လက်ထပ်ပွဲနေ့ ...
Yibo တို့နဲ့ Fan Xing တို့ တူတူရောက်လာကြသည်။ ZiYiတို့အတွဲကတော့ ခန်းမရှေ့၌ ဧည့်သည်များအား ကြိုနေကြသည်....
Zhuocheng , yiboတို့ကိုမြင်တော့ ဆက်ချင်းပဲ သူတို့ရှေ့ရောက်လာခဲ့တယ်...
"လာ လာ ဟျောင့်တွေ .."
"လာ ဟဲ့ ငါ နင်တို့အတွက် သီးသန့်ဝိုင်းလုပ်ပေးထားတယ် လာကြ တူတူထိုင်ကြပေါ့ဟာ.."
ဇာဂါဝန် အဖြူအုပ်အုပ်ကားကားကြီးကြီးနဲ့ လှချင်တိုင်းလှနေသည့် ZiYi ပါလေ ...
Zhuocheng သူ့လူတွေ တစ်ချင်ဝေ့ကြည့်လိုက်တော့ ပြောင်းလဲနေသော yiboရဲ့ ဆံပင်အရောင်...
အနက်ရောင် suit ကို အတွင့်၌ လည်ပင်းဖုံးဆွယ်တာ အနက်ပဲ ဝတ်ဆင်ထားပြီး အပြာရောင်ဆံပင်များနေရာမှာ ကော်ဖီရောင်လေးများနေရာယူလာပြီး အတော်လေးကို ကြည့်ကောင်းနေသည့် Yibo ရှင့်သန့်သန့်မျင်နှာချောချောက တစ်ခုခုကိုရှာနေဟန်....
"ဟျောင့် မင်းအမွေးက ဘယ်လိုဖြစ်ပြန်တာလဲ "
Zhuocheng , yibo ပခုံးကို လှမ်းပုတ်ရင်း မေးလိုက်သည်...
"ဒီလိုပဲ ဟိုအရောင်ကို ငြီးငွေ့သွားလို့ "
Yiboစကားကို ခတ်ပြက်ပြက်ပြောပြီး
မျက်လုံးက ဂနာမငြိမ်...Jili ,yibo ဘေး ကပ်လာလိုက်သည် ..
"အမ ZiYi ,ဟိုလေ.. Zhange ကောဟင် "
"အော် xiaozhan က လာနေပြီ သူ့ပါးအိမ်ခနဝင်နေလို့တဲ့ နည်းနည်းနောက်ကျနေတာ "
ထိုအခါမှ မျက်လုံးများ ဂနာငြိမ်သွားသည်...
"အော်...."
"ဟာ ဟိုဟာ Zhan Zhan လာနေပြီ..."
YuBin ထအော်တော့ အားလုံးအကြည့်က xiaozhan ဆီသို့...
အရင်လို မျက်မှန်မတတ်ထားတော့ ခံစားချက် သက်ဝင်နေတဲ့ မျက်လုံးညိုညိုလေးများက တစ်မျိုးစွဲဆောင်နေပြန်သည်...suit အနက်ပဲဝတ်ဆင်ထားတဲ့ xiaozhan က အတော်ကြည့်ကောင်းနေသည် အရင်လို ဆံပင် အိအိတွဲတွဲလေးများကို ကော်နိုင်နိုင်သုံးကာ ပုံသွင်းထားသည့် ....
အဝေးကနေ ယုန်သွားလေးတွေပေါ်အောင် ရီပြနေသေးသည်...
YOU ARE READING
Roseate love between us 💜
Fanficမစားကောင်းတဲ့ အသီးကို ဘယ်တော့မှမစားဘူးအိုခေ WangYiBo* မင်းစကားကိုမင်း မှတ်ထား တနေ့မင်းငါ့ရှေ့ ဝပ်ဆင်းလာစေရမယ် XiaoZhan* မစားကောင်းတဲ့ အသီးကို ဘယ်တော့မှမစားဘူးအိုခေ WangYiBo* မင်းစကားကိုမင်း မှတ်ထား တနေ့မင်းငါ့ရှေ့ ဝပ်ဆင်းလာစေရမယ် Xia...