၊အိမ်ထဲကိုဝင်ပြီးတော့
ခဏလောက်စောင့်ပေးပါနော်၊နှင်းနုကမနိုးသေးလို့ပါ၊
ကျွန်မကသွားနိုးပေးပါ့မယ်”

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူTempat cerita menjadi hidup. Temukan sekarang