part (22)

10.3K 804 20
                                    



တစ်နာရီ အကြာမှာတော့ yibo တစ်ယောက် အင်တာနက်က video အကူအညီနှင့် ဂင်ချီထမင်းကြော် ဆိုတာကြီးကို
ဖန်တီးနိုင်ခဲ့သည် လိုအပ်သည်များက ရေခဲ့ သေတ္တာထဲ တွင် အသင့်ရှိနေတော့ ပို အဆင်ပြေသွားသည်ပင် ။

"ဟူးးးထမင်းကြော်တော့ ရပြီ အရသာလဲ ကွက်တိ အဟက် အဟက် "

"အချစ်ကို သွားနှိုးရအုန်းမယ် ဗိုက်ဆာနေလောက်ပြီ "

......................

xiaozhan အခန်းထဲ ၌ လိုင်းသုံးနေရင်း ခြေသံကြားရသည်နှင့် အိပ်ချင်ယောင်ဆောင်နေလိုက်သည်..ဝင်လာသူ Yibo
သူရင်းနှီးဖူးသည့် ရေမွှေးနံ့က သင်းနေသည်...yibo သူ့အနား ရောက်လာလေ ရေမွှေး သင်းသင်းနံ့က ပို ရလာလေ ကြောင့် xiaozhan လပြည့်နေညက ပုံရိပ်တွေကို ပြန်မြင်ယောင်လာမိသည် မောပမ်းကာ သူ့အား နာကျင်စေရန် အင်တိုက်အားတိုက် လှုပ်ရှားနေသော မျက်နှာကို ပြန်မြင်ယောင်လာတော့ xiaozhan နှုတ်ခမ်းကို ဖိကိုက်မိသည်...

yibo ကုတင် ဘေးတွင် ထိုင်ချလိုက်ပြီး xiaozhan လက်လေးအား ကိုင်လိုက်သည် ။

"အချစ်ရယ်... ကိုယ်လေ မင်းကို စွဲလမ်းခဲ့တာ ကြာပါပြီ ကိုယ့်စိတ်ကို ကိုယ် မသိခဲ့တဲ့အတွက် ကိုယ် အချစ်ကို နာကျင်အောင်ပဲ လုပ်ခဲ့မိတယ် ကိုယ် သိလိုက်တဲ့ အချိန်မှာ အားလုံးနောက်ကျသွားပြီလား ကိုယ့်ကို ကြိုးစားခွင့်လေးတော့ ပေးပါကွာ ကိုယ်လေ အရင်က ကိစ္စတွေ ပြန်တွေးမိရင် မင်းကိုအရမ်းလဲ အားနာတယ် ပိုပြီးလဲချစ်ချစ်လာတယ် ကိုယ် မင်းဆီက ဘယ်လိုမှ မရုန်းထွက်နိုင်တော့ဘူး ။

မင်း ကိုယ့်ကို အနိုင်ယူလဲ ကိုယ်ချစ်နေမိအုန်းမှာပဲ ကျန်ရှိတဲ့ ဘဝအစိတ်အပိုင်းမှန်သမျှ ကိုယ် မင်းနဲ့ အတူ ဖြတ်သန်းချင်တယ် မင်း ကိုယ့်ကို ထွက်သွားဖို့ နောက်မပြောပါနဲ့တော့ ကိုယ်မင်းမရှိပဲ မနေတတ်တော့ဘူး ။

အချစ် စိတ်ချပါ ကိုယ် အချစ်ပေါ် အမြဲ သစ္စာရှိရှိနဲ့ အရှုံးပေးပြီ ဆက်ချစ်မှာ အဟင်းးး ကိုယ် တကယ် နောင်တရတယ်သိလား ဖြတ်သန်းခဲ့တဲ့ တစ်လျှောက်လုံး ကိုယ့် ph ထဲက မင်းပုံလေးတွေမှ အားမနာ ကွာ မင်းရဲ့ ရန်သူအဖြစ် အမြဲတည်ရှိနေခဲ့တဲ့ ကိုယ့်ကိုကိုယ် တကယ်မုန်းမိတယ်....

Roseate love between us 💜Where stories live. Discover now