အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၃

71 5 0
                                    

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၁၃

Writer - SaungAngel.  ( Author _ M )

ဆောင်းလေပြည်လည်းအိမ်ကိုရောက်တာနဲ့ကားပေါ်မှဆင်းကာအိမ်ထဲကိုအမြန်ပြေးဝင်သွားလိုက်ပြီးတော့
အိမ်ပေါ်ထပ်ရှိသူ့သူငယ်ချင်းနေနေတဲ့အခန်းရှိရာဆီသို့သွားကာအခန်းတံခါးကိုဖွင့်လိုက်ပြီးတာနဲ့
အခန်းထဲသို့ဝင်လိုက်လေသည်။
ထို့နောက်ဆောင်းလေပြည်လည်းအိပ်ယာပေါ်မှာ
အိပ်ပျော်နေတဲ့သူ့သူငယ်ချင်းနှင်းဆီနီရဲ့အနားကိုသွားလိုက်ကာကုတင်ပေါ်မှာထိုင်လိုက်ပြီးတော့

            “ နီ…နီ…နီ…”

အိပ်ပျော်နေတဲ့နှင်းဆီနီလည်းသူငယ်ချင်းဖြစ်သူ
လေပြည်ရဲ့ခေါ်သံကြောင့်သူလည်းအိပ်နေရာကနေ
မျက်လုံးဖွင့်ကြည့်လိုက်ရင်းမှ

   “ လေပြည်…ဘယ်တုန်းကပြန်ရောက်နေတာလဲ”

သူလည်းပြောလိုက်ပြီးတော့အိပ်နေရာကနေထ
ထိုင်လိုက်လေသည်။

လေပြည်လည်းသူ့ကိုမေးနေတဲ့သ့သူငယ်ချင်းကို

    “ အခုပဲပြန်ရောက်တာ…နင်နေမကောင်းဘူးဆိုလို့ငါတို့ပြန်လာတာလေ…”

သူလည်းပြောလိုက်ရင်းမှသူငယ်ချင်းဖြစ်သူနီရဲ့နဖူးကို
သူ့လက်ဖြင်စမ်းကြည့်လိုက်တော့

    “ ကိုယ်လဲမပူပါဘူး…နီ…နင်ငါ့ကိုမှန်မှန်ပြော…ငါ့
အစ်ကိုငယ်နင့်ကိုစိတ်မကောင်းအောင်လုပ်လိုက်လို့မဟုတ်လား…”

နှင်းဆီနီလည်းသူ့သူငယ်ချင်းလေပြည်ရဲ့စကားတွေ
မှန်နေတဲ့အတွက်ကြောင့်

     “ အင်…ဟုတ်တယ်…လေပြည်…ငါလေ
ကိုကိုလရောင်ကိုအရမ်းချစ်တယ်…ဒါပေမယ့်
ငါသူ့ကိုချစ်နေတာကိုသိတောင်မသိဘူး…ငါအရမ်းဝမ်း
နည်းတယ်…လေပြည်…ကိုကိုလရောင်ငါ့ကိုဒီတစ်
သက်ပြန်ချစ်တော့မယ်မထင်ပါဘူးဟာ…အဟင့်…
အဟင့်…”

သူလည်းပြောရင်းသူ့သူငယ်ချင်းလေပြည်ကိုဖက်ကာ
အားရအောင်ငိုနေလိုက်လေသည်။

ဆောင်းလေပြည်လည်းသူ့သူငယ်ချင်းနှင်းဆီနီသူ့
အစ်ကိုငယ်လရောင်အပေါ်ဘယ်လောက်ထိချစ်
တယ်ဆိုတာသိနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူWhere stories live. Discover now