အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၂၀

76 4 2
                                    

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၂၀

Writer - SaungAngel.  ( Author _ M )

သမီးလေးလေပြည်ပြန်လာရင်စားဖို့အတွက်ချက်ပြုတ်
ပြင်ဆင်လို့ပြီးသွားကတည်းကအိမ်ရှေ့အပြင်ဘက်ကိုသွားကာလည်တဆန့်ဆန့်မျှော်နေတဲ့ဇနီးဖြစ်သူသီရိကိုကြည့်ကာဧည့်ခန်းမှာထိုင်ကာစာဖတ်နေတဲ့
ဦးသူရိန်ဦးတစ်ယောက်မျက်စိနောက်လာတဲ့အ
တွက်ကြောင့်ထိုင်နေရာကနေထကာဇနီးဖြစ်သူအနားကိုသွားလိုက်ပြီးတော့

   “ သီရိ…မင်းခဏလောက်ထိုင်နေပါလား…သမီး
လေးကိုသခင်လေးလာပြန်ပို့ပေးမယ်လို့ပြောထားပြီး
သားပဲ…ဘာဖြစ်လို့မင်းဂနာမငြိမ်ဖြစ်နေရတာလဲ…
လာ…ကိုယ့်နဲ့အတူထိုင်ခုံမှာလာထိုင်နေ…”

သူလည်းပြောလိုက်ပြီးတော့ဇနီးဖြစ်သူလက်ကိုကိုင်
ကာဧည့်ခန်းထိုင်ခုံရှိရာဆီသို့ဆွဲခေါ်သွားလိုက်ပြီး
တော့ထိုင်ခုံမှာထိုင်ခိုင်းစေလိုက်လေသည်။

ညနေ၄နာရီပင်ရှိနေပေမယ့်လဲသခင်လေးကအခုချိန်
ထိသမီးငယ်လေးကိုလာပြန်မပို့သေးတဲ့အတွက်
ကြောင့်သမီးဖြစ်သူပြန်မလာတော့မှာကိုစိုးရိမ်စပြုလာ
မိတဲ့ဒေါ်သီရိကျော်လည်းသူ့ကိုလက်ဆွဲကာခေါ်သွား
တဲ့ယောကျာ်းဖြစ်သူကိုသူရိန်ကြောင့်သာထိုင်ခုံမှာ
ထိုင်နေရပေမယ့်လဲသူ့စိတ်ကတော့သမီးလေး
ပြန်အလာကိုသာမျှော်နေမိလေတော့သည်။
….......................................................
ခြံထဲကဒန်းပေါ်မှာထိုင်ကာသူ့ညီမလေး
လေပြည်အလာကိုစောင့်နေတဲ့နှင်းဆီနီရဲ့မျက်နှာကို
ငေးကြည့်နေမိတဲ့မျက်နှာချင်းဆိုင်ဘက်ပန်းခင်းနားကခုံတန်းရှည်မှာထိုင်နေတဲ့လရောင်ရဲ့ရင်ထဲမှာတော့သူ့နှလုံးခုန်သံကတဒုတ်ဒုတ်နဲ့ပင်မြည်နေခဲ့လေသည်။

နေရောင်လည်းသူ့ဘေးနားမှာထိုင်ကာသူတို့နဲ့မျက်
နှာချင်းဆိုင်ဒန်းပေါ်မှာထိုင်နေတဲ့နှင်းဆီနီကိုအကြည့်မခွာနိုင်ဖြစ်နေတဲ့သူ့ညီလရောင်ရဲ့လက်မောင်းကို
သူ့လက်နဲ့ခပ်နာနာလေးဆွဲဆိတ်လိုက်တော့မှ

    “ အား…”

သူ့ဘက်ကိုလှည့်ကြည့်ရင်း

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူWhere stories live. Discover now