part (18)

12.2K 915 72
                                    

မှန်ရှေ့ ၌ Xiaozhan သူ့ ဗိုက်လေးအား
ငုံ့ကြည့်ကာ ကျေနပ်စွာ ပြုံးနေသည် ..

"ဟီး ဟီး ငါးလတဲ့ သိပ်လဲ မသိသာပါလားနော် ကလေးလေး "

Xiaozhan ကိုယ့် အတွေးလေးနဲ့ ပျော်‌နေ
ချိန် အိမ်ရှေ့မှ အော်သံကြောင့် နှုတ်ခမ်းလေး ဆူထွက်လာသည် ။

"အကိုရေ .. ရေဗူးးလာပို့တာပါ ခင်ဗျ ! "

"အေ လာပီ လာပီ "

သိပ် မထွက်သေးတဲ့ ဗိုက်လေးကို အသာထိန်းကာ ကော့ပတ် ကော့ပတ်နဲ့ အိမ်ရှေ့ထွက်လာခဲ့သည် ...

"လာလာ ဝင်ခဲ့ "

"အ့! ‌ဖြေး‌ဖြေးလုပ်ပါကွ ငါ့လဲ တိုက်မိကုန်ပြီ "

Xiaozhan bသူ့ ဗိုက်လေးအား ဂရုတစိုက်ထိန်းကိုင်ကာ အနောက်သို့ ဆုတ်လိုက်သည် .

ရေပို့ သမားလေးအတွက် xiaozhan ရဲ့ ဒီလို ပုံစံ က မထူးဆန်း ဒီလို ခေတ်ကြီးထဲ မှာ ခုလို ကိုယ်ဝန်ဆာင်ထားနိုင်တဲ့ အမျိုးသားများကို တွေ့ရတာလဲ ရှိသလို သတင်းတွေထဲမှာ တွေ့တွေ့နေရ၍ သူ့အတွက် သာမာန်လိုသာ အမြဲ ရေလာလာ ပို့ပေးရ၍ xiaozhan နဲ့ပါ ခင်မင်နေကြသည် ။

"ဒါနဲ့ အကို့အမျိုးသားကော ပြန်မလာသေးဘူးလား"

"ဟင် အေး မလာသေးဘူးဟ ကယ့်ပါ ရော့ ကဒ်နဲ့ပဲ ရှင်းမယ် တစ်ခါထဲ တစ်လစာ ယူထားလိုက် "

"ဟုတ်ကဲ့ ကျေးဇူးပါဗျာ "

"သွားခွင့်ပြုပါအုန်း "

"‌အေး အေး "

Xiaozhan ကောင်လေးကို အိမ်ရှေ့ထိလိုင်ပို့ပေးပြီး တံခါးကိုအပိတ် ရုတ်တရက်ပေါ်လာသော မျက်နှာကြောင့် လန့်သွားရသည်

"ဟဲ့ !ပလုပ်တုတ် !!!Zi ZiYi , YuBin ဘယ် ဘယ်လိုဖြစ်လို့ "

Xiaozhan အံ့ဩနေရင်းမှ သူ့ဗိုက်လေးအား ကိုင်ထားသော ပိုက်ဆံအိတ်လေးဖြင့် ကွယ်ထားသည်။

"Zhan Zhan ရယ် ဘာလို့များ ဒီလိုကိစ္စကို တစ်ယောက်ထဲ ‌ဖြေရှင်းနေရတာလဲဟာ ငါ ငါက နင့် သူငယ်ချင်းလဲ ဟုတ်သလို နင့်ရဲ့ ညီမ တစ်ယောက် အမ တစ်ယောက်ဆိုလဲ မမှားဘူးလေ ငါ့ကို ပြောပြခဲ့သင့်တယ်ဟာ ငါ စိတ်မကောင်း "

ZiYi မျက်ရည်များကျကာ ပိုက်ဆံအိတ်လက်ကိုင်ကို ကျစ်နေအောင် ကိုင်ထားမိသည် အရင်လို xiaozhan ကိုလဲ မရိုက်ရက် ..

Roseate love between us 💜Where stories live. Discover now