အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၆
Writer - SaungAngel. ( Author _ M )
ဆောင်းလေပြည်လည်းအဖေနဲ့အမေကိုခေါ်ဖို့အတွက်
အိမ်ပေါ်ထပ်ကိုအရောက်အခန်းထဲမှထွက်လာတဲ့
အမေ့ကိုမြင်လိုက်တဲ့အတွက်ကြောင့်“ အမေ…အဖေရော…”
ဒေါ်သီရိကျော်လည်းသူ့ကိုမေးနေတဲ့သမီးလေး
လေပြည်ကို“သမီးအဖေကအခန်းထဲမှာလေ…ဒါနဲ့သမီးလေးအဖေ့ကိုဘာဖြစ်လို့ရှာတာလဲ…”
သူလည်းသူ့သမီးလေးကိုပြန်မေးလိုက်တော့
“ အိမ်အောက်မှာကိုကိုအလင်းမဲ့ရောက်နေလို့
အဖေနဲ့အမေ့ကိုလာခေါ်တာပါ”သူ့သမီးငယ်လေပြည်ပြောလိုက်တဲ့စကားကြောင့်
သူသာသူ့အမျိုးသားကိုသွားခေါ်ရင်သူ့စကားကိုနား
ထောင်ပြီးတော့အလင်းမဲ့ဆိုတဲ့လူငယ်လေးကိုထွက်
မတွေ့မှာစိုးရိမ်မိတဲ့အတွက်ကြောင့်“ လေပြည်…သမီးကအဖေ့ကိုသွားခေါ်လိုက်
နော်…အမေ…သမီးရဲ့ကိုကိုအလင်းမဲ့သောက်ဖို့
အတွက်တစ်ခုခုသွားစီစဉ်လိုက်အုံးမယ်”သူလည်းပြောပြီးအိမ်အောက်ထပ်ကိုဆင်းလာလိုက်
ပြီးတော့ဧည့်ခန်းမှာထိုင်နေတဲ့အလင်းမဲ့ကို“ မောင်ရင်အလင်းမဲ့…ခဏနေသားအန်ကယ်ဆင်း
လာမယ်နော်…”သူလည်းပြောတော့
“ ဟုတ်ကဲ့ပါ…အန်တီ…”
သူ့ကိုပြန်ဖြေလိုက်တဲ့ထိုလူငယ်လေးကိုပြန်လည်ကာ
ပြုံးပြလိုက်ပြီးတော့သူလည်းထမင်းစားခန်းရှိရာဆီသို့
ဝင်သွားလိုက်ကာ“ မစန်းကြည်…ဧည့်သည်ရောက်နေတာဆိုတော့ကျွန်မကိုယ်စားရှင်ပဲနေ့လည်စာအတွက်ချက်လိုက်
တော့နော်…”သူလည်းပြောလိုက်ပြီးတော့အလင်းမဲ့ဆိုတဲ့လူငယ်
လေးအတွက်လက်ဖက်ရည်နဲ့မုန့်ကိုသူကိုယ်တိုင်
ပြင်လိုက်လေသည်။
….....................................................
ဦးသူရိန်ဦးလည်းအခန်းထဲမှာစိတ်ရှုပ်ရှုပ်နဲ့ထိုင်နေတုန်း