အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၂

71 4 0
                                    

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၂

Writer - SaungAngel. ( Author _ M )

နေရောင်လည်းသူ့ညီမလေပြည်ကိုခေါ်ဖို့ရေကူးကန်
ရှိရာမရောက်တရောက်မှာအလင်းမဲ့သူ့ညီမကိုနမ်းလိုက်တာကိုတွေ့လိုက်ရတဲ့သူ့အဖို့မျက်နှာဘယ်နား
ထားရမှန်းမသိလောက်အောင်ဖြစ်သွားရတဲ့အတွက်
ကြောင့်

    “အလင်းမဲ့…မင်းဘယ်လိုကောင်လဲ…ငါ့ညီမကိုလူမြင်ကွင်းထဲမှာနမ်းရတယ်လို့…”

သူလည်းမျက်နှာပူပူနဲ့နောက်ပြန်လှည့်ကာလျှောက်သွားလိုက်ပြီးတော့အကွယ်တစ်ခုမှာဝင်နေ
လိုက်ကာသူ့အမေညီမလေးကိုငယ်စဉ်ကလေးဘဝကတည်းကဘယ်ယောကျာ်းလေးနဲ့မှမပတ်သတ်ရဘူးလို့ဆုံးမနေတာကိုအမြဲတမ်းကြားနေခဲ့ရတဲ့သူဖြစ်တဲ့အတွက်ကြောင့်

    “ ဟူး…ငါ့ညီမလေးကိုဘယ်လိုသွားခေါ်ရပါ့မလဲ…
ငါညီမလေးကိုသွားမခေါ်ပြန်ရင်လဲအမေတို့လိုက်လာမှပိုရှုပ်ကုန်မယ်…အမေသာဒီမြင်ကွင်းကိုမြင်သွားရင်
ညီမလေးကိုဆူမှာသေချာတယ်…”

သူလည်းသူကိုယ်တိုင်သွားခေါ်ပြန်ရင်လဲမျက်နှာပူရမယ့်ကိစ္စဖြစ်နေသောကြောင့်ဖုန်းဆက်ခေါ်လိုက်တော့မယ်လို့တွေးကာသူ့ညီမလေးဖုန်းနံပါတ်ကိုသာနှိပ်
လိုက်လေတော့သည်။
…...........................................................  
          🎶🎶🎶📱

ရုတ်တရက်နမ်းလိုက်တဲ့ကိုကိုအလင်းမဲ့ရဲ့အနမ်း
ကြောင့်ကြောင်အမ်းအမ်းဖြစ်သွားရတဲ့လေပြည်လေး
လည်းသူ့ဖုန်းမြည်သံကိုကြားလိုက်ရတော့သူလည်း
သူ့ကိုနမ်းနေတဲ့ကိုကို့ရဲ့ရင်ဘတ်ကိုသူ့လက်ဖြင့်ခပ်
ဖွဖွထုလိုက်လေသည်။

အလင်းမဲ့လည်းဖုန်းမြည်သံအပြင်လေပြည်လေးသူ့
ရင်ဘတ်ကိုထုလိုက်တော့မှအသိစိတ်ဝင်ကာသူမကိုချစ်မိတဲ့သူ့ရဲ့စိတ်ကိုမထိန်းနိုင်ဖြစ်လို့သူမအားနမ်းနေမိတဲ့သူ့ရဲ့အနမ်းတွေကိုရပ်လိုက်ရလေသည်။

လေပြည်လည်းကိုကိုအလင်းမဲ့သူ့ကိုနမ်းနေတာကို
ရပ်လိုက်ပေမယ့်သူ့ဘဝမှာပထမဆုံးယောကျာ်းလေးတစ်ယောက်ရဲ့အနမ်းကိုခံလိုက်ရတဲ့သူ့အဖို့ရှက်မိတဲ့စိတ်ကြောင့်ကိုကိုအလင်းမဲ့ရဲ့အနားကနေပြေးထွက်
သွားလိုက်မိလေသည်။
ထို့နောက်လေပြည်လည်းကိုကိုအလင်းမဲ့နဲ့ခပ်ဝေးဝေး
တစ်နေရာကိုရောက်တော့မှအဆက်မပြတ်မြည်နေတဲ့
သူ့ဖုန်းကိုကြည့်လိုက်တော့ကိုကြီးနေရောင်ရဲ့ဖုန်းနံပါတ်ဖြစ်နေတဲ့အတွက်ကြောင့်သူလည်းဖုန်းကိုအမြန်
ကိုင်လိုက်ရလေသည်။
..................................…......................
နေရောင်လည်းသုံးလေးကြိမ်လောက်ခေါ်ပြီးတော့မှ
သူ့ညီမလေပြည်ဖုန်းကိုင်လိုက်တဲ့အတွက်ကြောင့်

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူWhere stories live. Discover now