အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၂၁

67 5 0
                                    

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၂၁

Writer - SaungAngel. ( Author _ M )

လရောင်လည်းညနေစာစားပြီးကတည်းကအိပ်ခန်း
ထဲကိုဝင်သွားတဲ့နှင်းဆီနီကြောင့်

   “ ခဏတုန်းကငါနှင်းဆီကိုနမ်းတာလွန်များသွားလို့
လား…ကလေးမလေးကိုကြည့်ရတာငါ့ကိုရှောင်နေ
သလိုပဲ…ဟူး…ရင်ပူလိုက်တာ…သူသာငါ့ကိုစိတ်ဆိုး
သွားလို့သူ့မိဘဆီပြန်သွားရင်ဘယ်လိုလုပ်မှာလဲ…”

သူလည်းစိတ်ထဲကနေတွေးလိုက်မိတဲ့အတွက်ကြောင့်
နှင်းဆီနီနေနေတဲ့အခန်းရှေ့ကိုသွားကာအခန်းတံခါး
ကိုခေါက်လိုက်လေသည်။
...................................................
သူ့ကိုနမ်းလိုက်တဲ့ကိုကိုလရောင်ရဲ့အနမ်းတွေကိုမလွန်ဆန်နိုင်တဲ့သူ့နှလုံးသားရဲ့စေခိုင်းမှုအတိုင်း
ကို့ကိုပြန်ကာနမ်းလိုက်မိတဲ့သူ့ကိုယ်သူရှက်နေမိတဲ့
အပြင်သူ့ကိုလက်ထပ်ကြရအောင်လို့ပြောလိုက်တဲ့
ကို့စကားတွေကြောင့်နှင်းဆီနီလည်းကိုနဲ့မျက်နှာချင်းဆိုင်ရမှာရှက်နေမိလေတော့ထမင်းစားပြီးကတည်းကအိပ်ခန်းထဲမှာနေနေရခြင်းပင်ဖြစ်လေသည်။

        “ ဒေါက်…ဒေါက်…ဒေါက်…”

တံခါးခေါက်သံကြောင့်နှင်းဆီနီလည်းသူငယ်ချင်း
လေပြည်အထင်နဲ့အခန်းတံခါးဖွင့်ပေးဖို့အတွက်ကုတင်ပေါ်ကနေဆင်းလိုက်ပြီးတော့အခန်းတံခါးရှိရာဆီကိုလျှောက်ကာသွားလိုက်ကာတံခါးကိုဖွင့်လိုက်တော့

    “ ဟင်…ကို…”

သူ့စကားမဆုံးခင်သူ့ကိုပါအခန်းထဲသို့ဆွဲခေါ်သွင်းရင်း
အခန်းတံခါးကိုပါပြန်ပိတ်လိုက်တဲ့ကိုကိုလရောင်ရဲ့
အပြုအမူကြောင့်

    “ ကို…ဘာဖြစ်လို့အခန်းထဲဝင်လာ…”

လရောင်လည်းနှင်းဆီကိုစကားဆက်ပြောခွင့်မပေး
တော့ပဲ့သူမရဲ့နှုတ်ခမ်းကိုသာဖိကာနမ်းလိုက်ပြီးတော့
မှ

   “ နှင်းဆီ…ကိုယ့်ကိုဘာဖြစ်လို့ရှောင်နေရတာလဲဆို
တာကိုယ်သိချင်တယ်…ကိုယ့်ကိုပြောပြပါလား…”

သူမေးနေတာမဖြေပဲခေါင်းသာငုံ့ထားသောနှင်းဆီ
ကြောင့်သူ့မှာစိုးရိမ်စိတ်တွေပိုလို့တိုးလာရတဲ့အတွက်
ကြောင့်

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူWhere stories live. Discover now