Part(29)

7.6K 506 2
                                    

မနက်နေရောင်သဲ့သဲ့ ပြတင်းပေါက်ကဝင်လာတော့ yiboရဲ့ မျက်လုံးအိမ်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်...

တီတီ..တီ..တီ

မီးအိမ်ဘေးက ထမြည်သော PHသံကြောင့် Yibo ချက်ချင်းပြေးယူကာကိုင်လိုက်သည် မဟုတ်ရင် ညကပင်ပန်းထားတဲ့ သူ့အချစ် နိုးသွားလိုက်မယ်...

Phကိုကိုင်ကာ သူ့ခေါင်းအုံးပေါ်ရောက်နေသော Xiao zhanကိုအသာငဲ့ကြည့်ကာ phကိုပြန်ဖြေလိုက်သည်...

"Hello"

"Zhan zhanလား "

Yiboမျက်မှောင်ကျုံ့၍ ph screenကိုကြည့်လိုက်တော့နှစ်ယောက်မရှိဆိုသည့်contact nameကိုတွေ့လိုက်သည်...

ဒါသူ့ဖုန်းမဟုတ်အိပ်ချင်မူးတူးဖြင့်xiao zhanနိုးမည်စိုး၍သာထကိုင်လိုက်ချင်းဖြစ်သည်
Yiboစိတ်ထဲခုသွားသည် ချက်ချင်းဆိုသလိုလေသံကိုမာကာတစ်ဖက်လူကိုမေးလိုက်သည်
"မင်းဘယ်သူလဲ"
တစ်ဖက်မှရယ်သံသဲ့သဲ့ကိုကြားလိုက်ရသည်
"Aww..Wang Yiboလား ငါXiao zhanအဖေကွ"
တိန်!...yiboခေါင်းနပန်းကြီးသွားသည်....ဖုန်းကိုချပစ်လို့လည်းမရတော့

"ဟုတ် ဟုတ်ပါတယ် ကျွန်တော်Wang Yiboပါ နောက်မှသေချာလာနှုတ်ဆက်မလို့ပါပဲ ခုလိုကြီးတွေ့သွားတာဆိုတော့...အဟဲ...."

လေသံချက်ချင်းပြောင်းသွားသော တစ်ဖက်ကအသံကြောင့် ရှောင်ပါးပါး တစ်ချက်ပြုံးလိုက်သည်...

"အေးးးး ငါ့သားရော"

"အာ...xiao zhanလား အိပ် အိပ် ​နေတယ်ခဗျ သးနေမကောင်းဘူးထင်တယ်"

"ဘာ....ဒီလောက်မင်းတစ်ယောက်လုံးရှိနေတာကို နေကောင်းလား မကောင်းဆိုတာ မသိရအောင် မင်းဘာတွေလုပ်နေသလဲ"

"အဲ့...အဲ့လိုမဟုတ်ပါဘူးအန်ကယ် ကျွန်တော်အခုပဲကြည့်လိုက်ပါပြီ နည်းနည်းလေးဖျားနေတာပါ အဲ့ အဲ့အတွက်စိတ်မပူပါနဲ့ခင်ဗျ ကျွန်တော်အခုပဲဆေးတိုက်လိုက်ပါမယ်"

"မင်းသေချာ ဂရုစိုက်လိုက် သက်သာရင် မင်းငါ့ဆီလာခဲ့အုန်း မင်းတစ်ယောက်ထဲနော် ဟေ့ကောင် ငါ့သားမသိစေနဲ့ ကြားလား"

"ဟုတ် ဟုတ်"

yibo အပြင်မှာပါ ခါးတွေကိုင်းကာ အရိုသေးပေးနေမိသည်....

Roseate love between us 💜Where stories live. Discover now