အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၎

135 9 0
                                    

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူ အပိုင်း ၎

Writer - SaungAngel ( Author _ M )

လေပြည်လည်းဆေးရုံခန်းအပြင်ဘက်ကိုထွက်လာလိုက်ပြီးတော့ခပ်လှမ်းလှမ်းကဆိုဖာပေါ်မှာထိုင်ကာ
သူမအားစောင့်နေကြသောအဖေနဲ့အမေ့ဆီကိုအပြေးကလေးသွားလိုက်လေသည်။

      “ အော်…သမီးလေးရယ်၊ဖြေးဖြေးလာမှပေါ့ ခဏ
နေကျရင်ချော်လဲကျနေပါအုံးမယ်ကွယ်”

ဟုဒေါ်သီရိကျော်ကသူတို့ဆီပြေးလာသောသမီးငယ်
လေးအားစိတ်ပူသောကြောင့်ပြောလိုက်ခြင်းဖြစ်လေသည်။

အမေ့အနားကိုရောက်တော့လေပြည်ကအမေ့ကိုဖက်
ထားလိုက်ပြီးတော့

     “ သမီးလေခဏတုန်းကအိမ်မက်ဆိုးတွေထပ်
မက်တော့လေအရမ်းကြောက်တာပဲအမေရယ်၊အဲဒီအ
ချိန်မှာအမေသာသမီးရဲ့အနားမှာရှိနေရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်၊နောက်ပြီးတော့လေပြည်လေ…ဟိုလူကိုလည်းအရမ်းစိတ်ဆိုးတယ်အမေ၊အဖေနဲ့အ
မေရော၊ကိုကြီးနဲ့ကိုငယ်ရောရှိနေတာကိုသမီးကို
တစ်ခွန်းလေးတောင်မပြောပြဘူး၊အဲဒီလူကတော်
တော်လေးကိုကိုယ်ချင်းစာစိတ်မရှိတဲ့သူပဲအမေ၊သမီးကသွေးမသွင်းချင်လို့ဖြုတ်တာကိုသမီးရဲ့လက်ကို
နာနေအောင်ကိုင်ထားပြီးတော့သွေးကိုကုန်
အောင်သွင်းရမယ်တဲ့၊သမီးကအမေတို့မသိပဲနဲ့သွေး
မသွင်းနိုင်ဘူးလို့၊သွေးမှာရောဂါတွေပါလာရင်ဘယ်လို
လုပ်မလဲပြောတော့သွေးလှူပေးတဲ့လူဘက်ကနေနာ
နေတာလေ၊အဲဒါနဲ့မပြီးသေးဘူး…လေပြည်က
ထိုင်ရင်းနဲ့သွေးသွင်းနေလို့ဆိုပြီးတော့အိပ်ချခိုင်း
ပြန်တယ်၊မအိပ်ချဘူးလို့ပြောတော့လေပြည်ရဲ့ပခုံး
နှစ်ဖက်ကိုကိုင်ပြီးအတင်းအိပ်ချခိုင်းတာလေ၊ပြီး
တော့ပြောသေးတယ်၊ထထိုင်ရဲရင်ထထိုင်ကြည့်တဲ့၊ငါကမင်းအနားမှာထိုင်ပြီးတော့အပြစ်ပေးဖို့စောင့်နေမှာတဲ့၊အမေ…သမီးလေအဲဒီလူကိုအရမ်းကြောက်တယ်၊သမီးတို့အိမ်ပြန်ကြရအောင်နော်”

ဟုကြောက်တဲ့စိတ်နဲ့ပြောနေသောသမီးငယ်လေးကို
ဒေါ်သီရိကျော်ကဖက်ထားပေးလိုက်လေသည်။

      “ အမေကသမီးလေးရဲ့အနားမှာရှိနေပြီမို့လို့
မကြောက်နဲ့တော့နော်၊အခုသမီးလေးရဲ့အနားမှာ
အဖေရော၊ကိုကြီးနဲ့ကိုငယ်တို့ပါရှိနေတာပဲလေ၊အဲဒါ
ကြောင့်အမေ့သမီးလေးကဘယ်သူ့ကိုမှကြောက်စရာ
မလိုတော့ဘူး ”

အလှနတ်ဘုရားမလေး ကျွန်တော့်ချစ်သူHikayelerin yaşadığı yer. Şimdi keşfedin